စပါးပင်ဖြတ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

13/03/2020 17:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

    လောက်ကောင်ငယ်တွေဟာ စပါးပင်ရဲ့ နူးညံ့တဲ့အရွက်တွေကို စားပါတယ်။ အပြည့်အဝ ကြီးထွားနေတဲ့ လောက်ကောင်ဟာ စပါးပင်တစ်ပင်လုံးကို စားနိုင်ပါတယ်။

    မုတ်သုန်မိုးဟာ ဒီဖျက်ပိုးဖွံ့ဖြိုးမှုကို အခြေအနေပေးပါတယ်။ အဲဒီလိုပဲ တစ်ဆင့်ခံလက်ခံပင် ရှိတာဟာလည်း ဒီဖျက်ပိုးပေါများမှုကို ဖြစ်စေပါတယ်။

    ကာလကြာရှည်ခြောက်သွေ့ပြီး မိုးသည်းထန်စွာရွာသွန်းပြီးနောက်မှာ ဒီဖျက်ပိုး ရုတ်တရက် အဆမတန် ကျရောက်မှုကို မကြာခဏဆိုသလို တွေ့ရပါတယ်။ စပါးပင်ပိုင်းကြီးထွားမှုအဆင့် အတောအတွင်းမှာ စပါးစိုက်ပတ်ဝန်းကျင်အားလုံးမှာ ဒီဖျက်ပိုးကို တွေ့ရပါတယ်။

    အရွယ်ရောက်ဖလံမဟာ ညထွက်ကောင်ဖြစ်ပြီး အလင်းရောင်ထောင်ချောက်က ၄င်းကို အများကြီး ဆွဲဆောင်နိုင်ပါတယ်။ နေ့ဖက်တွေမှာ ၄င်းတို့ဟာ စပါးပင်တွေနဲ့ မြက်မျိုးရင်းပင်တွေရဲ့ အခြေတွေမှာ ပုန်းအောင်းနေကြပါတယ်။

    ဥတွေဟာ မနက်ခင်းအစောပိုင်းနာရီတွေမှာ အများအားဖြင့် အကောင်ပေါက်လေ့ရှိကြပါတယ်။ ပေါက်ကာစ လောက်ကောင်တွေဟာ စပါးရွက်ထိပ်ဖျား ဒါမှမဟုတ် စပါးရွက်အခြေမှ ထိပ်ပိုင်းဧရိယာအထိ စားသောက်ကြပါတယ်။ နေ့ဖက်မှာ လောက်ကောင်တွေကို စိုက်ခင်းခြောက်တွေရဲ့ မြေကြီးထဲက သစ်ရွက်အမှိုက်သရိုက်အောက်တွေမှာ တွေ့ရပါတယ်။ စိုစွတ်တဲ့ပတ်ဝန်းကျင်တွေမှာ လောက်ကောင်တွေဟာ ရေမျက်နှာပြင်အထက်က စပါးပင်တွေပေါ်မှာ နေလေ့ရှိကြပါတယ်။ 

အမျိုးအစားခွဲခြားခြင်း 

ဒီဖျက်ပိုးဖျက်ဆီးမှုကို စစ်ဆေးရန် အောက်ပါတို့ကိုစစ်ဆေးပါ။ 

    • ပျိုးပင်ခြေတွေမှာ ဖြတ်တောက်ထားခြင်း 

    • စပါးရွက်မျက်နှာပြင် ရွက်ရိုးချည်းသာ ကျန်တော့ခြင်း 

    • စပါးပင်တစ်ပင်လုံးကို စားထားခြင်း

    ဒီဖျက်ပိုးကြောင့်ဖြစ်တဲ့ စပါးရွက်ကြွေခြင်း ဒါမှမဟုတ် စားသောက်မှုကြောင့်ဖြစ်တဲ့ ဒဏ်ရာဟာ အခြားရွက်စားပိုးတွေကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေနဲ့ ရောထွေးနိုင်ပါတယ်။ ပျက်စီးမှုကို အတည်ပြုရန် ဥတွေနဲ့ စားသောက်နေတဲ့ လောက်ကောင်တွေ ရှိမရှိ စပါးပင်ကို စစ်ဆေးပါ။ ဖြတ်ထားတဲ့ စပါးပျိုးပင်တွေနဲ့ စားသောက်ခံထားရတဲ့ စပါးရွက်တွေရှိမရှိ မျက်မြင်စစ်ဆေးပါ။

စီးပွားရေးအရ အရေးပါပုံ 

    အထူးသဖြင့် တောင်ယာစပါးတွေမှာ ဒီဖျက်ပိုးဖျက်ဆီးတာဟာ ပျိုးခင်းအဆင့်မှာ ဆိုးဝါးနိုင်ပါတယ်။  

ကာကွယ်နှိမ်နင်းခြင်း 

    စပါးခင်းကို ရေလွှမ်းတာဟာ ဒီဖျက်ပိုးအရေအတွက်ကို လျော့နည်းစေနိုင်ပါတယ်။

    ဒီဖျက်ပိုးရဲ့ ဇီဝထိန်းချုပ်ပိုးတွေ အများကြီးရှိပါတယ်။ ဥပမာအနေနဲ့ စကယ်လီယိုနစ်ဒ် နဲ့ ဘရာကိုနစ် နဂျီတွေဟာ ဥကပ်ပါးပိုးတွေဖြစ်ပြီး နှံကောင်တွေဟာ ဒီဖျက်ပိုးရဲ့ သားရဲကောင် တွေဖြစ်ကြပါတယ်။ မှိုနဲ့ ပိုလီဟက်ဒရိုးစစ်ဗိုင်းရပ်စ်တွေဟာ ဒီအင်းဆက်ကို တိုက်ခိုက်တဲ့ ဖျက်ပိုးတွေ ဖြစ်ကြပါတယ်။ 

    လောက်ကောင်အရေအတွက် အလွန့်အလွန်များနေရင် ဆေးဂန္ဓမာလို ပိုးသတ်ဆေး လိုအပ်နိုင်ပါတယ်။ ဆေးဂန္ဓမာတွေဟာ ဒုတိယအရေးကြီးဖျက်ပိုးကို အဓိကဖျက်ပိုး ဖြစ်စေနိုင်တာကြောင့် ဒီဖျက်ပိုး အရေအတွက်များနေတဲ့အချိန်မှသာ ၄င်းတို့ကျရောက်တဲ့နေရာကို အကွက်လိုက်ဖျန်းပါ။ 

    အောက်ပါပိုးသတ်ဆေးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

    • ကလိုပိုင်ရီဖော့စ်  (Chlorpyrifos)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်