ဆေးကုလားမနဲ့ ငှက်သိုက် တူသလား?

05/08/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆေးကုလားမ 

Sterculia versicolor Wall.

Family : Malvaceae ( Sterculiaceae )

Common Names: Paw-hpuk, Shaw-phyu (လျှော်ဖြူ )

အခုတလော လူပြောများနေတဲ့ အရာက ဆေးကုလားမ သောက်တဲ့ ကိစ္စ၊ အခုအချိန်မှာ ဘာဘဲစားစား သောက်သောက် ကိုဗစ် နဲ့ နွယ်လိုက်ကြတော့တယ်။ ဘာမှ မစဥ်းစားတော့ဘူး။ ငှက်သိုက်နဲ့ ဆေးကုလားမ က တခြားစီပါ။ ဇီဝဇိုးငှက်လေးရဲ့ အံဖတ်ကနေ ဖြစ်လာတဲ့ ငှက်သိုက်နဲ့ အပင်တပင်ကနေထွက်လာသော "သစ်စေး" ဆေးကုလာမ က ဘာမှမဆိုင်ပါဘူး။ ပါဝင်သော အဟာရတန်ဖိုးလည်း မတူကြဘူး။ ငှက်သိုက်က စျေးကြီးလို့ ဆေးကုလားမ သောက်ရင်ကော မရဘူးလား? အချို့လည်း ခါတော်မီ ရောင်းတောင်နေကြပြီ။ အားလုံးသိစေလိုတာက Covid 19 ရောဂါကို ကြက်ပေါင်း ငှက်သိုက်တွေနဲ့ ပျောက်အောင်မကုနိုင်ပါဘူး။ ဒါတွေစားလို့လည်း ကိုယ်ခံအားက ထွေထူး တက်မလာပါဘူး။ ပုံမှန်စားနေကြ အစားအစာကိုသာစားပါ။ သူတို့ကို ဖြေ့စွက်စာအနေနဲ့ သာ စားသုံးပါ။ Covid 19 ရောဂါ မဖြစ်စေဖို့ အပြင်ထွက်တိုင်း Masks (မက်)တပ်ပါ။ လက်ကို စနစ်တကျ ဆေးပါ။ မလိုအပ်ဘဲ လူစု လူဝေးရှောင်ပါ။ လက်မဆေးဘဲ မျက်စေ့ နှာခေါင်း ပါးစပ် မကိုင်မိပါစေနဲ့ ။ ဒါတွေကိုလိုက်နာရင် ရောဂါမကူးစက်နိုင်ပါဘူး။ 

ဆေးကုလားမ ဘယ်အပင်က ရတာလည်း ?

ဆေးကုလားမဆိုတာ လျှော်ဖြူပင်ရဲ့ အစေးကနေရတာပါ။ အရွယ်ရောက်နေသော လျှော်ဖြူပင်ရဲ့ ပင်စည်ကို ထွင်းလိုက်တဲ့ အခါ တွင်းငယ်လေးရလာတယ်၊ အဲဒီတွင်းလေးရဲ့ နံရံကနေ gum လို့ခေါ်တဲ့ ကော်စေးတွေ ထုတ်​ပေးတယ်။ ပျော့ပြောင်းတဲ့ အဖြူရောင် ကော်စေးတွေဟာ လေနဲ့ ထိရင် မာကြောလာတယ်။ အဲဒီလျှော်ဖြူ အစေးတွေကို "ဆေးကုလားမ" လို့ခေါ်ကြတယ်။ သူက အနံ့ အရသာ မရှိဘူး ၊ နေပြလိုက်ရင် မာကြောသော အဖြူရောင်အတုံးငယ်ဖြစ်လာတယ်။ အဲဒီ အတုံးငယ်လေးကို ရေစိမ် လိုက်ရင်  ရေပမာဏများစွာကို စုပ်ယူပြီး မူလ အရွယ်အစားထက် အများကြီး ကြီးလာတယ်။ ပုံစံက ကျောက်ကျော နဲ့တူတယ်။ 

ဘယ်နေရာတွေမှာသုံးတာလည်း ?

ဆေးကုလားမမှာ စေးပျစ်သော ဂုဏ်သတ္တိရှိတယ်။ ဒီအချက်ကြောင့် ဆေးဝါးများ ထုတ်လုပ်ရာမှာ ခဲစေနိုင်သော "Binder" အဖြစ်သုံးကြတယ်။ အလှကုန်ပစ္စည်များ (Cosmetics) ထုတ်လုပ်ရာမှာ သူ့ကို အသုံးပြုတယ်။ စက္ကူထုတ်လုပ်သော လုပ်ငန်းနဲ့  အထည်အလိပ် လုပ်ငန်းတွေမှာလည်း အသုံးပြုကြတယ်။ သွားဆရာဝန်များ အံကပ် (denture adhesive) ပြုလုပ်ရာမှာ ဆေးကုလားမ ကိုသာ အသုံးပြုကြတယ်။ အစားအသောက်နဲ့ အဖျော်ရမကာ လုပ်ငန်းတွေမှာ အနံ့အရသာကို ထိန်းပေးသော stabilizer အဖြစ် အများဆုံး အသုံးပြုကြတယ်။ အခုအခါမှာတော့ စက်မှုလုပ်ငန်းတွေမှာ ဆေးကုလားမ ကို တွင်တွင် ကျယ်ကျယ် သုံးလာကြတယ်။ 

ဆေးကုလားမ စားရင် ဘယ်လို အကျိုးတွေရမလည်း?

