ရာသီဥတုပြောင်းလဲခြင်းက သီးနှံဖျက်ပိုးနဲ့ ရောဂါများအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ

15/01/2020 11:15 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ရာသီဥတု​ပြောင်းလဲခြင်းကြောင့် သီးနှံရောဂါများနှင့် အင်းဆက်ဖျက်ပိုးပျံ့နှံ့ခြင်းအားဟာ လျင်မြန်စွာပြောင်းလဲနေပါတယ်။ ဒါ့ကြောင့် ၄င်းတို့ကို ကာကွယ်နှိမ်နင်းရတာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

   ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ အပူချိန်တွေမြင့်မားခြင်းဟာ သီးနှံတွေမှာ ကျရောက်တဲ့ အင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ သက်ရောက်မှု အားလုံးဟာ ဆိုးကျိူးရှိမှာလား၊ ကောင်းကျိုးရှိမှာလားဆိုတဲ့ မေးခွန်းကတော့ ဖြေဖို့လိုနေသေးတဲ့ မေးခွန်းပါပဲ။

   မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဟာ အရွက်တွေမှာ ရိုးရှင်းတဲ့ သကြားဓါတ်အဆင့်နဲ့ နိုက်ထရိုဂျင်ဓါတ်ပါဝင်မှုကို လျော့နည်းစေပါတယ်။ အဲဒီလိုဖြစ်ခြင်းဟာ များစွာသောအင်းဆက်တွေရဲ့ ဖျက်ဆီးမှုကို တိုးစေပါတယ်။ အင်းဆက်တွေဟာ ၄င်းတို့ရဲ့ ဇီဝကမ္မလိုအပ်ချက်ဖြစ်တဲ့ နိုက်ထရိုဂျင်ဓါတ်ကို ကာမိစေဖို့ အရွက်တွေကို ပိုစားပါတယ်။ ဒါ့ကြောင့် အင်းဆက်တွေရဲ့ဖျက်ဆီးမှုတိုင်းဟာ ပိုပြီးဆိုးဝါးပြင်းထန်ပါတယ်။ အဓိကအားဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်မြင့်တက်မှုရဲ့ အကျိုးဆက်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် အပူချိန်မြင့်မားခြင်းဟာ ပိုများတဲ့ ဖျက်ပိုးအရေအတွက်ကို ဆောင်းရာသီမှာ အသက်ရှင်သန်နိုင်တယ်လို့ ဆိုလိုတာပါ။ မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဟာ ရောဂါတွေရဲ့ ဆောင်းခိုခြင်းကို ပိုမိုလွယ်ကူစေပြီး အပူချိန်မြင့်တက်ခြင်းဟာ အပူကြိုက်မှိုတွေကို ရှင်သန်ဖို့အခွင့်အရေး ပေးပါတယ်။ အပူချိန်မြင့်တက်ခြင်းဟာ ကမ္ဘာဖက်ခြမ်း နှစ်ဖက်စလုံးတို့မှာ များစွာသော အင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေကို ဝင်ရိုးစွန်းဖက်သို့ ပျံ့နှံ့စေပါတယ်။ ဒီလိုဖြစ်တာဟာ သမပိုင်းရာသီဥတုရှိတဲ့ ဇုံမှာ အချိန်ကာလပိုမိုရှည်ကြာစွာနဲ့ ပိုမိုတိုက်ခိုက်ခြင်းခံရပါတယ်။

   ရာသီဥတုပြောင်းလဲခြင်းရဲ့ အခြားဖြစ်နိုင်တဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တစ်ဖက်မှာ ပိုမိုမြင့်တက်လာတဲ့ အပူချိန်ဟာ အချို့ပိုးသတ်ဆေးတွေရဲ့ ထိရောက်မှုကို နိမ့်ကျစေပေမဲ့ အခြားတစ်ဖက်မှာ များစွာသောရောဂါတွေရဲ့ သယ်ဆောင်ဖြန့်ဖြူးပေးတဲ့ အင်းဆက်တွေနဲ့ အင်းဆက်ဖျက်ပိုးတွေ၊ ရောဂါတွေရဲ့ သဘာဝသားရဲတိရစ္ဆာန်တွေကို အခွင့်အရေးပေးပါတယ်။ ဒါ့ကြောင့်မို့ အင်းဆက်ဖျက်ပိုးနဲ့ ရောဂါတို့အပေါ်မူတည်ပြီး မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဟာ အပူချိန်ပိုမိုမြင့်တက်လာတာနဲ့အတူ ကောင်းကျိုးရှိနိုင်သလို ဆိုးကျိုးလည်းရှိနိုင်ပါတယ်။ ဒီလိုအပြန်အလှန် ဆက်နွယ်မှုတွေဟာ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ကနဦးကာကွယ်နှိမ်နင်းဖို့အတွက် အင်းဆက်ဖျက်ပိုး ဒါမှမဟုတ် ရောဂါတွေရဲ့ မျက်စိနဲ့မြင်နိုင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖို့လိုပါတယ်။

   မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ အပူချိန်တွေဟာ အင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေရဲ့ ဖျက်ဆီးနိုင်တဲ့အဆင့်ကာလကို ပြောင်းလဲမြဲ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။

   အထက်မှာ ဖော်ပြခဲ့သလို မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ အပူချိန်တွေဟာ သက် ဆိုင်ရာ အင်းဆက်ဖျက်ပိုးနဲ့ ရောဂါတို့အပေါ်မူတည်ပြီး ကောင်းကျိုး ဒါမှမဟုတ် ဆိုးကျိုး ရှိနိုင်ပါတယ်။ ဒီပြောင်းလဲခြင်းတွေရဲ့ အကျိုးရလဒ်ကို ကြိုတင်သိမြင်နိုင်မှုမရှိဘဲ ကာကွယ်နှိမ်နင်းမှုကို စတင်ဖို့ အင်းဆက်ဖျက်ပိုး ဒါမှမဟုတ် ရောဂါရဲ့လက္ခဏာကို စောင့်ကြည့်ခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပါတယ်။ အဓိကသီးနှံအင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေကို လက်နဲ့ စစ်တမ်းကောက်ယူပြီး စုစည်းတာဟာ ကုန်ကျစရိတ်များပြီး မဖြစ်နိုင်သလောက်နီးပါးရှိပါတယ်။

   ဒီအခြေအနေတွေအောက်မှာ မှိုစပိုးတွေနဲ့ အင်းဆက်ထောင်ချောက်ဒေတာတွေဟာ အင်းဆက်ဖျက်ပိုးနဲ့ ရောဂါတွေရဲ့ ကျရောက်မှုကို ကြိုတင်ခန့်မှန်းရာမှာ အကူအညီရစေပါတယ်။ ဆည်ရေသောက်နဲ့ မိုးရေသောက်သီးနှံအားလုံးကို လွှမ်းခြုံနိုင်ဖို့ ရောဂါကွန်ယက်နဲ့ အင်းဆက်ထောင်ချောက် ဗဟိုဌာနတွေကို တည်ထောင်ဖို့လိုပါတယ်။ ကွန်ယက်ဟာ အနည်းဆုံး စခန်းတွေနဲ့အတူ အဓိက ဆည်ရေသောက်သီးနှံတွေကို လွှမ်းခြုံနိုင်မှုကို သေချာစေဖို့အတွက် မိုးရွာသွန်းမှုညီညာသည့်ဇုံ ပုံကြမ်းနဲ့ သီးနှံ − ရာသီဥတုဇုံတွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

   ကာကွယ်နှိမ်နင်းမှု လုပ်ဆောင်ချက်ကုန်ကျစရိတ်ကျော်လွန်မှုမှ သီးနှံဆုံးရှုံးမှုကိုကာကွယ်ဖို့ စီးပွားရေးအရ ထိခိုက်နိုင်မှုအဆင့် (ETL) ကို တိုင်းတာဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ စီးပွားရေးထိခိုက်နိုင်မှု အဆင့်ဆိုတာ သီးနှံဆုံးရှုံးမှုဟာ ကာကွယ်နှိမ်နင်းမှု ကုန်ကျစရိတ်ထက်ပိုတဲ့ အင်းဆက်အရေအတွက်ကို ဆိုလိုတာဖြစ်ပြီး ဒါဟာ ဖျက်ပိုး၊ သီးနှံ၊ ၄င်းတို့ရဲ့ ကြီးထွားမှုအဆင့်တွေအပေါ် မူတည်ပြီး ပြောင်းလဲပါတယ်။

   ဒီလိုပဲ ရောဂါတွေမှာဆို အရေးကြီးတဲ့ ရောဂါအဆင့် (CDL) ဆိုတာ အဲဒီအဆင့်မရောက်ခင်မှာ မှိုသတ်ဆေး သုံးစွဲစရာမလိုဘဲ အဲဒီအဆင့်ကိုကျော်တာနဲ့ မှိုသတ်ဆေး သုံးစွဲရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ မှိုစပိုးနဲ့ အင်းဆက်ထောင်ချောက်ဒေတာတွေကို အသုံးပြုကာ အင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေကို ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းဖို့အတွက် အရေးကြီးသီးနှံ၊ အင်းဆက်ဖျက်ပိုးများနဲ့ ရောဂါတွေအတွက် စီးပွားရေးအရ ထိခိုက်နိုင်မှုအဆင့်နဲ့ အရေးကြီးတဲ့ရောဂါအဆင့်တို့ကို သတ်မှတ်ထားဖို့ လိုအပ်ပါကြောင်း ရေးသားလိုက်ရပေသည်။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်