သင့်ရဲ့အကြွေးတွေက အခြေအနေဘယ်လောက်ဆိုးနေပြီလဲ

30/03/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

ဒီနေ့တော့တင်ပြမယ့်အကြောင်းအရာက သင့်ရဲ့အကြွေးတွေက အခြေအနေဘယ်လောက်ဆိုးနေပြီလဲဆိုတာ ခန့်မှန်းလိုက်ကြရအောင်ဆိုတာပါဘဲ။။

မြန်မာပြည်တွင်းမှာ လူဦးရေဘယ်လောက်ဟာ ကြွေးမြီ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထင်ကြပါသလဲ။ လွယ်လွယ်ရလို့လွယ်လွယ်ယူခဲ့တဲ့ ပြဿနာတွေရှိကြတယ်။ အမြန်ချေးလိုက်တယ် ပြန်ဆပ်ဖို့ မစဉ်းစား မတွက်ချက် မစီစဉ်ခဲ့ဘူး။ ငွေကြေးအကြံပေးဝန်ဆောင်မှုလုပ်ငန်းတွေက ပတ်လည်လျောက်ချေးပြီး ပြန်ဆပ်နေတာတွေ ပိုများလာပါတယ်လို့လည်း ပြောပါတယ်။

သင့်ရဲ့ ဘဝဟာ အမြဲတမ်း အလုပ်များနေပြီး မိသားစုနဲ့ အလုပ်ခွင်ကြား ဗျာများနေပြီဆို သင့်ရဲ့ ငွေရေးကြေးရေး အခြေအနေကို လေ့လာ ဆန်းစစ်ဖို့ အချိန်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ အဲ့တော့ ကိုယ့်ကိုကိုယ် နှစ်မြုပ်နေပြီလို့ ခံစားနေရပြီဆို ကိုယ့်မှာ အကြွေးတွေ ဘယ်လောက်ရှိနေလဲ ပြန်ကြည့်ပါ။ လုပ်သမျှရတဲ့ဝင်ငွေဟာ အကြွေးရှင်းဖို့ထဲဘဲ ပြန်ပြန်ပါသွားနေရင် ဆက်လက်ရုံးကန်ချင်စိတ်တဖြည်းဖြည်းကျလာပါလိမ့်မယ်။ ဘယ်အရာက ကိုယ့်ရဲ့ ပြဿနာက ဘာလဲဆိုတာ သေချာမသိရင်တော့ အောက်ပါအကြောင်းအရာတွေကို လေ့လာကြည့်ပါ။

အကြွေးတွေကို သတိထားဖို့လိုနေပြီလို့ ပြနေတဲ့ အရေးပေါ်လက္ခဏာ (၁၀) ချက်။

- စားစရာနဲ့ အိမ်သုံးစရိတ်တွေအတွက် အကြွေးဝယ်ကဒ်ကို မကြာခဏ ဆိုသလို အသုံးပြုခြင်း။
- ကြွေးမြီတွေတတ်လာမှာကို စိုးရိမ်နေရတယ်။ ဘာလို့ဆို လက်ရှိအကြွေးက မကျေသေးတဲ့ အတွက်ကြောင့် ဒီထက်ပိုပြီးဘဲ ကြွေးမြီတွေတိုးလာဖို့ရှိလို့ပါ။ 
- ကြွေးမြီပြန်ဆပ်ဖို့အတွက် ငွေအနည်းငယ်သာ လတိုင်းလိုလို ပြန်ဆပ်နိုင်တယ်။
- မိမိရဲ့ မိသားစုဝင် (သို့မဟုတ်) အတူနေ သူငယ်ချင်း ၊ မိတ်ဆွေများမှ မိမိ မှာ အကြွေးရှိကြောင်း မသိကြဘူး။ ဖွင့်ပြောပြီးမရင်ဆိုင်ရဲတော့ဘူး။
- အကြွေးလျှောက်လွှာ ပယ်ချခံရခြင်း။ ကရက်ဒစ်ဗျူရိုတွေက ပြန်မဆပ်သူတွေရဲ့အကြောင်းအရာတွေ စာရင်းလုပ်ပြီသားဆိုတော့ ထပ်ယူခွင့် ပတ်လည်ချေးခွင့်လည်း မရနိုင်တော့ဘူး။
- မမျှော်လင့်ထားတဲ့ အသုံးစရိတ်များမဖြေရှင်းနိုင်တော့ လတိုင်းလိုလို စာရင်းမဖျတ်တဲ့ ဘီလယ်တွေဖေါင်းပွနေခြင်း။
- ကိုယ်သတ်မှတ်ထားတဲ့ အသုံးစရိတ်ကို လတိုင်းကျော်လွန်သုံးစွဲခြင်း။
- ငှားရမ်းခ/အပေါင်ထားခြင်း (သို့မဟုတ်) အခွန် ကြွေးကျန်များရှိခြင်း။
- အကြွေးဝယ်ကတ်နဲ့ အကြွေးတွေဟာ လတိုင်းလိုလို မြင့်တတ်လာခြင်း။
- တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုတဲ့ အကြွေးများ (သို့မဟုတ်) အတိုးနှုန်းများပြားတဲ့ ကြွေးမြီများ များပြားနေခြင်း။

