စပါးဖြုတ်ညိုပိုးနဲ့ ဖြုတ်ကြောဖြူ တွေကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

10/03/2020 17:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စပါးကို ဖျက်ဆီးတဲ့ စပါးဖြုတ်ပိုးမျိုးစိတ် (၂) မျိုးရှိပါတယ်။ ၄င်းတို့ကတော့ စပါးဖြုတ်ညိုပိုးနဲ့ ဖြုတ်ကြောဖြူတို့ ဖြစ်ကြပါတယ်။ 

ဖြုတ်ပိုးအရေအတွက်မြင့်မားတာဟာ စပါးရွက်တွေ အညိုရောင်နဲ့ခြောက်မသွားမီ ကနဦး လိမ္မော်ဝါရောင် ပြောင်းသွားပြီး ဒီအခြေအနေကို အပင်ကိုသေစေတဲ့ ဖြုတ်ညိုကြောင့် အပင်လောင်ကျွမ်းခြင်းလို့ ခေါ်ပါတယ်။

စပါးဖြုတ်ညိုပိုးဟာ Rice Ragged Stunt ဗိုင်းရပ်စ်ရောဂါနဲ့ Rice Grassy Stunt ဗိုင်းရပ်စ် ရောဂါတို့ကိုလည်း သယ်ဆောင်ဖြန့်ဖြူးပါတယ်။ ဘယ်ရောဂါမှ ကုသလို့မရနိုင်ပါဘူး။ 

ဖြုတ်ပိုးတွေဟာ မိုးရေသောက်နဲ့ ဆည်ရေသောက်လယ်တွေမှာ ပြဿနာဖြစ်နိုင်ပါတယ်။  ၄င်းဟာ လယ်ခင်းထဲမှာ အဆက်မပြတ် ရေမြုပ်နေတဲ့ အခြေအနေတွေ၊ အရိပ်ထူပြီး စိုထိုင်းဆရှိတဲ့ ဧရိယာတွေမှာလည်း တွေ့ရပါတယ်။

စပါးပင်ကြားတန်းကြားစိပ်တာ၊ နိုက်ထရိုဂျင်ဓါတ်အလွန်အကျွံကျွေးတာနဲ့၊ ပိုးသတ်ဆေးကို စိုက်ပျိုးရာသီအစောမှာ ပက်ဖျန်းတာဟာလည်း ဒီဖျက်ပိုးဖွံ့ဖြိုးမှုကို အားပေးပါတယ်။ 

အမျိုးအစားခွဲခြားခြင်း

ဒီအင်းဆက်ရှိမရှိကို အောက်ပါအတိုင်းစစ်ဆေးပါ။ 

    • ရွက်လယ်ရိုး ဒါမှမဟုတ် ရွက်အိမ်ထဲကို ထိုးဖောက်အုထားတဲ့ လခြမ်းပုံအဖြူရောင်ဥများ 

    • အဖြူရောင်မှအညိုရောင်ရှိသော အကောင်ငယ်များ

    • စပါးပင်ပွားအခြေအနီးမှာ စားသောက်နေကြတဲ့ အညိုရောင် ဒါမှမဟုတ် အဖြူရောင်ရှိတဲ့ အရွယ်ရောက်ကောင်များ

စပါးခင်းကိုလည်းအောက်ပါအတိုင်းစစ်ဆေးပါ။ 

    • စပါးပင် ဖြုတ်ညိုကြောင့်လောင်ကျွမ်းခြင်း ဒါမှမဟုတ် အဝါရောင်ဖြစ်ခြင်း၊ အညိုရောင်ဖြစ်ခြင်းနဲ့ ခြောက်သွေ့ခြင်း 

    • မှိုရောဂါနဲ့ ဘက်တီးရီးယားရောဂါတွေက စပါးပင်ထဲကို ဝင်ရောက်နိုင်တဲ့ ဥအုထားတဲ့ အမှတ်အသားရာများ 

    • ဖျက်ဆီးခံထားရတဲ့ ဧရိယာအခြေတွေမှာ ပျားရည်ချိုးနဲ့ ကြပ်ခိုးမှိုရှိနေခြင်း 

    • ragged stunt ဗိုင်းရပ်စ်ရောဂါ ဒါမှမဟုတ် grassy stunt ဗိုင်းရပ်စ်ရောဂါရှိနေတဲ့ စပါးပင်များ 

ဖြုတ်ညိုကြောင့်အပင်လောင်ကျွမ်းခြင်းဟာ စပါးကြမ်းပိုးနက်ကြောင့်ဖြစ်တဲ့ အပင်လောင်ကျွမ်းခြင်းနဲ့ ဆင်တူပါတယ်။ ဖြုတ်ညိုကြောင့်အပင်လောင်ကျွမ်းခြင်းကို အတည်ပြုဖို့ စပါးပင်ရဲ့ အခြေမှာ ကြပ်ခိုးမှိုရှိမရှိ စစ်ဆေးပါ။