မြန်မာစကားပုံတခုမှာ “ဝမ်းတလုံး ကောင်းရင်ခေါင်းမခဲ” လို့ဆိုထားပါတယ်။ နေ့စဉ် ဝမ်းမှန်မှန် သွားရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဆေးကုလားမမှာ ဝမ်းပျော့ပျော့သွားစေသော သတ္တိ (Laxative property ) ရှိပါတယ်။ အထိုင်များသူ၊ နာတာရှည် ဝမ်းချုပ်တတ်တဲ့ သူများ (Constipation) အတွက် အလွန်သင့်လျော်ပါတယ်။ ဆေးကုလားမဖျော်ရည်ကို သောက်လိုက်ရင် ဆေးကုလားမတွေဟာ အူတွေရဲ့ နံရံကို ဖေါင်းလာစေတယ်။ အစာခြေလမ်းကြောင်းက အူတွေကို လှိုင်းသဖွယ်ထစေအောင် လှုံ့ဆော်မှုပြုပါတယ်။ ရှေ့နောက် လှုပ်ရှားမှုကြောင့် ဝမ်းသွားချင်စိတ်ဖြစ်လာပြီး အစာဟောင်းတွေ တွန်းထုတ်လာကာ အလွယ်တကူ စွန့်ပစ်နိုင်တယ်။ 

သတိထားရမည့်အချက်တွေ

ဘယ်အရာမဆို တန်ဆေး လွန်ဘေး ရှိပါတယ်။ ဆေးကုလားမကို ဖျော်တဲ့အခါ ထည့်ရမည့် ရေပမာဏက အရေးကြီးပါတယ်။ ရေနည်းလို့မရဘူး။ နောက်ပြီး ရေထဲမှာ ခပ်ကြာကြာလေးစိမ်ထားဖို့လိုပါတယ်။ ရေကိုစုပ်ယူပြီး အစွမ်းကုန် ပွလာသည်အထိ စောင့်ပါ။ ရေမဝသေးသော ဆေးကုလားမ ကို သောက်မိသူတွေမှာ အူထဲမှာဆေးကုလားမတွေ ပွလာပြီး အူလမ်းကြောင်းမှာ ပိတ်ဆို့မှုများ Block the intestine (bowel obstruction) ဖြစ်စေတတ်ပါတယ်။ ဒီအချက်ကြောင့် ဆေးကုလားမကို သင့်ရုံသာစားပါ။ 

အလွန်အကျွံ မစားသင့်ပါဘူး။ များစွာ စားမိရင် ဝမ်းပိုက်အောင့်တာ၊ ဗိုက်နာတာ၊ လေပွတာ၊ ဝမ်းလျှောတာ၊ ဓါတ်မတည့်တာတွေဖြစ်လာတတ်ပါတယ်။ အပင်အစေးတွေနဲ့ ဓါတ်မတည့်သူတွေလည်း မစားသင့်ပါဘူး၊ သူ့ကိုသောက်ရင် လျော်ညီသော ရေပမာဏများစွာ သောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ အသက်အရွယ်ကြီးသူများ သောက်သုံးရမည့် ပမာဏကလည်း အရေးကြီးပါတယ်။ ကောင်းတယ်ဆိုပြီး အများကြီး မပေးသင့်ပါဘူး၊ လူ့ရဲ့ အသက်၊ ကျန်းမာရေး နဲ့ ကိုယ်ခံအား တွေက အရေးပါ ပါတယ်။ ဆေးအတွက် လေးသွားနိုင်တယ်။ ကိုယ်ဝန်ဆောင်နေသူများ နှင့် နို့တိုက်မိခင်များ ဆေးကုလားမ ဖျော်ရည် မသောက်သင့်ပါဘူး။ 

လိင်စိတ်ကို နှိုးဆွစေသလား ?

