မစိမ်းလှတဲ့ ကွမ်းရွက်ရဲ့အစွမ်းထက်ပုံများ

18/10/2021 12:40 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    မျက်ရိုးကိုက်၊ ဇက်ကြောတက် ရောဂါရှိသူ၊ ကွန်ပြူတာနှင့် နေ့စဉ်အလုပ်လုပ်ရသူတို့အနေနဲ့ ကွမ်းရွက်ကို ပြားစေ့အဝိုင်းခန့်ဆုတ်ပြီး နားထင်နှစ်ဖက်နှင် မျက်ခုံးနှစ်ခုကြားတွင် ကပ်ပေးခြင်းဖြင့် မျက်ရိုးကိုက်၊​ ဇက်ကြောတက်တာတွေကို သက်သာစေနိုင်ပါတယ်။ ကွမ်းရွက်ကပ်တဲ့အခါ ကြမ်းတဲ့ဘက်ကိုမကပ်ဘဲ ပြောင်ချောမျက်နှင်ပြင်ဘက်မှ ကပ်ပေးပါ။

    မျက်မှန်ဒီဂရီတက်သူနှင့် မျက်စိသူငယ်အိမ်စောင်းသူများလည်း ညအိမ်ရာဝင်ချိန်တွင် ကွမ်းရွက်ကို ပုံမှန်ကပ်ပေးခြင်းဖြင့် မျက်မှန်ဒီဂရီလျော့ကျစေပြီး သူငယ်အိမ်စောင်း၍ မျက်မှန်တပ်ရသူများမှာ တစ်လခန့်ကပ်ရုံဖြင့် မျက်မှန်လွတ်သွားသူများရှိသည်ဟုလည်း ဆိုကြပါတယ်။ အချို့ကတော့ ကွမ်းရွက်ကို ပြားစေ့ခန့်အဝိုင်းပြုလုပ်၍ ကပ်တတ်ကြပြီး အချို့ကတော့ ကွမ်းရွက်တစ်ခုလုံးကို မျက်စိအရွယ်အပေါက်ဖောက်၍ ကပ်သူများလည်း ရှိပါတယ်။

    ညအိပ်ရာဝင်ခါနီးတွင် ကွမ်းရွက်ကပ်မယ်ဆိုပါက ကပ်တဲ့ပုံစံနဲ့ နည်းစနစ်မှန်ကန်လျှင် နံနက်အိပ်ရာထတဲ့အထိ ကွာမကျပါဘူး။ ညောင်းကိုက်ပြီးဖျားတဲ့ တုပ်ကွေးလိုအဖျားမျိုးဆို ကွမ်းရွက်နှင့်ချင်းတက်၊ ထန်းလျက်ပြုတ်ရည်တွင် ဆားလှော် သို့မဟုတ် ကြပ်ခိုးအနည်းငယ်ထည့်၍ ခပ်ပူပူလေး မှုတ်သောက်ကာ စောင်ခြုံပြီး ချွေးအောင်းခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

    ရှေးခေတ်တွေတုန်းကဆို ကွမ်းရွက်ခြောက်ကို ရေနွေးဓာတ်ဘူးထဲထည့်သောက်ခြင်းဖြင့် ရင်ကြပ်၊ ပန်းနာ ဝေဒနာသည်များလည်း သက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။ ကလေးသူငယ်များအတွက် ကွမ်းရွက်အသုံးပြုပုံမှာ အပူကြီး၍ဖျားလျှင် ကွမ်းရွက်စိမ်းကို အရည်ညှစ်၍ ချိုင်းကြား၊ ပေါင်ခြံကြားတို့တွင် လိမ်းပေးပါ။ နှာစေး၊ နှာပိတ်လျှင် ကွမ်းရွက်အဝိုင်းငယ်ကို ကလေးငယ်ထိပ်တွင် ကပ်ပေးပါ။ ချွဲထ၊ ရင်ကြပ်လျှင် ကွမ်းရွက်ကို မီးကင်၍ ကလေးရင်အုံတွင်ကပ်ပေးပါ။ ဝမ်းချုပ်၊ ဆီးချုပ်ဖြစ်လျှင် ကွမ်းရိုးတွင် အုန်းဆီသုတ်ပြီး ကလေးစအိုပေါက်မှ ဝမ်းချူသကဲ့သို့ ထည့်ပြီးလှည့်ပေးလျှင် ဆီးရော ဝမ်းပါ သွားစေနိုင်ပါတယ်။

Source - My Food Myanmar


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်