စပါးရွက်လိပ်ပိုး/စပါးရွက်ခေါက်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

28/02/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

     စပါးရွက်လိပ်/ရွက်ခေါက်ပိုးလောက်ကောင်တွေဟာ သူတို့ကိုယ်သူတို့ စပါးရွက်နဲ့ပတ်လည်ကို လိပ်လိုက်ပြီး ငွေခြည်မျှင်တွေနဲ့အတူ ရွက်အနားသားတွေကို တွယ်ကပ်နေကြပါတယ်။ 

    ၄င်းတို့ဟာ လိပ်/ခေါက်နေတဲ့အရွက်အတွင်းကို စားသောက်ကြပြီး စပါးရွက်ပြားပေါ်မှာ အရှည်လိုက်ရှိတဲ့ အဖြူရောင်နဲ့ အလင်းဖောက်နိုင်တဲ့ စင်းကြောင်းများကို ဖြစ်စေပါတယ်။ 

    မြေသြဇာအလွန်အကျွံသုံးစွဲခြင်းဟာ လျင်မြန်စွာမျိုးပွားခြင်းကို အားပေးပါတယ်။ စပါးခင်းထဲနဲ့ ကန်သင်းပတ်လည်က မြက်မျိုးနွယ်ဝင်ပေါင်းတွေရှိတာ၊ စိုထိုင်းဆမြင့်မားတာ၊ စပါးခင်းဘေးမှာ အရိပ်ဧရိယာတွေရှိတာဟာ ဒီဖျက်ပိုးဖွံ့ဖြိုးကြီးထွားမှုကို အားပေးပါတယ်။

    ရေသွင်းစနစ်နဲ့ စပါးစိုက်ဧရိယာချဲ့ထွင်တာ၊ စပါးဧရိယာအများကြီးစိုက်တာနဲ့ ပိုးသတ်ဆေး အသုံးပြုမှုများတာဟာ ဒီဖျက်ပိုးပေါများမှုကို တိုးစေတဲ့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

    စပါးရွက်လိပ်/ရွက်ခေါက်ပိုးကို စပါးစိုက်ပတ်ဝန်းကျင်မှာ တွေ့ရပြီး မိုးရာသီအတောအတွင်း ပိုမိုပေါများစွာတွေ့ရပါတယ်။ ၄င်းတို့ကို အများအားဖြင့် အရိပ်ရဧရိယာတွေနဲ့ မြေသြဇာအလွန်အကျွံသုံးတဲ့ စပါးခင်းတွေမှာ တွေ့ရပါတယ်။ အပူပိုင်းစပါးစိုက်ဧရိယာတွေမှာ သူတို့ဟာ တစ်နှစ်ပတ်လုံး တက်ကြွနေကြပြီး  သမပိုင်းနိုင်ငံတွေမှာ သူတို့ဟာ မေလကနေ အောက်တိုဘာလအထိ တက်ကြွကြပါတယ်။ အရွက်ရောက်ကောင်တွေဟာ ညထွက်ကောင်တွေဖြစ်ကြပြီး နေ့ဖက်မှာ ကပ်ပါးပြုမှုက ကင်းလွတ်အောင် အရိပ်အောက်မှာ နေကြပါတယ်။ ဖလံတွေဟာ နှောက်ယှက်ခံရတဲ့အခါ အကွာအဝေး အနီးလေးဆီကို ပျံသန်းသွားပါတယ်။

အမျိုးအစားခွဲခြားခြင်း

စပါးပင်တွေမှာ အောက်ပါလက္ခဏာတွေကို စစ်ဆေးပါ။

    • ဖျက်ဆီးခံထားရတဲ့ စပါးရွက်တွေပေါ်ရှိ အလျားလိုက် အလင်းဖောက်နိုင်တဲ့ အဖြူရောင်သန်းတဲ့ စင်းကြောင်းများ

    • ပြွန်ပုံစံခေါက်/လိပ်နေတဲ့ စပါးရွက်များ

    • တစ်ခါတစ်ရံ စပါးရွက်ဖျားများက စပါးရွက်ရဲ့ အခြေပိုင်းကို ခိုင်မြဲစွာ ကပ်တွယ်နေခြင်း

    • ဆိုးဝါးစွာဖျက်ဆီးခံထားရတဲ့ စပါးခင်းတွေမှာ ခေါက်/လိပ်နေတဲ့ စပါးရွက်တွေနဲ့အတူ မီးကျွမ်းသလို ဖြစ်နေခြင်း 

ဒါ့အပြင် ပင်ပွားထွက်ချိန်နဲ့ ပန်းပွင့်ချိန်အတောအတွင်း အင်းဆက်တွေရှိမရှိ စစ်ဆေးပါ။ အခြားဖျက်ဆီးမှုလက္ခဏာတွေမှာ အောက်ပါတို့လည်းပါဝင်ပါတယ်။

