စပါးပိုးစေးနှဲကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

03/04/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

    ပိုးစေးနှဲ အကောင်ကြီးနဲ့အကောင်ငယ်နှစ်မျိုးစလုံးဟာ စပါးပင်ရဲ့ သစ်ရည်ကို စုပ်ယူကြ ခြင်းကြောင့် စပါးရွက်တွေ ကွေးသွားပြီး စပါးပင်တွေ ညှိုးနွမ်းသွားကြပါတယ်။ 

    ခြောက်သွေ့ကာလတွေနဲ့ ဒီဖျက်ပိုးနေထိုင်တဲ့ မြက်မျိုးရင်းဝင် ပေါင်းပင်တွေရှိတာဟာ ဒီဖျက်ပိုးပွားများဖို့ အခြေအနေပေးပါတယ်။ အဲဒီလိုပဲ ရေသွင်းရေထုတ်ကောင်းတဲ့ မြေကြီးတွေဟာလည်း ဒီဖျက်ပိုးဖွံ့ဖြိုးကြီးပြင်းဖို့အတွက် သင့်တော်ပါတယ်။ 

    ဒီဖျက်ပိုးကို တောင်ယာနဲ့ မိုးရေသောက်စပါးခင်းတို့မှာ တွေ့ရပါတယ်။ ဆည်ရေသောက်စပါးတွေမှာ အများအားဖြင့် မတွေ့ရပါဘူး။ ၄င်းကို မိုးရာသီအတွင်း အရေအတွက်အများကြီး တွေ့ရပါတယ်။

    အကောင်ငယ်တွေဟာ ၄င်းတို့အရေခွံလဲတဲ့အထိ တက်ကြွကြပါတယ်။ ၄င်းတို့ဟာ ပထမဦးစွာ အရွယ်ရောက်အမကိုယ်ခန္ဓာရဲ့အောက်မှာ နေထိုင်ကြပြီး နောင်မှာ စပါးပင်တစ်ပင်ကနေ တစ်ပင်ဆီကို တွားသွားကြပါတယ်။ ၄င်းတို့ဟာ လေနဲ့လည်း ပျံ့နှံ့ကြပါတယ်။ ပျံ့နှံ့ပြီးတဲ့အခါမှာ စားသောက်ဖို့နဲ့ ၄င်းတို့ရဲ့ လောက်ကောင်ဘဝဖွံ့ဖြိုးဖို့ စပါးရွက်ဖုံးနဲ့ပင်စည်ကြား နေထိုင်ကြပါတယ်။ အရေခွံလဲပြီးတဲ့အခါမှာ အမတွေဟာ ၄င်းတို့ သက်တမ်းတစ်လျှောက်လုံး စပါးပင်ကို တွယ်ကပ်ထားပြီး အရွယ်အစားကြီးလာပါတယ်။

    အရွယ်ရောက်အမတွေဟာ ငြိမ်နေကြပြီးစားသောက်နေကြတဲ့အခါ တောင်ပံရှိအမတွေက ပျံသန်းသွားကြပါတယ်။ ဒီအင်းဆက်ဟာ ဧပြီလကနေ ဇူလိုင်လအစောပိုင်းအထိ ပေါများပါတယ်။ ဒီကာလအတွင်း မျိုးဆက် (၂) ဆက် ပြီးမြောက်ပါတယ်။

အမျိုးအစားခွဲခြားခြင်း 

ပိုးစေးနှဲဖျက်ဆီးခြင်းကြောင့် အောက်ပါတို့ကို ဖြစ်ပေါ်စေပါတယ်။ 

    • ညှိုးနွမ်းခြင်း

    • စပါးပင်ပုခြင်း

    • အဝါရောင်သန်းတဲ့ ကွေးနေတဲ့ စပါးရွက်များ

    • ဖျက်ဆီးခံထားရတဲ့ စက်ပြောက်များ

    ၄င်းမှာ တူညီတဲ့ ဖျက်ဆီးပုံစံမရှိပါဘူး။ အပင်ပုတာဟာ မြစ်စားလောက်ကောင်နဲ့ စပါးမြစ်စားဖြုတ်တို့လို အခြားအင်းဆက်ဖျက်ဆီးပုံံနဲ့ တူပါတယ်။ ဒီဖျက်ပိုးဖျက်ဆီးမှု ဟုတ်မဟုတ်အတည်ပြုဖို့ အောက်ပါတို့ကို စစ်ဆေးပါ။ 

    • အဝါရောင်သန်းသည့် ဥမှ ပန်းရောင်သန်းသည့်ဥများရှိခြင်း

    • အကောင်ငယ်များ၊ တောင်ပံမဲ့ ပန်းရောင်ရှိ အရွယ်ရောက်အမများနဲ့ တောင်ပံရှိ ဝါနုရောင် အထီးများက စပါးသစ်ရည်ကို စုပ်ယူနေခြင်း 

    • စပါးပင်စည် ဒါမှမဟုတ် စပါးရွက်ကို ကပ်နေကြတဲ့ ဥတွေ၊ အကောင်ငယ်တွေနဲ့ အကောင်ကြီးတွေကို ဖုံးထားတဲ့ ဖယောင်းများရှိခြင်း  

စီးပွားရေးအရ အရေးပါပုံ 

    အင်းဆက်အတွက် အခြေအနေပေးပါက အကောင်အရေအတွက် အများကြီးဟာ စပါးပင်တွေကို ဝါသွားစေကာ ပုသွားစေပါတယ်။

   စပါးပိုးစေးနှဲဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာ အထွက်အများကြီး ဆုံးရှုံးဖူးပါတယ်။ စပါးပင်မြုံတစ်မြုံမှာ စပါးပိုးစေးနှဲ အကောင် (၁၀၀) အထက်ရှိပါက စပါးပင်ကို ညှိုးစေပြီး သေစေနိုင်ပါသတယ်။

ကာကွယ်နှိမ်နင်းခြင်း 

    • ဇီဝထိန်းချုပ်ပိုးမွှားတွေဖြစ်ကြတဲ့ အန်ဆားတစ်နဂျီတွေ၊ ပင့်ကူတွေ၊ ကလိုရိုပစ်ဒ် ယင်ကောင်တွေ၊ ဒရိုစိုဖီးလစ်နဲ့ လိပ်ခုံးကျိုင်းတွေကို ပွားများအောင်ပြုလုပ်ပါ။ 

    • အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

        ◦ အဆီဖိတ် (Acephate)

        ◦ ဒိုင်မီသိုအိတ် (Dimethoate)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်