စပါးပင်စည်ပုပ်ရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

15/05/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရောဂါလက္ခဏာများ

    စပါးပင်စည်ပုပ်ရောဂါဟာ ဒဏ်ရာများကိုဖြစ်စေပြီး ဗိုက်သားဖြူဆန်သားနဲ့ အဆံမပြည့်တဲ့ စပါးနှံတွေကို ဖြစ်စေပါတယ်။

တွေ့ရှိရသည့်နေရာ

    ရောဂါကျမှိုမျှင်စုတွေကို မြေကြီးရဲ့ အပေါ်ယံလွှာမှာ တွေ့ရပါတယ်။ ၄င်းတို့ဟာ လေနဲ့ခြောက်နေတဲ့မြေကြီး၊ မြုပ်နေတဲ့ စပါးစိုက်စိုစွတ်မြေနဲ့ ရေဘုံဘိုင်ရေမှာ အသက်ရှင်နေကြပါတယ်။ ၄င်းတို့ဟာ မြေကြီးထဲမြုပ်နေတဲ့ ကောက်ရိုးထဲမှာတောင် အသက်ရှင်နေနိုင်ပါတယ်။ မှိုမျှင်စုဟာ သွင်းရေပေါ်နဲ့ ရောဂါကျ အသစ်စိုက်ထားတဲ့ စပါးပင်တွေပေါ်မှာ ပေါလောပေါ်နေပါတယ်။

    အပင်ယိုင်လဲခြင်း ဒါမှမဟုတ် အင်းဆက်ဖျက်ပိုး တိုက်ခိုက်ခြင်းကြောင့်ရတဲ့ ဒဏ်ရာတွေကတစ်ဆင့် စပါးပင်တွေကို ရောဂါကျတာ ပိုမိုမြင့်မားပါတယ်။ စပါးနှံ အစိုဓါတ်ပါဝင်မှုနဲ့  နိုက်ထရိုဂျင်မြေသြဇာဟာလည်း ဒီရောဂါ ဖွံ့ဖြိုးမှုကို လွှမ်းမိုးပါတယ်။

ရောဂါခွဲခြားနည်း

    စပါးပင်ပေါ်မှာ အောက်ပါလက္ခဏာများရှိမရှိ စစ်ဆေးပါ။ 

    • ရောဂါကျစပါးပင်စည်ထဲမှာ မျက်စိနဲ့မြင်နိုင်တဲ့ မြောက်များစွာသော သေးငယ်တဲ့ အဖြူရောင်နဲ့ အနက်ရောင် မှိုမျှင်စုများ 

    • ရောဂါကျ စပါးပင်စည်တွေ ယိုင်လဲပြီး အဆံမပြည့်တဲ့ စပါးနှံတွေနဲ့  ဗိုက်သားဖြူစပါးစေ့တွေဖြစ်ပေါ်ခြင်း

    ကနဦးရောဂါလက္ခဏာတွေဟာ သေးငယ်ပြီး ရေအမြင့်အနီးမှာရှိတဲ့ အပြင်ဖက်အကျဆုံး စပါးရွက်ဖုံးပေါ်မှာ ပုံသဏ္ဌာန်မမှန်တဲ့ အနက်ရောင် ဒဏ်ရာတွေဖြစ်ကြပါတယ်။ ရောဂါတိုးလာတာနဲ့ ဒဏ်ရာဟာ ကျယ်ပြန့်လာပါတယ်။ ဆိုးဝါးစွာကျရောက်ခဲ့ရင် စပါးပင်ပွားတွေကို သေစေပါတယ်။

စီးပွားရေးအရ အရေးပါပုံ

    အစောပိုင်း စပါးနှံထွက်ချိန်နဲ့ စပါးစေ့တည်ချိန်အတောအတွင်း စပါးပင်ပေါ်မှာ ရောဂါကျတာကို တွေ့ရပါတယ်။ စပါးရွက်ဖုံးတွေ ပုပ်သွားပြီး ယိုင်လဲကာ စပါးစေ့တည်တာကို နိမ့်စေပါတယ်။ ၄င်းဟာ နိုင်ငံများစွာမှာ ကြီးမားတဲ့ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။

    ဥပမာအနေနဲ့ ဂျပန်နိုင်ငံမှာ ဟက်တာပေါင်း ၅၁၀၀၀ ကနေ ၁၂၂၀၀၀ အထိ ရောဂါကျပြီး နှစ်စဉ် တန်ချိန် ၁၆၀၀၀ ကနေ ၃၅၀၀၀ အထိ ဆုံရှုံးပါတယ်။ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့  အိန္ဒိယနိုင်ငံ တွေမှာ အထွက် ၃၀% ကနေ ၈၀% အထိ ဆုံရှုံးတယ်လို့ မှတ်တမ်းရှိပါတယ်။

ကာကွယ်နှိမ်နင်းခြင်း

    • ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေကို စိုက်ပါ။ ရရှိနိုင်တဲ့ ခေတ်မီစပါးမျိုးတွေအတွက် သက်ဆိုင်ရာ ဒေသဆိုင်ရာ စိုက်ပျိုးရေးဌာနနဲ့ ဆက်သွယ်ပါ။

    • စပါရိတ်ပြီးတဲ့အခါ ကျန်ရှိနေတဲ့ကောက်ရိုးနဲ့ ဘယ်သီးနှံအကြွင်းအကျန်မဆို မီးရှို့ပါ။ ဒါမှမဟုတ် ကောက်ရိုးတွေကို ဆွေးမြေ့အောင်လုပ်ပါ။

    • မှိုမျှင်စု လျော့နည်းဖို့ စပါးခင်းကရေကို ထုတ်ပေးပါ။

    • မြေသြဇာအသုံးပြုမှုကို ချိန်ညှိပါ။ ဒါမှမဟုတ် မြေသြဇာကို ခွဲကျွေးပြီး ပိုတက်ရှ်မြေသြဇာများများသုံးကာ  မြေကြီးချဉ်ငန်ဓါတ်မြင့်ဖို့ ထုံးထည့်ပါ။

    • အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

    • ပရိုပီကိုနာလ်ဇိုးလ် (Propiconazole)

    • ကလိုရိုသာလိုနေးလ် (Chlorothalonil)

    • သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)

    • ဘီနိုမိုင်း (Benomyl)

    • ဗလီဒါမိုင်ဆင် (Validamycin)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်