အစိမ်းရောင်လမ်း
စီးပွားရေးလုပ်ငန်းတွေမှာ စိုက်ပျိုးရေးစနစ်တစ်ခုကို ဘယ်လိုခွဲခြားသတ်မှတ်နိုင်သလဲ?

စီးပွားရေးလုပ်ငန်းတွေမှာ စိုက်ပျိုးရေးစနစ်တစ်ခုကို ဘယ်လိုခွဲခြားသတ်မှတ်နိုင်သလဲ?

Htunn Winn Kyaw
Htunn Winn Kyaw Greenovator 20/01/2020

လယ်ယာအမျိုးအစားနဲ့ လယ်ယာစနစ် ဆိုတဲ့ စကားစု (၂)စုမှာ ကွာခြားတာလေးတွေရှိပါတယ်။ အမျိုးအစားလို့ဆိုလိုက်ရင် တစ်ခုတည်းကိုလုပ်တာလား ရေမြေဒေသအလိုက် ဘယ်လိုစိုက်ပျိုးနေတယ် ဆိုတာကိုသတ်မှတ်ပြီးတော့ စနစ် လို့ ဆိုလိုက်ရင်တော့ စုပေါင်းစိုက်တာမျိုးလား၊ တစ်ယောက်တည်း စီးပွားဖြစ် စိုက်တာမျိုးလား ဆိုတဲ့ စနစ်အတိုင်းကို သတ်မှတ်ပြီး ခွဲခြားတာဖြစ်ပါတယ်။ 

စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးစနစ်

(၁) သမဝါယမ စနစ်

သူကတော့ စုပေါင်းလုပ်တဲ့သမဝါယမ မှာ "ကျွန်တော် ပါချင်ပါတယ်။ ကျွန်မရဲ့ လုပ်ငန်းလည်း ပါမယ်" ဆိုပြီး ကိုယ်ပိုင်ဆန္ဒနဲ့ ပါဝင်ပြီး တူတူလုပ်ဆောင်ကြတဲ့ သမဝါယမ လုပ်ငန်းကိုပြောတာဖြစ်ပါတယ်။ ကိုယ်ပိုင်လယ်ယာပါချင်ပါမယ်၊ အလုပ်သမားခနဲ့ လုပ်ငန်းလုပ်ဆောင်ဖို့ ကုန်ကျစရိတ်တွေကို အပြည့်အဝ ပေးနိုင်ချင်မှလည်း ပေးနိုင်မဲ့ သူတွေလည်း ပါချင်ပါမယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က ပါဝင်ချင်လို့ ပါဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ အထက်က လုပ်ဆောင်ဖို့အတွက် ပေးတဲ့ ညွှန်ကြားချက်တွေကို သေသေချာချာ လိုက်နာလုပ်ဆောင်ကြပါတယ်။ အမြတ်တွေရလာတယ်ဆိုရင် ပါထားတဲ့ မြေပိုင်ရှင်တွေကိုလည်း မြေအတွက် အချိုးကျပေးသလို၊ ပါဝင်ကြတဲ့ အဖွဲ့ဝင်တွေကိုလည်း အချိုးကျ ခံစားခွင့်ပေးပါတယ်။ အဲ့အပြင်ကိုမှ အဖွဲက ပေးတဲ့ တစ်ခြားခံစားခွင့်တွေဖြစ်တဲ့ သမဝါယမ ဝယ်ယူနိုင်ခြင်းတွေ၊ တူတူလုပ်ဆောင်နိုင်ခြင်းတွေနဲ့ စုပေါင်းရောင်းချနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရနိုင်ကြပါတယ်။ 

သမဝါယမ စနစ်မှာဆိုရင် (၂)မျိုး ခွဲခြားထားပါတယ်။ ချိတ်ဆက် သမဝါယမ နဲ့ ဖွဲ့စည်းသမဝါယမ ဆိုတာ ဖြစ်ပါတယ်။ 

(က) ချိတ်ဆက် သမဝါယမ 

ဒီလို ချိတ်ဆက်လုပ်ကြတဲ့ သမဝါယမလုပ်ငန်းတွေမှာ ပိုင်ဆိုင်မှု က ကိုယ့်မြေဆို ကိုယ်ပဲ ပိုင်ပြီးတော့မှ အဲ့မြေကိုပဲ စုပေါင်းစိုက်ကြတာဖြစ်ပါတယ်။ အကျိုးအမြတ်ကိုလည်း ခွဲဝေကြပါတယ်၊

