နွားမကလေးမွေးဖွားရခက်နေချိန် ကူညီလုပ်ဆောင်ပေးသူ လုပ်ဆောင်ရမည့်အချက်များ

28/10/2022 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နွားမများ မွေးဖွားရခက်ခဲနေချိန်တွင် နွားကလေးမွေးဖွားနိုင်ရန်အတွက် ကူညီလုပ်ဆောင်ပေးမည့်သူ၏ ကျွမ်းကျင်မှုသည် အလွန်အရေးကြီးပါသည်။

ထို့ကြောင့် ကူညီလုပ်ဆောင်ပေးမည့်သူသည်

  • နွားကလေးမွေးခါနီးတွင် အမ တန်ဆာသည် ကျယ်လာပြီး နွားမသည် အားစိုက်ညှစ်လာပါသည်။ အားစိုက်ညှစ်ချိန် မိနစ် ၃၀ အတွင်းတွင် နွားကလေးမွေးလာတတ်ပါသည်။ သို့သော် မိနစ် ၃၀ ကျော်သော်လည်း နွားကလေးမမွေးလျှင် စစ်ဆေးရန်လိုအပ်ပါသည်။ နွားမတမ်းများတွင် မိနစ် ၆၀ ခန့်ကြာပါသည်။
  • နွားမွေးရန် ကူညီလုပ်ကိုင်ပေးမည့်သူသည် နွားကလေး၏ အနေအထားကို စမ်းသပ်ရန်အတွက် လက်ကို သားအိမ်ထဲသို့ မထည့်မီဆပ်ပြာနှင့် သေချာဆေးကြောပြီး သန့်ရှင်းအောင်လုပ်ရန်လိုအပ်ပါသည်။
  • မွေးဖွားရခက်ခဲနေလျှင် ချောဆီအသုံးပြုပြီး နွားကလေးကို ဆွဲထုတ်နိုင်ပါသည်။ ချောဆီအသုံးပြုသောကြောင့် နွားမ၏ မျိုးပွားလမ်းကြောင်းစုတ်ပြဲခြင်းမှလည်းကာကွယ်နိုင်ပါသည်။
  • နွားမသည် ရပ်နေမည်ဆိုလျှင် နွားကလေးကို အောက်ဘက်ခေါင်းစိုက်ကျသည့် ပုံစံဖြင့်ဆွဲထုတ်ရန် လိုအပ်ပါသည်။ နွားမလဲလျောင်းနေမည်ဆိုလျှင် ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေသည့် လမ်းကြောင်းအတိုင်းဆွဲထုတ်ရန် လိုအပ်ပါသည်။

ဒေါက်တာမင်းအောင် ရေးသားသော နို့စားနွားမွေးမြူရေး စီမံခန့်ခွဲမှုများ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဆွေးနွေးချက်များ

ဆွေးနွေးရန်