ကြိတ်မှန်

09/04/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြိတ်မှန်သည် (Compositae) နေကြာမျိုးရင်းဖြစ်သည်။ တစ်နှစ်ခံပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ တစ်ပေခွဲခန့်အထိ မြင့်တက်သည်။ ထောင်မတ်၍ ပေါက်သည်။ ပင်စည်ရိုးတံ ခရမ်းရောင်ဖြစ်သည်။ ရိုးတံပေါ်တွင် သေးငယ်သော အမွှေးကြမ်းများရှိသည်။ နေရာအနှံ့အပြားတွင် ပေါက်တတ်သည်။ မိုးများသောဒေသများတွင် ပေါင်းကဲ့သို့ ပေါက်ရောက်သည်။ အလေ့ကျပေါက်ကြသည်။ အရွက်နှင့် ပဥ္စငါးပါးကို သုံးကြသည်။

အရွက်

ရွက်ဆိုင်ထွက်သည်။ ရှည်မျောမျောလှံစွပ်ပုံဖြစ်သည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်သည်။ ရွက်ညှာအလွန်တိုသည်။ အရွက်မျက်နှာပြင် နှစ်ဖက်လုံးတွင် အလွန်သေးငယ်သော အမွှေးကလေးများရှိသည်။ ရွက်နားပတ်လည် ခွေးသွားစိတ်ကလေးများရှိသည်။

အပွင့်

အပွင့်သည် ပန်းခိုင်ထိပ်တွင် သေးငယ်သောအပွင့်များစုပေါင်းနေသည်။ တစ်ပွင့်တည်းကဲ့သို့ ဖြစ်နေ၏။ ခေါင်းလောင်းပုံသဏ္ဍာန်ပန်းပွင့်ဖြစ်သည်။

အဖြူရောင် (သို့) အဝါရောင်ရှိသည်။ ပွင့်ခံရွက်ကြီး၏။ ထင်ရှား၏။ တပို့တွဲ၊ တပေါင်းလများတွင် ပွင့်ကြသည်။

အာနိသင်

ကြိတ်မှန်ရွက်သည် ပူ၏။ လေနာ သလိပ်ကို နိုင်၏။ သွေးကို ကြွတတ်စေသည်။ ဆံပင်နက်မှောင်သန်စွမ်းစေ၏။ လေသလိပ်၊ သည်းခြေနှင့် ယှဉ်ဖြစ်သော အနာတို့ကို နိုင်၏။ အားကိုဖြစ်စေ၏။ ဓာတ်တို့ကို ပြောင်းစေ၏။ အသက်ရှည်စေ၏။ မျက်စိရောင်တင်းခြင်းနှင့် အခြားအရောင်တင်းခြင်းကို ကောင်းစေ၏။ ဝမ်းချုပ်ရောဂါ၊ အဆစ်ရောင်ကိုက်ရောဂါ၊ အောင့်သောရောဂါ၊ ပိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၏။ သွေးဖောက်ပြန်သောရောဂါနှင့် ဖောရောင်ရောဂါတို့ကို ပျောက်ကင်းစေ၏။ ချောင်းဆိုး ပန်းနာ အဆုပ်နာတို့နှင့် သင့်၏။ ကျောက်တည်ရောဂါ၊ ဆီးအောင့်ရောဂါတို့ကို ပျောက်ကင်းစေ၏။ ဆင်ခြေထောက်ရောဂါနှင့် အဖုအကြိတ်ရောဂါများလိမ်းပေးရ၏။ အနာများ ထိခိုက်ဒဏ်ရာများတွင် လိမ်းပေးရ၏။ အနာအသားနု လျင်မြန်စွာ တတ်၏။ အရေပြားအရောင်သည် မူလပင်ကိုယ်အရောင်အတိုင်း ဖြစ်သွားသည်ဟု မြန်မာ့ဆေးကျမ်းများ၌ ဖွင့်ဆိုကြ၏။

အသုံးပြုပုံ

- မီးယပ်သွေးငုပ်လျှင် အရွက်နှင့် ထန်းလျက်ကို သုံးခွက်တစ်ခွက် တင်ပြုတ်ပြီး သောက်သော် သွေးပြန်ပေါ်စေ၏။

- ပဥ္စငါးပါးအရည်ကို အားတိုးဆေး၊ အသဲရောင်ရောဂါ၊ အရေပြားရောဂါ ကုဆေးအဖြစ် အသုံးပြုကြ၏။

- မွေးစကလေးများ နှာစေချောင်းဆိုးရောဂါ ဖြစ်ပါက ၎င်းအရည်နှစ်စက်ခန့်ကို ပျားရည်နှင့် ရောတိုက်ပေးရ၏။

- ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အဆစ်ရောင်ခြင်းများကို ကုဆေးအဖြစ် အရွက်ရည်ကို သုံးကြသည်။ အနာအုံဆေး ဖန်ဆေးအဖြစ်လည်း သုံးကြသည်။

- မျက်စိအမြင် အားနည်းခြင်း၊ ဆွံ့အနားပင်းခြင်း၊ သွားနဲ့ခြင်းများအတွက် အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးပေးရ၏။

- အနာရောဂါကင်းပြီး အသက်ရှည် ဆံပင်နက်ရန် ကြိတ်မှန်ရွက်နှင့် နှမ်းနက်ဆတူ အမှုန့်ကြိတ်ပြီး နွာနို့ဖြင့် အမြဲသောက်ပေးရ၏။

- ထိပ်ပြောင်မွှေးကျွတ်ရောဂါ၊ မီးယပ်ထိန်နာ၊ ကာလသားရောဂါနှင့် အကြိတ်နာများတွင် ကြိတ်မှန်ရွက်ကို သုံးကြ၏။

- မီးလောင်နာပေါ်တွင် ပင်စိမ်းရွက်ရည်နှင့် ရော၍ တစ်နေ့နှစ်ကြိမ်ခန့် လိမ်းပေးသော် ပူလောင်ခြင်း ပျောက်ကင်း၏။ အမာရွတ်များလည်း ပျောက်ကင်း၏။

- ကလေးနှာခေါင်းပိတ်လျှင် ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်နှင့် ရှိန်းခိုထည့်ကြိတ်ပြီး ငယ်ထိပ်မှ နှာခေါင်းအထိ ဆွဲပေးက ပျောက်ကင်းစေ၏။

- ကျောပူ၊ ခေါင်းပူဖြစ်ပါက ငယ်ထိပ်တွင် ပါးပါးလိမ်းပေးရ၏။

- ကလေး အညှော်မိခြင်း၊ သန်ထခြင်း၊ သန်ဝမ်းသွားခြင်းနှင့် ကျောက်၊ ဝက်သက်၊ ရေကျောက်ဖြစ်ပါက အထက်ပါကြိတ်ထားသော ဆေးကို မိခင်နို့ရည်နှင့် ဖျော်ပြီး တိုက်ပေးရသည်။

ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ

ရဲသိဒ္ဓ

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်