ဒီ အချက်ကလည်း စိတ်ဝင်စားစရာပါ။ ဆေးကုလားမဟာ လိင်စိတ်ကို နှိုးဆွနိုင်သော သတ္တိ increase sexual desire (aphrodisiac) ရှိနေပါတယ်။ ပုံမှန်စားသုံးစေခြင်းဟာ အမျိုးသားများရဲ့ စွမ်းဆောင်ရည်ကိုတိုးစေရန် အထောက်အပံ့ ဖြစ်စေပါတယ်။ အခြားသော ကာမ အားတိုးဆေးတွေမှာ ဘေးထွက် Side effect တွေရှိနေပေမယ့် သူကတော့ ဘေးကင်းသော သဘာဝ ကာမအားတိုးဆေး ဖြစ်လို့နေပါတယ်။ (မယုံလို့တော့ မဟုတ် မုံရွာက ဆေးကုလားမ စိုက်ခင်းရှင်တယောက် ပြောပြလို့ သိလာရတာပါ။ လက်တွေ့သာစမ်းကြည့်လိုက်ပါ)၊ အမျိုးသမီးများအတွက်ကတော့ ဆေးကုလားမဟာ  ရင်သားဖွံ့ဖြိုးစေနိုင်တယ်လို့ ဆိုပါတယ်။ 

အရေပြားကို ထိန်းသိမ်းပေးနိုင်ခြင်း

ဆေးကုလားမ စားသုံးရင် အိုမင်းရင့်ရော်မှုကို အတန်သင့် ထိန်းထားနိုင်တယ်။ အသက်ကြီးရင့်လာလို့ ဖြစ်ပေါ်လာတတ်သော အရေပြားပေါ်က အရေးအကြောင်းတွေ မဖြစ်အောင် တားဆီးနိုင်တယ်။ အရေပြားကို များစွာအကျိုးရှိစေသော သဘာဝ ဆေးတခွက်ပါ။ 

အခြားဆေးဖက်ဝင်မှုတွေ

ဆေးကုလားမဟာ ချောင်းဆိုးတာ ဖျားနာတာကို သက်သာစေတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတယ်။ သွေးအတွင်းရှိ သကြားဓါတ်ကို ထိန်းပေးနိုင်တယ်။ ဆီးမထိန်းနိုင်သော အမျိုးသားများ စားသုံးသင့်တယ်။ နွေရာသီမှာ အပူဒါဏ်သက်သာအောင် ဆေးကုလားမ ဖျော်ရည်ကို သောက်သုံးသင့်ပါတယ်။ အခြားဆေးဖက်ဝင်တာတွေလည်း အများကြီးပါ။ 

ဆေးကုလားမအကြောင်းရေးရင်း ငယ်ဘဝကို ပြန်သတိရမိတယ်။ မတ္တရာ အမက မုန့်စားစျေးတန်းမှာ ရွှေရင်အေး မုန့်လက်ဆောင်း ဆိုင်လေးတဆိုင်ရှိတယ်။ သူက ဆေးကုလားမ ကို ရောင်စုံဆေးဆိုးပြီး ဗန်းပေါ်တင်ထားတယ်။ အနီ ပန်းရောင် အစိမ်း အဝါရောင် စုံလို့ပေါ့၊ ရွှေရင်အေးဖျော်ရင် ဒီအရာလေးတွေ ထည့်ဖျော်ပေးတယ်။ ကလေးကြိုက်ပေါ့၊ အဲဒီအရွယ်က ဆေးကုလားမမှန်း မသိခဲ့ပါဘူး၊ နောက် တက္ကသိုလ်တွေ ရောက်တော့ ဖာလူဒါ သောက်ကြတယ်။ တောသားမြို့ရောက် ဖာလူဒါသောက် စကားလည်းရှိတယ်။ ဖာလူဒါထဲမှာ ကျောက်ကျော၊ ရေခဲမှုန့် ၊ သာကူစေ့ နဲ့ အတူ ဆေးကုလားမ ပါလာတယ်။ 

အဖျော်ယမကာ စားသောက်ကုန်တွေနဲ့အတူ သူ့ကိုသိလာရတယ်။ သီးခြားဖြစ်သော စားသောက်ကုန် specific food product တွေမှာ သူ့ကို သုံးကြတယ်။ သူ့မှာ ထူးခြားသော အက်စစ်ထိန်းပေးနိုင်စွမ်း acid stability ပိုင်ဆိုင်တယ်။ ဒါ့ကြောင့် stabilizer အနေနဲ့ သုံးကြခြင်းဖြစ်တယ်။ အနံ့ အရသာ ထိန်းဖို့ဖြစ်တယ်။ 

ဆေးကုလားမကို ရေခဲသုပ်နဲ့ ကျောက်ကျော ဖျော်ရည်တွေမှာလည်း ထည့်ပါတယ်။ ကိုယ်တိုင်ဖျော်ရင်လည်း အလွန်လွယ်ပါတယ်။ ဖျော်ရည်ထဲကို မိမိ နှစ်သက်ရာ (သံပုရာ၊ အချို) ထည့်ကာ သောက်သုံးနိုင်ပါတယ်။ ဘေးအန္တရာယ်လည်း အလွန်နည်းပါတယ်။ ကိုယ်တိုင် မဖျော်ချင်သူ လူပျင်းများအတွက် အသင့်သောက်နိုင်သော ဖျော်ရည်ဗူးများ လုပ်ရောင်းလာတာကို စျေးကွက်မှာ တွေ့နိုင်ပါတယ်။ Covid နဲ့ မဆိုင်သော်လည်း ကျန်းမာရေး အတွက် သောက်သင့်သော သဘာဝ ဖျော်ရည် တခွက်ပါ။

Kothet Naing Oo 

Homalin


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်