နာနတ်စိုက်ပျိုးထုတ်လုပ်ရောင်းချမှုစဉ်ဆက်မပြတ်အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်(၂၆)ရက်နေ့၊ သီပေါမြို့နယ် မြမိုးဇံခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း နာနတ်သီးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရပါတယ်။
နာနတ်နဲ့ ပြောင်းကို စစိုက်သည်မှ စျေးကွက်ရောက်သည်အထိ တောင်သူများနဲ့ အစိုးရအချင်းချင်း ချိတ်ဆက်နိုင်စေရန် ဆွေးနွေးသွားမှာဖြစ်တယ်လို့ နာနတ်သီးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ကပြောပါတယ်။
“နာနတ်နဲ့ပြောင်းကို စစိုက်တော့မယ့်အချိန်ကနေ စျေးကွက်ထဲထိ ဘာတွေလုပ်လို့ရလဲ။ စျေးကွက်မှာ အသီးကိုခူးပြီးရောင်းမှာလား။ တန်ဖိုးမြှင့်ထုတ်ကုန် ဘယ်လိုလုပ်လို့ရသလဲဆွေးနွေးမယ်။ တောင်သူတွေကနေ နည်းပညာအကူအညီ၊ စျေးကွက်၊ တန်ဖိုးမြှင့်ထုတ်ကုန်ဘယ်လိုထုတ်လို့ရမလဲ ချိတ်ဆက်ဆွေးနွေးချင်တယ်”
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နာနတ်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများနဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ တက်ရောက်သွားမှာဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့နာနတ်သီးစိုက်ဧကပေါင်း (၃၀၀၀၀) ဝန်းကျင်ခန့်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးစိုက်ပျိုးထားကြောင်း နာနတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more