စပါးရွက်ဖုံးပုပ်ရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

13/05/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရောဂါလက္ခဏာများ 

    ဒီရောဂါဟာ စပါးနှံစထွက်​နဲ့ ဟန့်တားခြင်း ဒါမှမဟုတ် သန္ဓေပျက်ကျစေခြင်း၊ သန္ဓေမအောင်တဲ့ စပါးစေ့တွေနဲ့ မြုံနေတဲ့ စပါးနှံတွေကို ထုတ်ပေးခြင်းဖြင့် စပါးအထွက်ကို  လျော့စေပါတယ်။ ဒီရောဂါဟာ စပါးနှံကိုပုပ်စေပြီး စပါးစေ့တွေကို အရောင်ပျက်စေပါတယ်။

တွေ့ရှိရသည့်နေရာ

     ဒီရောဂါဟာ ကမ္ဘာနဲ့အဝန်း စပါးစိုက်ဧရိယာအားလုံး အထူးသဖြင့် မိုးရေသောက်စပါးခင်းမှာ အတွေ့ရများပြီး ခြောက်သွေ့ရာသီထက် စိုစွတ်ရာသီမှာ ပိုမိုပေါများပါတယ်။

    ဒီရောဂါကျရောက်မှုဟာ စပါးပင်အရေအတွက်များတာ၊ စပါးနှံစထွက်ချိန်မှာ စပါးပင်စည်ထိုးပိုးကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေကနေ ဒီမှိုရောဂါဝင်ရောက်နိုင်တဲ့ ဝင်ပေါက်တွေကိုဖြစ်စေတဲ့ စပါးပင်တွေရှိတာနဲ့အတူ တိုးလာပါတယ်။ ဒီမှိုရောဂါဟာ စပါးနှံထွက်ပေါ်လာတာကို တားဆီးတဲ့ ဒါမှမဟုတ် သန္ဓေမအောင်စေတဲ့စပါးနှံငယ်ကို အပေါ်ဆုံးစပါးရွက်ဖုံးက အလုံပိတ်ထားရင်း ပုပ်သွားစေပါတယ်။

 

     ဒီရောဂါကို စပါးနှံစုံတဲ့အဆင့်ကနေ စပါးရင်မှည့်တဲ့အဆင့်မှာ နိုက်ထရိုဂျင်မြေသြဇာ ပမာဏ အများကြီးကျွေးတာ၊ လေထုစိုတိုင်းဆမြင့်မားပြီး အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ကနေ ၂၈ ဒီဂရီစင်တီဂရိတ် ရှိတဲ့ ဧရိယာတွေမှာလည်း တွေ့ရပါတယ်။

ရောဂါခွဲခြားနည်း

    ဒီရောဂါကို စပါးရွက်ဖုံးပေါ်မှာ တစ်ခုတည်းသော ရောဂါအဖြစ် စပါးခင်းထဲမှာ မြင်တွေ့နိုင်ပေမဲ့ စိုစွတ်တဲ့စပါးစိုက်ရာသီမှာ စပါးစေ့နဲ့ စပါးရွက်ဖုံးရောလျက် အရောင်ပျက်နေတာကို မြင်တွေ့ရပါတယ်။ 

    စပါးရွက်ဖုံးပုပ်ဒဏ်ရာဟာ နုငယ်တဲ့စပါးနှံကို အလုံပိတ်ကာ အပေါ်ဆုံး စပါးရွက်အိမ်ကနေ စတင်ဖြစ်ပေါ်လာပါတယ်။ ၄င်းဟာ ရှည်မျောမျော ဒါမှမဟုတ် နီရင့်ရောင်နဲ့အတူ ပုံသဏ္ဌာန်မမှန်တဲ့ အစက်ပြောက်များအဖြစ်ပေါ်လာကာ အညိုရောင်အနားသားနဲ့ မီးခိုးရောင် ဒါမှမဟုတ် မီးခိုးညိုရောင် ဗဟိုတို့ရှိပါတယ်။ 

    အများအားဖြင့် မြောက်များစွာသော စက်ပြောက်တွေကို တွေ့ရပြီး အဲဒီစက်ပြောက်တွေဟာ ကြီးမားကျယ်ပြန့်လာကာ အတူတူပေါင်းစပ်သွားကြပြီး စပါးရွက်ဖုံးတစ်ခုလုံးနီးပါး ဖုံးသွားပါတယ်။ စပါးနှံတွေဟာ စပါးရွက်အိမ်ထဲမှာ ရှိမြဲရှိနေတတ်ပါတယ် ဒါမှမဟုတ် တစ်ဝက်တစ်ပျက်စပါးနှံ ထွက်နေပါတယ်။ ရောဂါကို စပါးရွက်အိမ်တွေမှာ အဖြူရောင်သန်းတဲ့ မှိုကြီးထွားမှုကို အပြင်ဖက် မျက်နှာပြင်မှာ မြင်တွေ့နိုင်ပါတယ်။ အပြင်ကိုထွက်မလာတဲ့ စပါးနှံတွေဟာ ပုပ်သွားပြီး ပန်းခိုင်လေးတွေဟာ နီညိုရောင်ကနေ ညိုရင့်ရောင်ကို ပြောင်းသွားကြပါတယ်။