စီးပွားရေးအရအရေးကြီးပုံ 

ဖြုတ်ညိုကြောင့်အပင်လောင်ကျွမ်းခြင်း

ဖြုတ်ပိုးတွေစားသောက်ခြင်းကြောင့် စပါးပင်တွေ အဝါရောင်သန်းသွားပါတယ်။ အကောင် အရေအတွက်များပါက စပါးပင်တွေ လောင်ကျွမ်းခြင်း ဒါမှမဟုတ် လုံးဝခြောက်သွားခြင်းကို တွေ့ရပါတယ်။ ဒီအဆင့်မှာ စပါးသီးနှံဆုံးရှုံးမှုဟာ ၁၀၀% ဖြစ်နိုင်ပါတယ်။

ရင့်မှည့်ကာနီး စပါးပင်တွေမှာ စပါးဖြုတ်ညိုပိုးအကောင်ငယ် ၄၀၀ − ၅၀၀ ဖျက်ဆီးခံရပါက အပင်လောင်ကျွမ်းနိုင်ပါတယ်။ ၁၉၇၀ နှစ်များနဲ့ ၁၉၈၀ နှစ်များက စပါးဖြုတ်ညိုပိုးကို အာရှတိုက်ရဲ့ စပါးထုတ်လုပ်ရေးကို ခြိမ်းခြောက်တဲ့ ဖျက်ပိုးအဖြစ် ယူဆထားပါတယ်။ 

စပါးပင်တစ်ပင်မှာ ဖြုတ်ကြောဖြူ အကောင်ငယ် ၄၀၀ − ၅၀၀ ဒါမှမဟုတ် အကောင်ကြီး၂၀၀ ရှိရင် စပါးပင်တွေကို လုံးဝဆုံးရှုံးစေနိုင်ပါတယ်။ ဖြုတ်ကြောဖြူ ရုတ်တရက် အဆမတန် ကျရောက်ခြင်းကို ၁၉၇၈ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ ၁၉၇၉ ခုနှစ်တွင် မလေးရှားနိုင်ငံနှင့် ၁၉၈၂၊ ၁၉၈၄ နှင့် ၁၉၈၅ ခုနှစ်တို့တွင် အိန္ဒိယနိုင်ငံတို့မှာ တွေ့ရသည်။

ကာကွယ်နှိမ်နင်းခြင်း

ပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ ဖြုတ်ပိုးရုတ်တရက်အဆမတန် ကျရောက်ခြင်းဟာ သဘာဝ ရန်သူတွေကို ပျက်စီးစေပါတယ်။ 

စပါးဖြုတ်ပိုးရုတ်တရက်အဆမတန်ကျရောက်ခြင်းကို ကြိုတင်ကာကွယ်ဖို့ အောက်ပါအချက်များကို ဆောင်ရွက်ပါ။

    • စပါးခင်းနဲ့ စပါးခင်းပတ်လည်က ပေါင်းများကို ဖယ်ရှားပါ။

    • သဘာဝရန်သူများကိုသေစေတဲ့ ပိုးသတ်ဆေး မဆင်မခြင်သုံးစွဲခြင်းကို ရှောင်ရှားပါ။

    • ဖြုတ်ပိုးခံနိုင်ရည်တဲ့ စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးများအတွက် ဒေသဆိုင်ရာ စိုက်ပျိုးရေးရုံးတွေကို ဆက်သွယ်ပါ။

    • စပါးပင်စည်တစ်ပင်မှာ ဖြုတ်ညိုတစ်ကောင်ရှိရင် ဆေးဖျန်းဖို့အချိန်ကျပါပြီ။

    • စပါးဖြုတ်ညိုပိုးတွေကို ပျိုးခင်းမှာ နေ့စဉ်၊ စပါးခင်း၊ ပင်စည်ပေါ်နဲ့ ရေမျက်နှာပြင်ပေါ်မှာ အပတ်စဉ် ကြည့်ပါ။ ပျိုးခင်း (ဒါမှမဟုတ် တိုက်ရိုက်အစေ့ချစပါးခင်း) ရဲ့ ဘေးဖက်တစ်ဖက်စီကို စစ်ဆေးပါ။ စပါးပင်သက်ပိုကြီးတဲ့အပင်တွေအတွက် စပါးဖြုတ်ညိုပိုးတွေ ရေထဲကို ပြုတ်ကျစေဖို့ အပင်ကို ဆုပ်ကိုင်ပြီး အနည်းငယ်ကွေးကာ စပါးပင်ခြေနားကို ခါချပါ။ ရွှေ့ပြောင်းစိုက်တဲ့ စပါးအတွက် စပါးခင်းကို ကန့်လန့်ဖြတ် ဖြတ်သန်းစဉ် စပါးပင်မြုံ ၁၀ ခုမှ ၂၀ ရဲ့ ပင်ခြေကို  ကြည့်ပါ။ နို့ရည်တည်တဲ့အဆင့်မှာ စပါးဖြုတ်ညိုပိုးကိုဖြစ်စေ ဖြုတ်ကြောဖြူကို ဖြစ်စေ ကင်းထောက်စစ်ဆေးစရာမလိုပါ။