အောက်ပါ အချက်ထဲက ဘယ်နှစ်ခုက မိမိနဲ့ ကိုက်ညီနေပြီလဲ။ ကိုယ်က သိပ်မသေချာဘူးဆိုရင် တူတဲ့အချက် တချက်ကို တစ်မှတ် ပေးလိုက်ပါ။

၁။ အစားအသောက်၊ ဓာတ်ဆီ၊ ဘေလ် စတာတွေအတွက် နေ့တိုင်းလိုလိုအကြွေးဝယ်ကဒ်သုံးပြီး ရှင်းနေပြီလား။
၂။ အကြွေးထပ်ယူဖို့ကို ကြောက်နေပြီ။ ထပ်ယူရင်ပြန်ပေးရမယ့် ငွေကြေးပမာဏကိန်းဂဏန်းက ဒီထက်ပိုကြီးလာမှာမို့ပါ။
၃။ ကိုယ့်ရဲ့ အကြွေးဝယ်ကဒ်က လတိုင်းလိုလို အသေးသုံးစရိတ်တွေဘဲ ရှင်းဖို့တတ်နိုင်တော့တယ်။
၄။ သင့်ရဲ့ မိသားစု (သို့မဟုတ်) လက်တွဲဖော်က သင့်မှာ အကြွေးတွေ ဝိုင်းနေမှန်း မသိတဲ့အတွက်ကြောင့် ပွင့်ပွင့်လင်းလင်းမဖြေရှင်းနိုင်တော့ပဲ နေ့စဉ်စိတ်ထိခိုက်မှုများလာပါတယ်။
၅။ ချေးငွေထပ် လျှောက်တိုင်းပယ်ချခံရခြင်း။ ပတ်လည်ထပ်ချေးပြီး အဖြေဆက်မရှာနိုင်တော့ပါဘူး။
၆။ မထင်မှတ်ထားတဲ့ အသုံးစရိတ်တွေကလတိုင်းလိုလို ရှိနေခြင်းကြောင့် သတ်မှတ်ထားတဲ့ အသုံးစရိတ် အတွင်း မသုံးနိုင်ခြင်း။
၇။ သတ်မှတ်ထားတဲ့အသုံးစရိတ်ထက် လတိုင်းပိုမိုသုံးစွဲခြင်းကြောင့် နောင်တွင်သုံးဖို့မစုဖြစ်ခြင်း။
၈။ မိမိ တွင် ငှားရမ်းခ ၊ ပေါင်နှံထားသော ကြွေးကျန်များ (သို့မဟုတ်) အခွန်အခ များကျန်ရှိနေခြင်း။
၉။ ကိုယ်ပြန်ဆပ်နိုင်တာ ထက်ပိုပြီး ကိုယ်ရဲ့ တစ်လတစ်လ သုံးစွဲစရိတ်က ပိုများနေခြင်း (သို့မဟုတ်) ကြွေးမြီများကို ဆပ်ဖို့ နောက်ထပ် အကြွေးနဲ့ ဆပ်နေရခြင်း။
၁၀။ အတိုးနှုန်း များတဲ့ ပြန်မဆပ်ထားတဲ့ မရှင်းနိုင်တဲ့ ကြွေးမြီများ ရှိနေခြင်း။