    တစ်ခါတလေ စပါးရွက်ဖုံးပုပ်ဒဏ်ရာတွေကို စပါးရွက်ဖုံးခြောက်ဒဏ်ရာတွေနဲ့ ဝေခွဲမရဖြစ် တတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် စပါးပင်ပေါ်မှာ စပါးရွက်ဖုံးပုပ်ကို စပါးရွက်ဖုံးခြောက်ထက် ပိုမိုတွေ့ရပြီး  စပါးနှံထွက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။ စပါးရွက်ဖုံးခြောက်ကို စပါးရွက်တွေနဲ့ စပါးပင်ရဲ့ အောက်ဖက်တွေမှာ တွေ့ရပြီး စပါးနှံထွက်ခြင်းကို အနှောင့်အယှက် မပေးပါဘူး။ စပါးရွက်ဖုံးပုပ်ရောဂါ ဟုတ်မဟုတ်ကို အောက်ပါအချက်များဖြင့် အတည်ပြုပါ။

    • စပါးနှံများကို အလုံပိတ်ထားတဲ့ ဖွံ့ဖြိုးနေတဲ့ အပေါ်ဆုံးစပါးရွက်ဆုံးပေါ်မှာ ဒဏ်ရာများ တွေ့ရခြင်း

    • တစ်ဝက်တစ်ပျက်ထွက်နေတဲ့ စပါနှံများ ဒါမှမဟုတ် အနှံမထွက်သေးတဲ့ စပါးနှံများ

    • စပါးရွက်ဖုံးများပုပ်ခြင်း

    • ရောဂါကျ စပါးရွက်ဖုံးများပေါ်တွင် အဖြူရောင်အမှုန့် မှိုရောဂါကြီးထွားမှုကို တွေ့ရခြင်း

စီးပွားရေးအရ အရေးပါပုံ

    စပါးရွက်ဖုံးပုပ်ရောဂါဟာ စပါးပင်ကြီးထွားမှု သက်တမ်းတစ်လျှောက် ကျရောက်တတ်ပေမဲ့ စပါးနှံမထွက်မီ စပါးနှံဗိုက်ဖောင်းတဲ့အဆင့်အတွင်း ဒါမှမဟုတ် စပါးနှံဗိုက်ဖောင်းပြီးအဆင့်မှာ ဖျက်ဆီးမှု အဆိုးဝါးဆုံးဖြစ်ပါတယ်။

    ဒီရောဂါဟာ ထိုင်ဝမ်မှာ စပါးအထွက် ၂၀% ကနေ ၈၅%၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့ မှာ ၃၀ % ကနေ ၈၀% အထိ  ဆုံးရှုံးစေပါတယ်။ ဂျပန်နိုင်ငံမှာ ရောဂါကျ ဧရိယာဟာ ၅၁၀၀၀ ဟက်တာကနေ ၁၂၂၀၀၀ ဟက်တာအထိရှိကာ နှစ်စဉ် စပါးအထွက် ဆုံးရှုံးမှုဟာ တန် ၁၆၀၀၀ ကနေ တန် ၃၅၀၀၀ အထိရှိပါတယ်။

    စပါးပင်ကြွင်းပင်ကျန်က သယ်ဆောင်ထားတဲ့ ရောဂါကျစပါးစေ့နဲ့မှိုမျှင်စုဟာ အဓိက ရောဂါကူးစက်မှုအတွက်  အရေးပါတဲ့ရင်းမြစ်ဖြစ်ပါတယ်။

ကာကွယ်နှိမ်နင်းခြင်း

    • စပါးရွက်ဖုံးပုပ်ရောဂါဟာ မျိုးစေ့ဆောင်ရောဂါဖြစ်တာကြောင့် ရောဂါကင်းသော မျိုးစေ့များကို အသုံးပြုပါ။

    • စပါးခင်းထဲမှာ အင်းဆက်ဖျက်ပိုးကျရောက်မှု နည်းအောင်လုပ်ပါ။ အင်းဆက်တွေဟာ စပါးပင်တွေကို ဒဏ်ရာရစေကာ စပါးပင်ထဲကို မှိုရောဂါဝင်ရောက်နိုင်ပြီး ရောဂါကူးစက်စေနိုင်ပါတယ်။

    • စပါးရိတ်သိမ်းပြီးနောက်မှာ မှိုရောဂါဟာ စပါးပင်ကြွင်းပင်ကျန်ပေါ်မှာ အသက်ရှင်နေနိုင်ပြီး နောက်စပါးစိုက်ရာသီမှာ ရောဂါကူးစက်စေပါတယ်။ စပါးရိတ်ပြီးတဲ့အခါမှာ ရောဂါကျ စပါးပင်များကို ဖယ်ရှားပါ။

    • စပါးပင်ကြား၊ တန်းကြားကို သင့်တော်မျှတစွာထားပါ။ တန်းကြား (၃၀) စင်တီမီတာအကွာဖြင့် စပါးပင်မြုံတစ်မြုံမှာ စပါးပင် (၃) ပင်စိုက်ပါ။

    • ပင်ပွားထွက်ချိန်မှာ ပိုတက်ရှ်မြေသြဇာ အသုံးပြုပါ။ 

    • ကယ်လ်စီယမ်ဆာလ်ဖိတ်နဲ့ ဇင့်ဆာလ်ဖိတ် ရွက်ဖျန်းမြေသြဇာပက်ဖျန်းပါ။

    • အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ 

    • ပရိုပီကိုနာဇိုးလ် (Propiconazole)

    • ကလိုရိုသာလိုနေးလ် (Chlorothalonil)

    • သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)

    • ဘီနိုမိုင်း (Benomyl)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်