အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တရုတ်စံကား

တရုတ်စံကား

Green Way
Green Way Greenovator 23/01/2020

မြန်မာအမည် - တရုတ်စံကား

အင်္ဂလိပ်အမည် - Pagoda Tree

ပုံသဏ္ဍာန်

အပင်    အပင်ငယ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀ ထိမြင့်သည်။ အကိုင်းများတွင် နို့နှစ်ရောင်အစေးထွက်သည့် အခါက်ရှိသည်။ အကိုင်းများ အောက်ခြေမှစ၍ ဖြာထွက်သည်။ အခေါက်မွဲပြာရောင်ရှိ၍ ချောမွတ်သော်လည်း အပွေးရှိ၏။

အရွက်   အရွက်များ အကိုင်းထိပ်တွင် စု၍ ပတ်လည်ထွက်သည်။ အလျား ၁ ပေခန့်ထိ ရှည်သည်။ ရွက်ပြားချောသည်။ ရွက်ရင်းသိမ်၍ ရွက်ထိပ်ဖျားချွန်သည်။ ရွက်နားညီသည်။ ရွက်ညှာရှည်၍ အလယ်တွင်မြောင်းတိမ် သို့မဟုတ် အစင်းကြောင်းပါသည်။

အပွင့်    အချင်း၂လက်မခန့်ရှိသည်။ ပွင့်ဖတ် ၅ ခုပါရှိသည်။ အနံ့ မွှေးကြိုင်သည်။ အလယ်တွင် အဝါနုရောင်၊ အစိမ်းရောင်၊ ပန်းရောင် အမွှေးနုကလေးများရှိသည်။ အပြင်ဘက်တွင် ပန်းရောင်သမ်းနေတတ်သည်။ ကဆုန်လ၊ နယုန်လများတွင် ပွင့်သည်။

အသီး    ဉီးချိုသဏ္ဍာန်ရှိသော အသီးတောင့်ဖြစ်သည်။ နှစ်ခုတွဲသီးသည်။ အလျား ၈ လက်မခန့်ရှိသည်။ တွဲလောင်းကျနေသော အညှာတွင် အတွဲလိုက်သီးသည်။ အစေ့ကို တွေ့ရခဲပါသည်။ ဝါခေါင်၊ တော်သလင်းတွင် သီးသည်။

ပေါက်ရောက်သည့်ဒေသ။ ။ အလွန်အေးမြသော တောင်ပေါ်ဒေသမှအပ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း။ ။ အစေး၊ အပွင့်၊ အရွက်။

အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ တရုတ်စံကားသည် စပ်၊ ခါး၊ ဖန်သော အရသာရှိ၍ ပူသော သတ္တိရှိ၏။ ဆီး၊ ဝမ်းကို ရွှင်စေသည်။ သလိပ်၊ လေကို ကြေစေသည်။ နူနာ၊ အနာပေါက်၊ ဝမ်းဗိုက် ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။

အသုံးပြုပုံ

အစေး ၁။ တရုတ်စံကားပင်၏ အခေါက်နှင့် အကိုင်းမှ ထွက်သောနို့နှစ်ရောင်အစေးကို ဝမ်းနုတ်ဆေးအဖြစ် သုံးသည်။

         ၂။ တရုတ်စံကားပင်မှ ထွက်သော နို့နှစ်ရောင် အစေးသည် ဝမ်းဗိုက်ရောင်ရောဂါ၊ ဝမ်းဗိုက်ထိုးအောင့်ရောဂါကို ပျောက်ကင်းစေ၏။

အပွင့်၊ အရွက် ၁။ တရုတ်စံကားကို စားခြင်းဖြင့်လည်းကောင်း၊ အပွင့်ကိုပြုတ်တို့ခြင်းဖြင့်လည်းကောင်း၊ မန်ကျည်းရည်နှင့် ပြုတ်၍ သနပ်လက်သုပ် လုပ်စားခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ်လေကို ကြေစေသည်။

ကိုးကား- မြန်မာ့ဆေးဝါးပင်များ

You

ဆက်စပ်မေးခွန်းများ

ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်ကြိမ် ဝင်ထားပါတယ်ဆရာ လက်ထဲမှာ အစီတာ + လန်ဘဒါ / အဘာမက်တင် / အိမာမက်တင်ဘန်ဇို + လန်ဘဒန် / ဆိုင်ပါသရင် အဲ့ဆေးတွေရှိပါသေးတယ်ဆရာ

U Yan • ဖြေကြားချက် 0 ခု

"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ

Kyaw Aye • ဖြေကြားချက် 2 ခု

ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ

U Than Toe Aung • ဖြေကြားချက် 2 ခု

ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး

SiThu • ဖြေကြားချက် 2 ခု

ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ

pius • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။