သင့်ရဲ့စုစုပေါင်း အမှတ် ဘယ်လောက်လဲ။

သုညမှတ် (အခြေအနေကောင်းမွန်ပါတယ်)။ ။ ဒီအတိုင်းဆက်သွားနိုင်အောင်ရပ်တည်ပါ။

၁ မှတ် -၂ မှတ် (မဆိုးပါဘူး) ။ ။ အရမ်းကြီးတော့ ဟိုးအောက်မကျနိုင်ပါဘူး။ ဒါမဲ့ ကိုယ်ရဲ့ငွေကြေး ကဏ္ဍတိုးတတ် စေရန် လက်ရှိစိုးရိမ်ချိန် အမှတ်ကနေ ကွာဝေးအောင် လုပ်ဖို့ နည်းလမ်းရှာဖို့ လိုပါတယ်။ အကြွေးဘယ်လောက်ရှိတယ် အတိအကျ သိဖို့ကို မရှောင်လွဲပါနဲ့ အခြေအနေ ဆိုးသည်ဖြစ်စေ (သို့မဟုတ်) ကောင်းသည်ဖြစ်စေ ရင်ဆိုင်ပါ။

၃ မှတ်-၄ မှတ် (အန္တရယ်ဇုန်) ။ ။ဒီအခြေအနေကတော့ မကောင်းတော့ဘူး။ ကိုယ့်ရဲ့ သက်သာခွင့်တွေ လျော့နည်းလာမယ် ၊ အချိန်ပိုနည်းမယ်၊ များပြားလာတဲ့ ကား ဘေလ်ဖိုးတောင်းခံမှု စတာတွေဟာ ရင်ဆိုင်ဖြေရှင်းဖို့ ခက်ခဲလာနိုင်ပါတယ်။ သင့်နဲသင့်မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး ဒီအခြေအနေကို ဘယ်လိုထိန်းချူပ်မလဲ နည်းလမ်းရှာဖို့ လိုပါမယ်။ တကယ်လို့ နည်းလမ်းရှာမရဘူး မျှော်လင့်ချက်မဲ့နေပြီဆို ဒီထက်ပိုမဆိုးခင်မှာ နားလည်တဲ့ ငွေကြေး ပညာရှင်တွေဆီက အကြံဥာဏ်ယူသင့်ပါပြီ။

၅ မှတ် နှင့်အထက် ( အကျပ်အတည်း ဇုန်/အရေးပေါ် အခြေအနေ)။ ။ လက်ရှိသင့်ရဲ့ အခြေအနေက အကြွေးတစ်ခုကိုဆပ်ဖို့ တခြားဆီက အကြွေးယူရတဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ သင့်အနေနဲ့ ဘယ်သူဆီကမှ ထပ်ပြီး အကြွေးမယူသင့်တော့ပါဘူး။ အခုချက်ချင်း အဲ့လိုအပြုအမူတွေကို မရပ်တန့်ဘူးဆိုရင် သိပ်မကြာခင်မှာဘဲ သင့်အနေနဲ့ အကြွေးရှင်တွေဆီက အကြွေးတောင်းဖုန်းခေါ်ဆိုမှု တွေ တရားစွဲဆိုမှုတွေ နဲ့ စာ တွေရောက်လာနိုင်ပါတယ်။

မလိုအပ်တဲ့ နေရာတွေမှာ ငွေကြေးကို မကုန်ကျစေခြင်းအားဖြင့် အပိုငွေတွေကို စုဆောင်းထားနိုင်ကြပါစေ။

Mother Finance

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 


 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်