ခြင်ကိုက်ခြင်းမှ ကင်းဝေးအောင်
မိုးရာသီကရောက်လာပြီ။ ခြင်တွေကလည်း ပေါလာပြီ။ တုပ်ကွေးရာသီ သွေးလွန်တုပ်ကွေးတွေကြားရတော့မယ်။
ပူနေကြပြီ။ ခြင်တွေကလည်း တကယ်ကိုပေါတာ။ အဲ့တော့ ခြင်တွေရှိတဲ့နေရာတွေမှာ အကိုက်နည်းနည်းပဲဖြစ်ဖြစ် သက်သာစေဖို့ နည်းလမ်းလေးတွေရှာပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။
အိမ်က ဘီရိုထဲမှာမွှေကြည့် နည်းလမ်းလေးတွေ အကုန်ရှိပ။
ပထမဆုံးနည်းလမ်းက လီမွန် ယူကလစ်ဆီနည်းလမ်း
လီမွန် ယူကလစ်ဆီ - (၁) ဇွန်း
သံလွင်ဆီ - ၉ ဇွန်း ဖြစ်ဖြစ် အုန်းဆီဖြစ်ဖြစ် ထည့်ပေးလို့ရပါတယ်။ သူက ဘာလို့ လိမ်းတာလဲဆိုတော့ အသားမှာ စွဲအောင်လို့ ကော်လိုသဘော ထည့်ပေးတာပါပဲ။
အဲဒါကို ခြင်မကိုက်စေချင်တဲ့နေရာမှာ တိုက်ရိုက်လိမ်းပေးလို့ရပါတယ်။ သံလွင်ဆီပဲ သုံးသုံ၊ အုန်းဆီကိုပဲသုံးသုံး ခြင်လည်းမကိုက် အသားလည်းလှတာပေါ့။ အပြင်ဖက်မှာထိုင်နေတယ်ဆိုရင်တော့ ခဏခဏလိမ်းပေးလို့ ရပါတယ်နော်။
နည်းလမ်း(၂)
ပူစီနံအဆီ (၁၂) စက်
အုန်းဆီက (၃) ဇွန်း
(၂)ခုကိုပေါင်း ရောပြီးတော့ လိမ်းပေးရင် ခြင်တွေကိုပြေးစေပါတယ်။ ခြေတွေ လက်တွေကို လိမ်းပေးလို့ရပါတယ်။
တမာဆီနဲ့ အုန်းဆီ
တမာဆီ (၁၀)စက်နဲ့ အုန်းဆီက (၃) ဇွန်းကို ရောပြီးလိမ်းပေးရင်လည်း ခြင်ကိုက်တာကို သက်သာစေပါတယ်
ပန်းသီးရှာလကာရည်နဲ့ အမွှေးဆီ
ပန်းသီးကနေ ထုတ်ထားတဲ့ ရှာလကာရည် (၅) ဇွန်း၊ ရေ (၅) ဇွန်းရယ်၊ အမွှေးဆီ ၁၀ စက်ကနေ ၁၂ စက်တို့ကိုရောပြီးတော့ ဖျန်းဘူးလေးထဲမှာထည့်ပြီး ခြေလက်တွေကိုဖြန်းပေးလို့ရပါတယ်။
လက်ဖက်ရွက်ဆီ နဲ့ အုန်းဆီ
လက်ဖက်ရွက်ဆီက (၁၀) စက် နဲ့ အုန်းဆီက (၃) ဇွန်း ထည့်ပြီးတော့ လိမ်းပေးရမှာပါ။
သစ်ဂျပိုးဆီ
သစ်ဂျပိုး အဆီ (၁၀) စက်၊ ရေ က (၃ - ၄ ) ဇွန်းတို့ကို သေသေချာချာလေး ရောပြီးတော့ လိမ်းထားပေးရင် ခြင်ကိုက်သက်သာစေမှာပါ။
မုန့်ဖုတ်ဆော်ဒါနဲ့ ရှာလကာရည် ထောင်ခြောက်
ရှာလကာရည် (၁) ခွက် ရယ်၊ မုန့်ဖုတ်ဆော်ဒါက ခွက်ရဲ့ လေးပုံတစ်ပုံ လောက်လိုပါတယ်။
ပြီးတော့ ဘူးတစ်ဘူးကိုယူပြီး တစ်ဝက်ဖြတ်လိုက်ပါ။ အောက်ခြေပိုင်းထဲမှာ မုန့်ဖုတ်ဆော်ဒါကို ထည့်ပေးပါ။
ပြီးတော့ ကျန်နေသေးတဲ့ အပေါ်ပိုင်းကို ပြောင်းပြန်လှန်ပြီး နှုတ်ခမ်းဖက်ကနေ ကတော့လို ပြန်ထည့်ပြီးတော့ ရှာလကာရည်လောင်းထည့်လိုက်ပါ။
သူတို့ (၂)ခုတွေ့တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်လာတာကြောင့် ခြင်တွေလာပြီးတော့ ကိုယ်ထောင်ထားတဲ့ထောင်ခြောက်မှာ မိပြီပေါ့။
ထွန်းဝင်းကျော်
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေးသုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ
U San • ဖြေကြားချက် 3 ခု
စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်ရမလဲ နောက်ပြီးဖလံဥမြုံနဲ့ဖလံကောင်များကိုအထိရောက်ဆုံးနိမ်နင်းပေးနိုင်မဲ့ဆေးတေကိုညွန်ပေးပါအုံး
Htun Aung Zaw • ဖြေကြားချက် 1 ခု
ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ချိုကြီး • ဖြေကြားချက် 3 ခု
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from Htunn Winn Kyaw
အားလုံး
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026