အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခေတ်စားလာတဲ့ ဝဥ ခေါက်ဆွဲ နဲ့ ဝဥဆန်

ခေတ်စားလာတဲ့ ဝဥ ခေါက်ဆွဲ နဲ့ ဝဥဆန်

ဝဥကိုတော့ လူတိုင်းသိမှာပါ။ ဝဥပင်ကရတဲ့ အိတုန်တုန်နဲ့ သားသတ်လွတ်စားစရာဝဥခေါ် ဝတုန်ကို လှော်ပြီး ဝဥသုတ်၊ ဝဥတုတ်ထိုး၊ ဝဥဟင်း ချက်စားကြပါတယ်။ အခုဆိုရင်ချင်းပြည်နယ်မှာ ဝဥကိုတွင်ကျယ်စွာစိုက်ပျိုးကြတာဖြစ်ပါတယ်။ အဲ့လို ဝဥကိုစားစရာအမျိုးမျိုးလုပ်စားကြရာမှာ အခုနောက်ပိုင်းခေတ်စားလာတာကတော့ ဝဥခေါက်ဆွဲဖြစ်ပါတယ်။

ဝဥ ခေါက်ဆွဲကို ဝိတ်ချလိုသူတွေအများဆုံးစားကြတာတွေ့ရပါတယ်။ ဝဥခေါက်ဆွဲဆိုတာ ဝဥပင်ကရတဲ့ အမျှင်တွေရယ် (ဝဥပင်အမြစ်)၊ ထုံးရယ်၊ ရေရယ်ကို သင့်တော်တဲ့ပမာဏအတိုင်းရောစပ်ပြီးတော့ ခေါက်ဆွဲဖတ်အဖြစ်ထုတ်ထားတာပါ။

ဝဥဆန်ဆိုတာကလည်း ဝဥခေါက်ဆွဲဖတ်ကိုပဲ ဆန်စေ့ပုံစံသေးသေးလေးတွေဖြစ်အောင်လုပ်ထားတာပါ။ ဝဥဆန်ကို အဖြူရောင်စွတ်စွတ်ကနေ ဆင်စွယ်ရောင်အထိအမျိုးမျိုးတွေ့နိုင်ပါတယ်။

ဝဥဆန်မှာ ရေစိမ်ထားတဲ့ ဆန်ထုပ်နဲ့ အခြောက်ထုပ်ဆိုပြီးနှစ်မျိုးရှိပါတယ်။ ရေစိမ်ထုတ်ဖြစ်စေ အခြောက်ထုတ်ဖြစ်စေ ရေတစ်ခါပြန်ဆေးပြီး ရေနွေးပူပူထဲမှာ ၁၀ မိနစ်မှ ၁၅ မိနစ် ထည့်ပြုတ်ကာဆယ်ပြီး ထမင်းပူပူကဲ့သို့စားသုံးနိုင်ပါတယ်။ တချို့ရေစိမ်ထုတ်တွေမှာတော့ အချိန် ၅ မိနစ်လောက်သာပေးပြီးချက်လျှင်ရပါသည်။

ဝဥဆန်ရဲ့ကျန်းမာရေးအကျိုးတွေကိုပြောရမည်ဆိုလျှင်

(၁) ဝဥဆန်မှာ အမျှင် (fiber) အများကြီးပါလို့ နဲနဲစားရုံနဲ့ဗိုက်ပြည့်ပြီးအစာစားချင်စိတ်ကိုထိန်းတယ်။ အကျိုးဆက်က ဝိတ်ချလိုသူတွေနဲ့သင့်တော်တယ်။

(၂) သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ကို လျော့ချပေးလို့ ဆီးချိုသမားတွေ ထမင်းအစားထိုးစားနိုင်တယ်။

(၃) ကိုယ်တွင်းက ကိုလက်စထရောပမာဏကိုနည်းစေလို့ နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ကာကွယ်နိုင်တယ်။

(၄) အသားအရည် လှပစေတယ်။ လက်သည်းတွေတွက်ကောင်းတယ်။

(၅) ကိုယ်ခံအားကိုတိုးမြှင့်ပေးလို့ လူကြီးတွေစားဖို့သင့်တော်တယ်။

(၆) ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူလမ်းကြောင်းကင်ဆာနဲ့ အစာချေလမ်းကြောင်းကင်ဆာတွေကိုကာကွယ်ပေးတယ်။

ဒီလိုအကျိုးကျေးဇူးတွေရှိတဲ့ ဝဥဆန် သို့မဟုတ် ဝဥခေါက်ဆွဲအကြောင်းကိုသိရှိစေရန်ရေးသားလိုက်ရပါသည်။ အကယ်၍ ဝဥဆန်မဟုတ်ဘဲ ဝဥအစိမ်းတုံးကိုလည်းလှော်ကာ သုတ်စားခြင်း ချက်စားခြင်းဖြင့်အစာလည်းဆေး ဆေးလည်းအစာဖြစ်အောင် ပြုလုပ်သင့်ကြောင်းရည်ရွယ်၍ဖော်ပြလိုက်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

6
Nyo Nyo

Nyo Nyo

လွန်ခဲ့သော ၅ နှစ် က

ထားဝယ် မှာ ရှိရဲ့လား မသိဘူး

ဦးမျိုးလွင်

ဦးမျိုးလွင်

လွန်ခဲ့သော ၅ နှစ် က

ဝဥခေါက်ဆွဲစားဖြစ်ပါတယ်

U Soe Win

U Soe Win

လွန်ခဲ့သော ၅ နှစ် က

ဝဥစိုက်ပျိုးပုံအဆင့်ဆင့်ကိုသိချင်ပါ တယ်ခင်ဗျာ

ဟန်စိန်

ဟန်စိန်

လွန်ခဲ့သော ၅ နှစ် က

ဝဥခေါက်ဆွဲက တစ်ထုပ်ဘယ်ဈေးရှိလဲ အလေးချိန်ဘယ်လောက်ပါလဲ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

စိတ်ဝင်စားပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ ​သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်

ဦး​နေလင်းထက် • ဖြေကြားချက် 1 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်​သေဆုံးရသည့် အ​ကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ

Nay L H • ဖြေကြားချက် 1 ခု

GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ

Aye Chan Min • ဖြေကြားချက် 0 ခု

ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ

U Than Toe Aung • ဖြေကြားချက် 0 ခု

ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး

MgMinlwinsoe • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။