    • စပါးပင်ကို ဖြုတ်ညိုတိုက်ခိုက်ခံရပါက ညအချိန်တွင် အလင်းရောင်ထောင်ချောက် (ဥပမာအားဖြင့် အရောင်ဖျော့နံရံ အနီး ဒါမှမဟုတ် ရေခွက်အပေါ်က လျှပ်စစ်မီးလုံး ဒါမှမဟုတ် ရေနံဆီမီးအိမ်) ကို အသုံးပြုပါ။ ပျိုးခင်းဒါမှမဟုတ် စပါးခင်းအနီးမှာ အလင်းရောင်ထောက်ချောက်ကို မထားပါနဲ့။ အလင်းရောင်ထောင်ချောက်ထဲမှာ စပါးဖြုတ်ညို ရာပေါင်းများစွာကိုရပါက စပါးပျိုးခင်း ဒါမှမဟုတ် စပါးခင်းကို ချက်ချင်းစစ်ဆေးပြီး နောက် သီတင်းပတ်အနည်းငယ်အထိ နေ့တိုင်း ကင်းထောက်စစ်ဆေးပါ။ လယ်သမားတွေအနေနဲ့ နေ့တိုင်းစစ်ဆေးနိုင်ပါက အလင်းရောင်ထောင်ချောက်မလိုပါ။  

စပါးဖြုတ်ပိုးတွေကို နှိမ်နင်းခြင်း

လက်အား သို့မဟုတ် ရူပနည်းဖြင့်ကာကွယ်နှိမ်နင်းနည်း 

    • ပျိုးခင်းကိုတစ်နေ့တာ ရေလွှမ်းပါက ပျိုးပင်ထိပ်ဖျားက ဖြုတ်ညိုတွေကို နှိမ်နင်းနိုင်ပါတယ်။

    • အထူးသဖြင့် အခြောက်စိုက်စပါးပျိုးခင်းမှာ အချို့ စပါးဖြုတ်ညိုပိုးတွေကို ဖယ်ရှားဖို့ အင်းဆက်ဖမ်းပိုက်ဖြင့် ခါရမ်းဖမ်းပါ။ စပါးဖြုတ်ညိုပိုးအရေအတွက်များပါက  စပါးပင်ခြေက ဖြုတ်ညိုပိုးများကို အင်းဆက်ဖမ်းပိုက်ဖြင့် ခါရမ်းဖမ်းပါက မဖယ်ရှားနိုင်ပါ။ 

ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း

    • သဘာဝရန်သူအလုံအလောက်ရှိပါက ဖြုတ်ညိုကြောင့်အပင်လောင်ကျွမ်းခြင်းနည်းပါတယ်။ စပါးပင်ဟာ အပင်လောင်ကျွမ်းခြင်းကြောင့် ဖျက်ဆီးခံထားရပြီဆိုရင်တောင် သဘာဝရန်သူအရေအတွက်က ဖြုတ်ညိုပိုးအရေအတွက်ထက် များပါက ပိုးသတ်ဆေး ဖျန်းစရာမလိုပါ။ စပါးဖြုတ်ညိုပိုးရဲ့ သဘာဝရန်သူထဲမှာ ပင့်ကူတွေ၊ မီးရစ်ဒ်ကြမ်းပိုးတွေနဲ့ ဥစားကပ်ပါးကောင်တွေပါဝင်ကြပါတယ်။

ဓါတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း 

စပါးဖြုတ်ညိုပိုး ဒါမှမဟုတ် ဖြုတ်ကြောဖြူအတွက် အောက်ဖော်ပြပါအချက်အလက်များကို တွေ့မှသာ ပိုးသတ်ဆေးပက်ဖျန်းပါ။

    • စပါးပင်စည်တစ်ခုလျှင် ဖြုတ်ပိုးပျမ်းမျှအရေအတွက် တစ်ကောင်ထက်ပိုခြင်း 

    • ပျမ်းမျှအားဖြင့် သဘာဝရန်သူထက် ဖြုတ်ပိုးအရေအတွက်က ပိုများနေခြင်း

    • ပျိုးခင်းကိုရေလွှမ်းတာဟာ ရွေးချယ်စရာမဟုတ်ပါ။ 

အောက်ပါပိုးသတ်ဆေးများကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်းအသုံးပြုပါ။

    • ဒိုင်မီသိုအိတ် (Dimethoate)

    • ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)

    • အဆီဖိတ် (Acephate)

    • အဆီတာမီပရစ်ဒ် (Acetamiprid)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်