    • အချပ်အပြားအဝိုင်းပုံစံ ဘဲဥပုံဥတွေကို တစ်လုံးချင်းအုခြင်း

    • အငယ်ဆုံး ပွင့်အာမှုမရှိသေးတဲ့ စပါးရွက်တွေရဲ့အခြေမှာ လောက်ကောင်ငယ်များက စားသောက်နေခြင်း

    • စားသောက်နေတဲ့ လောက်ကောင်တွေနဲ့ အလုံပိတ်ထားတဲ့ ခေါက်/လိပ်နေတဲ့ စပါးရွက်များရှိခြင်း

    • မစင်များရှိခြင်း

စီးပွားရေးအရအရေးပါပုံ 

    ရွက်ခေါက်/လိပ်ပိုးတွေကြောင့်ဖြစ်တဲ့ ဖျက်ဆီးမှုဟာ စပါးအလံရွက် တစ်ဝက်ထက် ဖျက်ဆီးခြင်းခံရတဲ့အခါနဲ့ ပင်ပွားတစ်ခုစီက နောက်ထပ် အငယ်ဆုံးစပါးရွက်နှစ်ခုတို့ကို ဖျက်ဆီးခံရတဲ့အခါ အရေးကြီးပါတယ်။ 

    ပင်ပိုင်းကြီးထွားမှုအဆင့်တွေမှာ စပါးပင်တွေဟာ ယေဘုယျအားဖြင့် ပြန်လည်နလံထလာ နိုင်ပြီး မျိုးပွားအဆင့်တွေမှာ ဖျက်ဆီးခံရပါက ဖျက်ဆီးမှုက စီးပွားရေးအရ အရေးကြီးပါတယ်။ အလံရွက်တွေပေါ်ကို စားသောက်မှုမြင့်မားလာပါက အထွက်ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။

    စပါးစိုက်ရာသီအစောဆုံးမှာ ပိုးသတ်ဆေးအသုံးပြုမှုဟာ စီးပွားရေးအရ ပြန်ရချက်မရှိပါဘူး။ ဒါပေမဲ့ သဘာဝ ဇီဝထိန်းချုပ်လုပ်ငန်းစဉ်များရှိ ဂေဟဆိုင်ရာအဟန့်အတားတွေကို ဖြစ်စေနိုင်ပြီး စပါးဖြုတ်ပိုးလို ဒုတိယအရေးကြီးဖျက်ပိုး ဖွံ့ဖြိုးကြီးထွားမှုကို တိုးစေပါတယ်။ 

ကာကွယ်နှိမ်နင်းခြင်း

စပါးရွက်လိပ်/ရွက်ခေါက်ပိုး အဆမတန်ပေါများလာမှုကို ကာကွယ်ဖို့

    • စပါးရွက်လိပ်/ရွက်ခေါက်ပိုးခံနိုင်ရည်ရှိတဲ့ စပါးမျိုးများကို စိုက်ပျိုးပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးတွေအတွက် ဒေသအလိုက် မြို့နယ်စိုက်ပျိုးရေးရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။

    • စပါးနဲ့မတူတဲ့ အခြားသီးနှံတွေနဲ့ သီးလှည့်စိုက်ပါ။ ဒါမှမဟုတ် ဘာမှမစိုက်ဘဲထားတဲ့ကာလ ကြာရှည်ပါစေ။

    • လမိုင်းထားခြင်းကို ရှောင်ရှားပါ။

    • ဖြစ်နိုင်ပါက စပါးရိတ်သိမ်းပြီးတဲ့နောက်မှာ စပါးခင်းကို ရေလွှမ်းပြီး ထယ်ထိုးပါ။

    • စပါးခင်းနဲ့ ကန်သင်းပေါ်က မြက်မျိုးနွယ်ဝင်ပေါင်းတွေကို ဖယ်ရှားပါ။

    • အပင်စိပ်စိပ်စိုက်ခြင်းကို လျှော့ချပါ။

    • မြေသြဇာနှုန်းထားကို မျှတစွာ သုံးစွဲပါ။

    အစောပိုင်း စပါးကြီးထွားစဉ်ကာလအတွင်း ပိုးသတ်ဆေးဖျန်းခြင်းကို မထောက်ခံပါ။ အာရှတိုက်က တောင်သူများစွာဟာ လိုအပ်တဲ့ ဘေးကင်းတဲ့ ဆေးဖျန်းကိရိယာမရှိတာကြောင့် မသုံးစွဲသင့်ပါ။  ဆေးဖျန်းသင့်မဖျန်းသင့်ကို ဆုံးဖြတ်ဖို့ နီးစပ်ရာ သီးနှံကာကွယ်ရေးပညာရှင်ရဲ့ လမ်းညွှန်မှုကို ခံယူပါ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်