အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမြစ်ပါမကျန် တစ်ပင်လုံး ဆေးဖက်ဝင်တဲ့ မိဿလင်

အမြစ်ပါမကျန် တစ်ပင်လုံး ဆေးဖက်ဝင်တဲ့ မိဿလင်

Green Way
Green Way 31/03/2023

၁။ မျိုးရင်း။ ။ Zingiberaceae

၂။ ရုက္ခဗေဒ အမည်။ ။ Zingiber consumunar Roxb

၃။ အခေါ်အဝေါ်

(က) မြန်မာအမည် - မိဿလင်

(ခ) အင်္ဂလိပ်အမည် - Wild Ginger

(ဂ) မွန်အမည် - Hta-Nah

၄။ ပုံသဏ္ဍာန်

  • အပင် - အမြဲစိမ်း နှစ်ကြာခံပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၄ ပေ မှ ၆ ပေထိရှိသည်။ ရွက်ယောင်ပင်စည်ဖြစ်သည်။ အနံ့အနည်းငယ်ရှိ၏
  • အရွက်  - ရွက်လွှဲထွက်၏။ ချင်းရွက်ကဲ့သို့ ရှည်မျောမျော လှံစွပ်ပုံရှိ၏။ ရွက်ညှာအိမ်သည် ပင်စည်ကို ကုပ်ပတ်ထား၏။ ရွက်ရင်းသွယ်၍ ရွက်ထိပ်ချွန်၏။ ရွက်လယ်ကြောထင်ရှားသည်။ ရွက်ပြားပါး၍ ပျော့ပျောင်း ချောမွေ့ပြီး ရွက်နားညီသည်။
  • အပွင် - ညိုဝါရောင်ရှိသည်။ ပွင့်တံနီ၏။ ပင်ခြေရင်းမှ ပွင့်ပြီး ချင်းပွင့်နှင့် တူသည်။
  • အသီး - သေးငယ်သည်။ လုံးဝိုင်းသော ပုံသဏ္ဌာန်ရှိသည်။
  • အမြစ် - ညိုဝါရောင်ရှိပြီး အသားထူသည်။ မြစ်မြွှာများ ဖြာထွက်၏။

၅။ ပေါက်ရောက်သည့်ဒေသ - မြန်မာနိုင်ငံ နေရာအနှံ့အပြား အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပေါက်ရောက်သည်။

၆။ ပေါက်ရောက်ပုံ - သဘာဝအလျောက်ပေါက်ရောက်သည်။

၇။ အသုံးပြုသည့် အစိတ်အပိုင်း - ပဉ္စငါးပါး။

၈။ အာနိသင် - မြန်မာဆေးကျမ်းများအလိုအရ မိဿလင်သည် စပ်သော အရသာရှိ၏။ သွေးကို ကြေစေ၏။ ဝမ်းကို ဖြောင့်စေ၏။ ဆီးများစေ၍ လေကိုသက်စေသည်။

၉။ အသုံးပြုပုံ

  • ပဉ္စငါးပါး
  • (၁) ချောင်းဆိုး၊ ပန်းနာ၊ သန်ချဆေး၊ အနာကြီးနှင့် အရေပြားရောဂါဆေးအဖြစ် ဖော်စပ်အသုံးပြု၏။
  • (၂) မိဿလင်ကို အရည်ညှစ်၍ ဆားအနည်းငယ်ထည့်သောက်သော် မီးယပ်ချုပ်ခြင်း ပျောက်၏။ 
  • (၃) မိဿလင်ကို အရည်ညှစ်၍ ငရုတ်ကောင်းမှုန့် ထည့်လိမ်းသော် တစ်ကိုယ်လုံး သို့မဟုတ် အင်္ဂါအစိတ်အပိုင်းများတွင် အအေးပတ်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ လေမလျှောက်၍ လေးလံထိုင်းမှိုင်းခြင်းတို့ကို ပျောက်ကင်းစေ၏။
  • (၄) မိဿလင်ကို ရေသင့်ရုံနှင့် ကျို၍သောက်သော် ပင်လယ်အူလျှောက်နာဖြစ်ခြင်း၊ ဝမ်းဗိုက်ထိုးအောင့်၍ ဝမ်းသောက်ခြင်းများ ပျောက်၏။
  • (၅) မိဿလင်ကို နံနံစေ့နှင့် ရေထည့်ကျိုပြီး တစ်ဝက်မျှအကျန်တွင် တစ်ခွက်စာကြွေဇွန်းကြီး ၂ ဇွန်းမျှ သောက်သော် ဝမ်းလျှောရောဂါ ပျောက်၏။
  • (၆) မိဿလင်အစိုကို ထုခြေ၍ အိုးသစ်တွင်ထည့်ကာ ပေါင်းတိုက်ရေယူပြီး နံနက်ည ကြွေဇွန်းကြီး ၂ ဇွန်းကျ မှန်မှန်သောက်က အတွင်းလိပ်ခေါင်း ပျောက်ကင်းစေနိုင်၏။
  • (၇) မြွေကိုက်သော် ၎င်းအရည်ကို မကြာခဏ တိုက်ပေး၍ ကိုက်သော ဒဏ်ရာကို လိမ်းပေးရ၏။
  • (၈) ထိခိုက်ဒဏ်ရာနှင့် အကိုက်အခဲ အကြောထုံးနာတို့အတွက် မိဿလင်ဥကို ကြိတ်၍ ကြပ်စည်းရ၏။
  • (၉) အသက်ကြီးသောသူများတွင် ဖြစ်ပေါ်တတ်သည့် ဒူးခေါင်းရောင်ခြင်း၊ အဆစ်အမျက်ရောင်ခြင်း၊ ခြေမျက်စိရောင်ခြင်းများအတွက် မိဿလင်မြစ်ဥကို ထုထောင်း၍ ကြပ်စည်းပေးလျှင် ပျောက်၏။

( မြန်မာ့ဆေးဝါးပင်များစာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 0 ခု

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ

မင်းမင်း • ဖြေကြားချက် 2 ခု

နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ

နံပတ်2 • ဖြေကြားချက် 1 ခု

ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။