ဗေဒါပင်၏ ဆေးဖက်ဝင်ပုံ

06/08/2020 19:00 PM တွင် Sandakue Aung Sandakue Aung မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဗေဒါသည် မြန်မာနိုင်ငံ၏ မျိုးရင်းမဟုတ်ပေ။ တရုတ်အမျိုးသားတစ်ဦးက အလှစိုက်ရန်ယူလာပြီး ရောက်လာကာမှစ၍ ထိုအပင်ကို ပြည်ကြီးပင်ဟုခေါ်သည်ကို မှတ်သားဖူးပါသည်။ နေရာဒေသမရွေး လျင်မြန်စွာ ပွားများနိုင်သော အပင်ဖြစ်သည်။ ဗေဒါပင်တွင် သတ္ထုဓာတ်များအနေဖြင့် ကယ်လ်ဆီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ဆိုဒီယမ်ဓာတ်၊ သံဓာတ်၊ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ သွပ်ဓာတ် နှင့် ခရိုမီယမ်ဓာတ် စုစုပေါင်းဆယ်မျိုး ပါ၀င်သည်။ ဗေဒါပင်သည် အလွယ်ပွားလွယ်ပြီး အင်အားကောင်းလာကာ ယခုအချိန်တွင် လူတို့၏ အခက်အခဲပင် ဖြစ်လာပါတော့သည်။ ထို့ကြောင့်လူတို့အခက်အခဲဖြစ်သည်အထိ များပြားလာသော ဗေဒါပင်များကို အကျိုးရှိရှိ အသုံးချနိုင်ရန် ဗေဒါပင်၏ ဆေးဘက်၀င်ပုံကို ဆွေးနွေးတင်ပြချင်ပါသည်။ 

အဆိပ်အာနိသင် - ဗေဒါပြုတ်ရည်မှ ထုတ်ယူရရှိသော ရေကို ကြွက်ဖြူများနှင့် စမ်းသပ်ရာ လတ်တလော အဆိပ်အာနိသင်ကို မတွေ့ရှိပါ။

ဗေဒါပင်သည် ရောဂါသုံးမျိုးကို လက်တွေ့ပျောက်ကင်းနိုင်သောကြောင့် ဆေးဘက်၀င်အပင်အဖြစ် သတ်မှတ်ထားကြပါသည်။

အသုံးပြုပုံ

ဆီးကျောက်ရောဂါ - ဗေဒါပင်နုနုကို နုတ်ယူသန့်စင်ပြီး အဆီမပါသော၊ အဆီနည်းသော ၀က်သားနှင့်ချက်စားပါက ဆီးစပ်ကိုက်ခြင်း နှင့် ဆီးကျောက်တည်ခြင်းများကို ပျောက်ကင်းစေပါသည်။ (ဗေဒါအနုသုံးပင်ခန့်ကို ဖြတ်တောက်ပြီး ၀က်သား၂၅ ကျပ်သားဖြင့်ရောချက်ပါ။ အသားနပ်သည်အထိ ချက်ပြီး ကုန်အောင်စားပေးရုံနှင့် ကျောက်များကြေပြီးကျပါသည်။)

အစာအိမ်ရောဂါ - ဗေဒါပင်၏အပွင့်၊ ပင်စည်နှင့် အမြစ်များကို ‌ရေသန့်စင်အောင် ဆေးကြောပြီး ကြော်စား၊ ချက်စား၊ သုပ်စားပါက အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။

ဆီးချိုသွေးချိုရောဂါ - ဗေဒါပွင့်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်ခြင်း၊အပွင့်ကိုသုပ်စားခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ဗေဒါပွင့်လေးများကို အရည်ညှစ်ပြီး နေ့စဉ် လက်ဖက်ရည်ကြမ်းပန်းကန်တစ်လုံးလောက် ပုံမှန်သောက်ပေးခြင်းသည်လည်း ပျောက်ကင်းနိုင်ပါသည်။

မစန္ဒကူးအောင် 

https://m.facebook.com/story.php?story_fbid=2015848892010821&id=100007571890625

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်