စပါးရွက်ညိုပြောက်ရှည်ရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

20/05/2020 12:30 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရောဂါလက္ခဏာများ

    ဒီရောဂါဟာ စပါးရွက်တွေ၊ စပါးရွက်ဖုံးတွေနဲ့ စပါးနှံတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ပါတယ်။ ၄င်းဟာ စပါးရွက်တွေနဲ့ စပါးရွက်ဖုံးတွေကို အချိန်မတိုင်မီသေစေကာ စပါးစေ့တွေကို အချိန်မတိုင်မီ ရင့်မှည့်စေပြီး ဆိုးဝါးစွာကျရောက်ပါက စပါးပင်တွေကို ယိုင်လဲစေပါတယ်။

တွေ့ရှိရသည့်နေရာ

    ဒီရောဂါကို အာရှတိုက်ရဲ့ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသ၊ အာဖရိကတိုက်၊ သြစတေးလျတိုက်၊ မြောက်၊ ဗဟိုနဲ့ တောင်အမေရိကတိုက်နဲ့ ပါပူဝါဂွီနာနိုင်ငံတို့ရှိ စပါးစိုက်ဒေသတွေမှာ ရှိတယ်လို့ မှတ်တမ်းရှိပါတယ်။ ဒီရောဂါကို ပိုတက်ဆီယမ်ဓါတ်ချို့တဲ့တဲ့မြေနဲ့ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂၈ ဒီဂရီစင်တီဂရိတ်အထိရှိတဲ့ ဧရိယာတွေမှာ တွေ့ရလေ့ရှိပါတယ်။ ဒီရောဂါဟာ စပါးနှံစုံတဲ့အဆင့်ကစပြီး စပါးပင်ရဲ့ ကြီးထွားမှုနောက်ပိုင်းအဆင့်တွေမှာ ပေါ်လာပါတယ်။ စပါးပင်တွေဟာ စပါးနှံစထွက်တဲ့ အဆင့်ကစပြီး ခံနိုင်ရည်အနည်းဆုံးဖြစ်လာကာ စပါးပင်ရင့်မှည့်ခါနီးမှာ ပိုမိုဆိုးဝါးပါတယ်။ 

ရောဂါခွဲခြားနည်း

အောက်ပါဒဏ်ရာတွေ ရှိမရှိစစ်ဆေးပါ။

    • စပါးရွက်တွေနဲ့ အပေါ်ရွက်ဖုံးပေါ်က စံဒဏ်ရာတွေဟာ ညိုနုရောင်မှ ညိုရင့်ရောင်ရှိကြကာ ဖြောင့်တန်းစွာရှိပြီး ရွက်ကြောတွေနဲ့အပြိုင် ရှိကြပါတယ်။ ၄င်းတို့ဟာ ၂ မီလီမီတာကနေ ၁၀ မီလီမီတာ အထိရှည်ပြီး ၁ မီလီမီတာကနေ ၁.၅ မီလီမီတာ ဗြက်အကျယ်ရှိပါတယ်။

    • ရောဂါခံနိုင်ရည်အများကြီးနိမ့်တဲ့ စပါးမျိုးတွေရဲ့ စပါးရွက်တွေပေါ်က ဒဏ်ရာတွေဟာ ကျယ်ပြန့်လာပြီး အတူတူပေါင်းစပ်ကာ အညိုရောင် ဖြောင့်တန်းတဲ့ ဒဏ်ရာရအပိုင်းကို ဖြစ်စေပါတယ်။

    • စပါးပန်းခိုင်အောက်က ထူးကဲရွက်ပေါ်မှာ ဒဏ်ရာတွေဟာ ပိုမိုတိုတောင်းလေ့ရှိပေမဲ့ စပါးရွက်ပေါ်က ဒဏ်ရာတွေထက် ပိုပြီး ဗြက်ကျယ်နိုင်ပါတယ်။ ဒီရောဂါဟာ စပါးနှံရိုးပေါ်မှာလည်း တွေ့ရနိုင်ပါတယ်။

    • ဒီရောဂါဟာ စပါးရွက်ဖုံးတွကို အရောင်ပျက်စေပါတယ်။

ဒီရောဂါကို စပါးရွက်ဖြူစင်းရောဂါနဲ့ ခွဲခြားမရဖြစ်တတ်ပါတယ်။ ဖြောင့်တန်းတဲ့ ဒဏ်ရာတွေဟာ အခြားစပါးရွက်ရောဂါတွေနဲ့ ကွဲပြားပါတယ်။

စီးပွားရေးအရ အရေးပါပုံ

    ဒီရောဂါဆိုးဝါးစွာကျရောက်ရင် စပါးစေ့ရဲ့ စျေးကွက်တန်ဖိုး လျော့ကျစေကာ ဆန်ထွက်နှုန်းကိုလည်း လျော့ကျစေပါတယ်။ စပါးအထွက်ဆုံးရှုံးမှုကတော့ ဆိုးဝါးစွာကျတဲ့ ဖြစ်ရပ်ကလွဲလို့ စီးပွားရေးအရ ဆုံးရှုံးမှုမရှိပါဘူး။

ကာကွယ်နှိမ်နင်းခြင်း

    • ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးများကို စိုက်ပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးများကို သက်ဆိုင်ရာ ဒေသတွင်း စိုက်ပျိုးရေးဌာနဲ့ ဆက်သွယ်ပါ။

    • စပါးခင်းကို သန့်ရှင်းနေပါစေ။ 

    • တစ်ဆင့်လက်ခံပင်တွေကို ဖယ်ရှားဖို့ စပါးခင်းနဲ့ စပါးခင်းအနီးပတ်ဝန်းကျင်က ပေါင်းပင်တွေကို ဖယ်ရှားပါ။

    • မြေသြဇာကို အချိုးကျသုံးစွဲပါ။ လုံလောက်တဲ့ ပိုတက်ဆီယမ်ဓါတ်ကို အသုံးပြုပါ။

    • အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

    • ပရိုပီကိုနာဇိုးလ် (Propiconazole)

    • သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)

    • ကလိုရိုသာလိုနေးလ် (Chlorothalonil)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်