စပါးသရစ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ဖျက်ဆီးပုံလက္ခဏာများ
သရစ်ပိုးဖျက်ဆီးမှုကြောင့်ဖြစ်တဲ့ စပါးရွက်တွေက ကွေးပြီး အရောင်ပျက်စေပါတယ်။ ခြောက်သွေ့ရာသီကာလတွေဟာ စပါးသရစ်ပိုးဖွံ့ဖြိုးမှုကို အခြေအနေပေးပါတယ်။ စပါးခင်းထဲမှာ ရေသေမရှိတာဟာလည်း ဖျက်ဆီးမှုကို ပိုမိုဆိုးဝါးစေပါတယ်။
ဒီအင်းဆက်တွေဟာ စပါးစိုက်ပတ်ဝန်းကျင်အားလုံးမှာ ရှိကြပါတယ်။ အပူပိုင်းဒေသတွေမှာ စပါးသရစ်ပိုးတွေဟာ ဇူလိုင်လမှ စက်တင်ဘာလအထိနှင့် ဇန်နဝါရီလမှ မတ်လအထိ ခြောက်သွေ့ကာလတွေမှာ ပေါများလာပါတယ်။ သမပိုင်းဒေသတွေမှာ ဆောင်းရာသီအတောအတွင်း ကျူးကျော်ဝင်ရောက်လာကြကာ စပါးမျိုးရင်းဝင် ပေါင်းပင်တွေမှာ ဆောင်းခိုကြပါတယ်။
အရွယ်ရောက်သရစ်ပိုးတွေဟာ နေ့ဘက်မှာ ပျံသန်းကြတဲ့ အကောင်တွေဖြစ်ပါတယ်။ ၄င်းတို့ဟာ နေ့ဖက်မှာ ကျူးကျော်ဝင်ရောက်ကြပြီး အသစ်စိုက်ထားတဲ့စပါးခင်းနဲ့ အခြားလက်ခံပင်တွေကို ရှာဖွေကြပါတယ်။ ဥတွေကို စပါးရွက်ပြားရဲ့ ဟနေတဲ့နေရာမှာ အုကြပါတယ်။ ဥအပေါ်တစ်၀က်ဟာ ပေါ်နေပါတယ်။ အသစ်ပေါက်လာတဲ့ လောက်ကောင်ဟာ ပွင့်အာမှုမရှိသေးတဲ့ စပါးရွက်ငယ်တွေရဲ့ နူးညံ့တဲ့တစ်ရှူးတွေကို စားကြပါတယ်။
အမျိုးအစားခွဲခြားခြင်း
စားသောက်ဖျက်ဆီးမှုလက္ခဏာအတွက် အောက်ပါတို့ကို စစ်ဆေးပါ။
• ဖျက်ဆီးခံထားရတဲ့ စပါးရွက်များမှာ ငွေရောင်အစင်းကြောင်း ဒါမှမဟုတ် အဝါရောင်သန်းတဲ့ အကွက်များရှိခြင်း
• ဖျက်ဆီးခံထားရတဲ့ဧရိယာမှာ အလင်းဖောက်နိုင်တဲ့ အပေါ်ယံရွက်ကြောကို မြင်ရနိုင်ခြင်း
• စပါးရွက်ဘေးဖက်အနားမှ အလယ်အထိ အရွက်များကွေးသွားခြင်း
• ဆိုးဝါးစွာဖျက်ဆီးခံထားရပါက စပါးရွက်ဖျားများ ညှိုးသွားခြင်း
• စပါးနှံထွက်တဲ့အဆင့်မှာ အဆံမပြည့်တဲ့ စပါးစေ့များဖြစ်ခြင်း
လိပ်နေတဲ့စပါးရွက်တွေမှာလည်း ရေငတ်တဲ့လက္ခဏာတွေ တွေ့ရပါတယ်။ စပါးသရစ်ပိုး ဖျက်ဆီးတာဟုတ်မဟုတ် အတည်ပြုရန် ကွေးနေတဲ့စပါးရွက်ထဲမှာ စပါးသရစ်ပိုးရှိမရှိ စစ်ဆေးပါ။
• စပါးရွက်မျက်နှာပြင်ပေါ်မှာ ဥတစ်ဝက်ပေါ်နေခြင်းနဲ့အတူ စပါးရွက်တစ်ရှူးပေါ်မှာ နို့နှစ်ဖြူရောင် ဥများတွေ့ရခြင်း
• အဝါရောင်လောက်ကောင်တွေနဲ့ ညိုရင့်ရောင် အရွယ်ရောက်ကောင်တွေက စပါးပင်တစ်ရှူးတွေကို စုတ်ပြတ်စေခြင်း
• အရွက်များအရောင်ပျက်ပြီး လိပ်နေခြင်းနဲ့ စပါးရွက်တစ်ရှူးအများကြီး ဖယ်ရှားခံရခြင်းကြောင့် အလင်းဖောက်နိုင်တဲ့ စပါးရွက်ကြောသာ ကျန်တော့ခြင်း
စီးပွားရေးအရအရေးပါပုံ
ခြောက်သွေ့ရာသီအတောအတွင်းမှာ စပါးသရစ်ပိုးဟာ ပိုမိုဆိုးဝါးတဲ့ ဖျက်ပိုးဖြစ်ပါတယ်။ ၄င်းဟာ ပျိုးပင်အဆင့် ဒါမှမဟုတ် အစောစိုက်စပါးခင်းစိုက်ပြီး (၂) ပတ်အကြာမှာ စပါးပင်တွေကို ဖျက်ဆီးပါတယ်။
မလေးရှားနိုင်ငံက တိုက်ရိုက်စိုက်စပါးခင်းတွေမှာ စိုက်ပြီး ရက် (၂) မှာ ဖျက်ဆီးမှု ဆိုးဝါးရင် အထွက်ဆုံးရှုံးမှုဟာ ၁၀၀% အထိရောက်နိုင်ပါတယ်။
ကာကွယ်နှိမ်နင်းနည်း
• စပါးသရစ်ပိုးခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုးပါ။ ရနိုင်တဲ့စပါးမျိုးတွေအတွက် ခေတ်မီစပါးမျိုးစာရင်းကို ဒေသဆိုင်ရာ စိုက်ပျိုးရေးရုံးတွေနဲ့ ဆက်သွယ်ပါ။
• စပါးသရစ်ပိုးကျနေတဲ့ စပါးခင်းကို (၂၀) ရက်ကြာ ရေလွှမ်းပါ။
• သရစ်ပိုးရဲ့ သားရဲကောင်တွေဖြစ်ကြတဲ့ လိပ်ခုံးကျိုင်း၊ အန်သိုကိုးရစ် ကြမ်းပိုးနဲ့ စတာဖီလီနစ်ကျိုင်းကောင်တွေကို တိုးပွားအောင်အားပေးပါ။
• အောက်ပါ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်း အသုံးပြုပါ။
◦ အဆီဖိတ် (Acephate)
◦ ဒိုင်မီသိုအိတ် (Dimethoate)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့်)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးသရစ်ပိုး (သို့) လှေးပိုး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
စပါး အဖုံးလုံးနေပီ ဘာရောဂါကျနေလည်း မသိ
နံပတ်2 • ဖြေကြားချက် 1 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်အရွက်တွေဝါပြိးအဆစ်လိုက်ပျက်ကျဘာဆေးသုံးရမလဲ
Maung Maung Htay • ဖြေကြားချက် 1 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020