(ခ) ဖွဲ့စည်း သမဝါယမ 

ဒီလို သမဝါယမ မှာဆိုရင်တော့ ပါဝင်ချင်တဲ့သူတွေက ကိုယ်ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုကို အသင်းထဲမှာ မြုပ်နှံရပါတယ်။ အဲ့လိုမြုပ်နှံပြီးတော့ အဖွဲ့ဝင်တွေနဲ့ သမဝါယမ အသင်းဖြစ်ပြီဆိုရင်တော့ အသင်းထဲကနေမှ ရွေးချယ်ပြီး အုပ်ချုပ်မှု ကော်မတီပြန်ဖွဲ့စည်းပါတယ်။ အုပ်ချုပ်မှု ကော်မတီကမှ တိုက်ရိုက် အလုပ်တွေခွဲဝေပေးတယ်၊ ဝင်ငွေတွေ ခွဲဝေပေးတယ်၊ ဈေးကွက်ချဲ့ထွင်ရေးတွေ လုပ်ဆောင်တယ်၊ စတဲ့ အသင်းရဲ့ လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ပေးပါတယ်။ 

အဲ့လိုမျိုး သမဝါယမ စနစ်နဲ့ လည်ပတ်ကြတာမျိုးတွေပါ။

(၂) တစ်နိုင်တစ်ပိုင် စနစ်

မြေပိုင်ဆိုင်မှုနဲ့ ဆိုင်ပြီးတော့ လယ်လုပ်ချင်ရင် လယ်သမားလေးတွေလုပ်ပြီးတော့ စိုက်ပျိုးနေကြတာမျိုးကိုဆိုလိုပါတယ်။ အစိုးရက မြေငှားချထားပေးလိုက်တဲ့ လုပ်ကွက်ငယ်တောင်သူတွေလည်း ဒီစနစ်ထဲမှာ ပါဝင်နိုင်ပါတယ်။ 

(၃) ပြည်နယ်စိုက်ပျိုးရေး

 ဒီလိုစနစ်ကတော့ စိုက်ပျိုးရေးလုပ်ငန်းကို အစိုးရက လမ်းညွှန်ချက်ပေးတာဖြစ်ပါတယ်။ အစိုးရက ဖော်ဆောင်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် နေ့စား၊ လစား လို သဘောမျိုး  အလုပ်သမားတွေ ရှိပါတယ်။

(၄) လုပ်ငန်းကြီး

သူကကျတော့ အကြီးစားတွေ တစ်ခါတည်း လုပ်ကိုင်တဲ့ ငွေရှင်ကြေးရှင်တို့ရဲ့ စနစ်ပါ၊ ကြံစိုက်ခင်း အကြီးကြီးစိုက်မယ်၊ သကြားစက်ရုံပါ တစ်ခါတည်း အပြီးထောင်ထားတာမျိုး လို လုပ်ငန်းကြီးနဲ့ လုပ်ဆောင်နေတဲ့ စနစ်ပါ။ သူတို့ကျတော့ မန်နေဂျာက လစာနဲ့ပေးပြီး ကျန်တာကိုနေ့စား လပေးလိုမျိုး ထားရှိကြပါတယ်။ 

ကဲ ဘယ်လိုစနစ်မျိုးကိုလုပ်ဆောင်မလဲ လုပ်ဆောင်နိုင်မလဲဆိုတဲ့အချက်ကို တီးမိ ခေါက်မိပြီထင်ပါတယ်၊ ကျေးဇူးတင်ပါတယ်နော်။

Reference

‘Production Economics and Farm Management’, Virender Kumar Professor (Agricultural Economics) Department of Agricultural Economics, Extension Education & Rural Sociology, COA, CSKHPAU, Palampur-176 062 (HP), India

ထွန်းဝင်းကျော်

 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာရေ ဘာစမာတီ ဈေးကွက်လေးသိချင်လို့ပါ စိုက်တော့ထားတယ် ဝယ်လက်မရှိဘူးဖြစ်နေတယ် တင်းတစ်ရာ ဈေးလေးသိချင်ပါတယ်

Wai Lian Soe • ဖြေကြားချက် 1 ခု

ဆရာကြီးရေး ပိုတက်ကို စပါးဖုံးတဲ့အချိန် သုတစ်မျိုးထဲကျွေးကတာလာ Nတို pတို ကဘာကြောင့်မကျွေးကြတာလဲ ကျွန်တော့စပါးက အပင်အဖျားလေးတွေနည်နည်းဝါနေပြီး စပါးအမြင့်က အလောတော်ပါ ဘာကျွေးရမလဲ အကြံလေးပေးပါအုံး စပါးကဆင်းသုခ ရက်80ပြည့်တော့မယ်

KO Thiha lin • ဖြေကြားချက် 3 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

8-လပိုင်း 2026 စပါးအစို/အခြောက်ဈေးလေးသိပါရစေခဗျ။🙏

Nay Min Htet • ဖြေကြားချက် 2 ခု

စိုက်ပျိုးရေးသင်တန်းတွေ ဘယ်တော့ဖွင့်မလဲရှင် .. ဖွင့်ရင် ဘယ်မှာ Register လုပ်ရမလဲ

Nang Hsen Oan Nom Han • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....