ဆိုင်မှာဝယ်စရာမလိုဘဲ ကိုယ်တိုင်လုပ်နိုင်တဲ့ ပေါင်းသတ်ဆေး

29/05/2019 13:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပေါင်းတွေက တော်တော်ဒုက္ခပေးတာ။ မိုးလေးတစ်ပြိုက်နှစ်ပြိုက် ရွာလိုက်တာနဲ့ နှုတ်ထားတာကနေ ပိုပွားနေသလိုပဲ။ တကတည်း...မစားရတဲ့ အပင်က တော်တော်လည်း သန်ပေတာကိုး။

ပေါင်းသတ်ဆေးဝယ်သုံးရင်လည်း အနံ့က မသက်သာဘူး။ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှာစိုးရတယ်။ အိမ်က အဘွားကြီးက ကြပ်တတ်တာနဲ့ အင်း......မဖြစ်ချေဘူး။

ပြဿနာကတော့ တက်နေပြီဆိုတဲ့ လူတွေအတွက်ပဲဖြစ်ဖြစ်။ တစ်နိုင်တစ်ပိုင်လေး စိုက်နေပျိုးနေကြတဲ့  သူတွေအတွက် ကိုယ့်ခြံလေး ပေါင်းလေးတွေ သက်သာပါစေရဲ့လို့ ဆိုရင်တော့ လိုက်ပြီးသုံးနိုင်ဖို့ နည်းလမ်း (၂) ခုကို ပြောပြပေးလိုက်ပါတယ်နော်။

ပထမတစ်ခုကတော့ ရှာလကာရည်နဲ့ ဆားပါ။

အိမ်မှာသုံးနေတဲ့ ရှာလကာရည်က ရေသန့်ဘူး တစ်ဘူးဆို ၂၀၀ ပဲရှိပါတယ်။ နောက် ဆားတစ်ထုပ် ကို (၂၀၀) ပဲထား၊ နောက်တော့ ပန်းကန်ဆေးတဲ့ဆပ်ပြာအဆီ နည်းနည်းလောက် ညှစ်ချဖို့ပဲလိုတော့တာ။ ကုန်ကျစရိတ်ကလည်း သိပ်မများပါဘူး။ ရောပုံလေးကို ပြောမယ်။

ရှာလကာရည်နဲ့ ဆားကို ဆတူ၊ ရှာလကာရည် တစ်ခွက်ဆို ဆားလည်းတစ်ခွက်ဆိုပြီး ရောတဲ့ အချိုးအဆလည်း ရှိသလို၊ ရှာလကာရည်တစ်ပုလင်းမှ ဆား (၅) ဇွန်းလောက်ထည့်တဲ့ ရောစပ်နည်းလည်း အလုပ်ဖြစ်ပါတယ်။ ရောစပ်ပြီးရင်တော့ အပင်မှာ ဆေးကုပ်တွယ်တာမြဲအောင် ပန်းကန်ဆေးဆပ်ပြာဆီလေး နည်းနည်းညှစ်ထည့်လိုက်ပြီး ပေါင်းမြက်တွေကို လိုက်ဖြန်းပေး လိုက်ရင် ရက်တော့ နည်းနည်းစောင့်ရမယ်။ တစ်ဖြည်းဖြည်းချင်း သေသွားမှာပါ။ သတိထားရမှာတစ်ခုကတော့ ရှာလကာရည်ကြောင့် အသားကို နည်းနည်းနီစေ ရဲစေတတ်တာပါ။ ပြီးတော့ ဆားများများသုံးတယ်ဆိုရင် အပင်ပေါက်ဖို့ သိပ်မလွယ်ပါဘူး။ ကိုယ်က ပေါင်းတွေကိုသတ်ပြီး အပင်စိုက်ဖို့ သုံးတယ်ဆိုရင်တော့  ဆားကို လျော့ထည့်သင့်ပါတယ်။ 

ဒုတိယနည်းကတော့ ဂျင်းနဲ့ လုပ်တဲ့နည်းပါ။ 

ဂျင်းရယ်၊ ရှာလကာရည်ရယ်၊ နောက်တော့ ဆပ်ပြာဆီနည်းနည်းရယ်။ သူကျတော့ အချိုးက ဂျင်း (၁၀) သားဆို၊ ဆားလည်း (၁၀) သားပဲ၊ ဆပ်ပြာထည့်ရတဲ့ အကြောင်းရင်းကတော့ ဆေးတွေကပ်တာမြဲအောင်လို့ ထည့်တာပဲ၊ ဆိုတော့ကာ များများထည့်ရင် များများပိုကပ်နိုင်မယ်ပေါ့။ သတိထားရမှာကတော့ ကိုယ်စိုက်ထားတဲ့အပင်တွေကို မထိမိစေဖို့ပါပဲ။ 

တတ်နိုင်သလောက် မြေကြီးကိုမထိစေပဲ အပင်တွေကိုပဲ ဖြန်းပေးပါ။ အိမ်သုံးအတွက် ရည်ရွယ်တာမို့ ဒီအချက်ကိုတော့ လိုက်နာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ အဲ့မြေကြီးမှာပါ ဘာအပင်မှ မပေါက်စေချင်တော့ဘူးလို့ ရည်ရွယ်ရင်တော့ ပုံးလိုက်လောင်းလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရတဲ့မြေလေးဖြစ်ဖို့ကတော့ တော်တော့်ကို ခက်ခဲတာပါ။

ကဲနောက်နည်းလမ်းလေး သွားကြစို့ရဲ့

ဆားချည်းပဲသုံးတာ။ ဆားကြမ်းပက်ထားပေးရင်လည်း အပင်တွေကို သေစေနိုင်ပါတယ်နော်။ 

ဒါပေမဲ့ အဲ့နည်းလမ်းအတိုင်းတော့ ဟုတ်ပါရဲ့။ ဆားတွေအများကြီး သုံးဖြစ်လိုက်တယ်ဆိုရင် ဆားပေါက်တဲ့မြေဖြစ်ပြီး စိုက်ပျိုးလို့ရတော့မှာ မဟုတ်ပါဘူး။

ကဲဗျာ မြေကို မထိခိုက်စေတဲ့ အကောင်းဆုံးနည်းကတော့ ရေနွေးလောင်းတာပဲဖြစ်ပါတယ်။ ပြုတ်လိုက်တာပေါ့။ အိမ်သုံးမို့လို့လည်း ရေနွေးလောင်းနိုင်တာပါ။ ဒါဆို စိုက်ခင်းတွေမှာ သုံးနေတဲ့ မိုးကာအုပ်ပစ်တာရောဆိုတော့??? ရတာပေါ့။ အဲ့လိုနည်းနဲ့လည်း ပေါင်းမြက်တွေကို သေစေနိုင်ပါတယ်နော်။

အိမ်တိုင်း အိမ်တိုင်း ပန်းပင်လေးတွေစီစီရီရီ စိုက်ခင်းလေးတွေကိုယ်စီနဲ့ လှနိုင်ကြပါစေ…………

ထွန်းဝင်းကျော်

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်