ဒေါ်လာပေါက်ဈေးအတက်အကျကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်

30/09/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ကုန်သည်ပွဲစားများ ဈေးကွက်ကစားခြင်းကြောင့် မဟုတ်ဘဲ၊ နိုင်ငံတကာဒေါ်လာပေါက်ဈေး အတက်အကျအပေါ်မူတည်၍ အစေ့ထုတ်ပြောင်းဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ပြောင်းဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

ပြောင်းဈေးက ကျဖို့မရှိသေးဘူးလို့ပဲပြောလို့ရပါမယ်။ အခုမှ ဈေးထိုးတက်နေတာမဟုတ်ပါဘူး။ တောက်လျှောက်တက်လာခဲ့တာမို့လို့ပါ။ ကျွန်တော်တို့ နောက်ဆုံးရောင်းချခဲ့တုန်းက တစ်ပိဿာကို ရန်ကုန်ဈေး ၇၀၀ ကျော်နဲ့ ရောင်းချခဲ့တယ်။ ဒါက အဲ့ဒီအချိန်တုန်းက အမြင့်ဆုံးဈေးဆိုပြီး ဈေးဖြတ်ရောင်းခဲ့တာပါ။ အခုလက်ရှိမှာ နယ်တွေမှာတင် ပြောင်းဆံတစ်ပိဿာကို ၇၀၀ ဖြစ်လာတယ်။ အစိုတောင်မှ တစ်ပိဿာကို ၅၀၀ ကျပ်ဝန်းကျင် ဖြစ်နေတယ်။ ဈေးတက်သွားတာ မဟုတ်ဘူး။ ပြောင်းက ပြည်ပပို့ကုန်ဖြစ်တာကြောင့် ဒေါ်လာဈေးတက်ရင် ပြောင်းဈေးတက်သလို ဖြစ်သွားတာပါ။ ပြီးခဲ့တဲ့ သုံးလလောက်က ဒေါ်လာပေါက်ဈေးနဲ့ အခုပေါက်ဈေးကို မတူတော့ဘူးဆိုတော့လေ။

ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ ဥက္ကဌ ဦးမင်းခိုင်က ပြောသည်။

    မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းသည် ပြည်ပပို့ကုန်တစ်ခုဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းအရ အစေ့ထုတ်ပြောင်း Export တင်ပို့မှု ၂.၂သန်း အထိ တင်ပို့နိုင်ခဲ့သည်။ သို့ဖြစ်၍ ပြောင်းဈေးနှုန်းအတက်အကျသည် လက်ရှိဒေါ်လာပေါက်ဈေးအပေါ်တွင် များစွာမူတည်နေကြောင်း သိရသည်။ 

ဥပမာပြောရရင် Non-GMO ပြောင်းတစ်တန်ကို အရှေ့တောင်အာရှပေါက်ဈေးက ဒေါ်လာ ၂၆၀ ဝန်းကျင်လောက် ရှိနေတယ်ဆိုပါစို့။ အခုလက်ရှိ ဒေါ်လာဈေးကို တစ်ဒေါ်လာကို မြန်မာငွေ ၂၀၀၀ ကျပ်နဲ့ပဲထား မြှောက်ကြည့်ရင် အစေ့ထုတ်ပြောင်းတစ်တန်ကို ၅ သိန်း ၂ သောင်းကျပ်၊ အစေ့ထုတ်ပြောင်း 1Kg ကို ၅၂၀ ကျပ်ဖြစ်သွားမယ်။ ဒီလိုဆို တစ်ဒေါ်လာကို မြန်မာငွေ ၂၀၀၀ ကျပ်ပေါက်ဈေးရှိရင်ကို အစေ့ထုတ်ပြောင်း တစ်ပိဿာကို ၈၄၀ ကျပ်လောက် ဖြစ်သွားမှာပါ။

ဟု ဦးမင်းခိုင်က ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်း (တိရစ္ဆာန်အစာအဖြစ် အသုံးပြုသည့် ပြောင်း) ကို စိုက်ပျိုးမြေဧက (၁၂) သိန်းခန့် နှစ်စဉ်စိုက်ပျိုးနေပြီး၊ စုစုပေါင်းထုတ်လုပ်မှုမှာ မက်ထရစ်တန် (၂၃)သိန်းမှ(၂၇)သိန်းဝန်းကျင် ရှိသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်