စပါးပင်စည်ပုပ်ရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

15/05/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရောဂါလက္ခဏာများ

    စပါးပင်စည်ပုပ်ရောဂါဟာ ဒဏ်ရာများကိုဖြစ်စေပြီး ဗိုက်သားဖြူဆန်သားနဲ့ အဆံမပြည့်တဲ့ စပါးနှံတွေကို ဖြစ်စေပါတယ်။

တွေ့ရှိရသည့်နေရာ

    ရောဂါကျမှိုမျှင်စုတွေကို မြေကြီးရဲ့ အပေါ်ယံလွှာမှာ တွေ့ရပါတယ်။ ၄င်းတို့ဟာ လေနဲ့ခြောက်နေတဲ့မြေကြီး၊ မြုပ်နေတဲ့ စပါးစိုက်စိုစွတ်မြေနဲ့ ရေဘုံဘိုင်ရေမှာ အသက်ရှင်နေကြပါတယ်။ ၄င်းတို့ဟာ မြေကြီးထဲမြုပ်နေတဲ့ ကောက်ရိုးထဲမှာတောင် အသက်ရှင်နေနိုင်ပါတယ်။ မှိုမျှင်စုဟာ သွင်းရေပေါ်နဲ့ ရောဂါကျ အသစ်စိုက်ထားတဲ့ စပါးပင်တွေပေါ်မှာ ပေါလောပေါ်နေပါတယ်။

    အပင်ယိုင်လဲခြင်း ဒါမှမဟုတ် အင်းဆက်ဖျက်ပိုး တိုက်ခိုက်ခြင်းကြောင့်ရတဲ့ ဒဏ်ရာတွေကတစ်ဆင့် စပါးပင်တွေကို ရောဂါကျတာ ပိုမိုမြင့်မားပါတယ်။ စပါးနှံ အစိုဓါတ်ပါဝင်မှုနဲ့  နိုက်ထရိုဂျင်မြေသြဇာဟာလည်း ဒီရောဂါ ဖွံ့ဖြိုးမှုကို လွှမ်းမိုးပါတယ်။

ရောဂါခွဲခြားနည်း

    စပါးပင်ပေါ်မှာ အောက်ပါလက္ခဏာများရှိမရှိ စစ်ဆေးပါ။ 

    • ရောဂါကျစပါးပင်စည်ထဲမှာ မျက်စိနဲ့မြင်နိုင်တဲ့ မြောက်များစွာသော သေးငယ်တဲ့ အဖြူရောင်နဲ့ အနက်ရောင် မှိုမျှင်စုများ 

    • ရောဂါကျ စပါးပင်စည်တွေ ယိုင်လဲပြီး အဆံမပြည့်တဲ့ စပါးနှံတွေနဲ့  ဗိုက်သားဖြူစပါးစေ့တွေဖြစ်ပေါ်ခြင်း

    ကနဦးရောဂါလက္ခဏာတွေဟာ သေးငယ်ပြီး ရေအမြင့်အနီးမှာရှိတဲ့ အပြင်ဖက်အကျဆုံး စပါးရွက်ဖုံးပေါ်မှာ ပုံသဏ္ဌာန်မမှန်တဲ့ အနက်ရောင် ဒဏ်ရာတွေဖြစ်ကြပါတယ်။ ရောဂါတိုးလာတာနဲ့ ဒဏ်ရာဟာ ကျယ်ပြန့်လာပါတယ်။ ဆိုးဝါးစွာကျရောက်ခဲ့ရင် စပါးပင်ပွားတွေကို သေစေပါတယ်။

စီးပွားရေးအရ အရေးပါပုံ

    အစောပိုင်း စပါးနှံထွက်ချိန်နဲ့ စပါးစေ့တည်ချိန်အတောအတွင်း စပါးပင်ပေါ်မှာ ရောဂါကျတာကို တွေ့ရပါတယ်။ စပါးရွက်ဖုံးတွေ ပုပ်သွားပြီး ယိုင်လဲကာ စပါးစေ့တည်တာကို နိမ့်စေပါတယ်။ ၄င်းဟာ နိုင်ငံများစွာမှာ ကြီးမားတဲ့ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။

    ဥပမာအနေနဲ့ ဂျပန်နိုင်ငံမှာ ဟက်တာပေါင်း ၅၁၀၀၀ ကနေ ၁၂၂၀၀၀ အထိ ရောဂါကျပြီး နှစ်စဉ် တန်ချိန် ၁၆၀၀၀ ကနေ ၃၅၀၀၀ အထိ ဆုံရှုံးပါတယ်။ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့  အိန္ဒိယနိုင်ငံ တွေမှာ အထွက် ၃၀% ကနေ ၈၀% အထိ ဆုံရှုံးတယ်လို့ မှတ်တမ်းရှိပါတယ်။

ကာကွယ်နှိမ်နင်းခြင်း

    • ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေကို စိုက်ပါ။ ရရှိနိုင်တဲ့ ခေတ်မီစပါးမျိုးတွေအတွက် သက်ဆိုင်ရာ ဒေသဆိုင်ရာ စိုက်ပျိုးရေးဌာနနဲ့ ဆက်သွယ်ပါ။

    • စပါရိတ်ပြီးတဲ့အခါ ကျန်ရှိနေတဲ့ကောက်ရိုးနဲ့ ဘယ်သီးနှံအကြွင်းအကျန်မဆို မီးရှို့ပါ။ ဒါမှမဟုတ် ကောက်ရိုးတွေကို ဆွေးမြေ့အောင်လုပ်ပါ။

    • မှိုမျှင်စု လျော့နည်းဖို့ စပါးခင်းကရေကို ထုတ်ပေးပါ။

    • မြေသြဇာအသုံးပြုမှုကို ချိန်ညှိပါ။ ဒါမှမဟုတ် မြေသြဇာကို ခွဲကျွေးပြီး ပိုတက်ရှ်မြေသြဇာများများသုံးကာ  မြေကြီးချဉ်ငန်ဓါတ်မြင့်ဖို့ ထုံးထည့်ပါ။

    • အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

    • ပရိုပီကိုနာလ်ဇိုးလ် (Propiconazole)

    • ကလိုရိုသာလိုနေးလ် (Chlorothalonil)

    • သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)

    • ဘီနိုမိုင်း (Benomyl)

    • ဗလီဒါမိုင်ဆင် (Validamycin)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်