pH တိုင်းကြမယ်

19/03/2018 16:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကဲ ဒီတစ်ခေါက်ကျတော့ အရသာလေးတွေအကြောင်းကို ပြောပြကြတာပေါ့။ ချဉ်တာရယ် ငန်တာရယ်။ ငန်တာလား ငံတာလားဆိုတာတော့ သတ်ပုံကျမ်း ရှာဖတ် လိုက်ပါဦးမယ်နော်။ ဦးလေးကြီး သိတာတာကျတော့ ရိုးရိုးဆို ဆားငန်တယ်လို့ ပြောပြီးတော့ ခုပြောမဲ့ဟာကျတော့ ချဉ်ငံကိန်း လို့ ခေါ်တယ်။ ငန်တာ ငံတာ တူတူပဲလို့ ထားလိုက်ပါ။ မြေနဲ့စိုက်တယ်။ ရေနဲ့ စိုက် တယ်။ တကယ်တမ်း ကျတော့ ဘာနဲ့စိုက်စိုက် အပင်ကလေးတွေက သူတို့လိုချင်တဲ့ အခြေအနေ ကို ရောက်ရင် သီးကြမယ် ပွင့်ကြမယ်။ လိုချင်တဲ့ အထွက်ကို ရချင်ရင်တော့ သူတို့ ကြိုက်တဲ့ အနေအထားကို ဖန်တီးပေးပေတော့ 

လောလောဆယ်ကတော့ တောင်သူဦးကြီး ကိုကို မမ ယောက္ခမ အဲလေ တူ တူမ တို့က ဦးလေးကြီးတို့နိုင်ငံမှာ မြေနဲ့စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ပြောလို့လဲ ဘယ်သူကများ မြေကြီး နဲ့ မစိုက်လို့လဲ ဆိုတော့ တစ်ခြားနိုင်ငံတွေမှာတော့ မြေမဲ့စိုက်ပျိုးနည်းစနစ်တွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။ အာဟာရပျော်ရည်ထဲမှာ စိုက်တာတို့၊ မြေကြီးအစားထိုး အရာတွေနဲ့ စိုက်ပျိုး တာတွေ လုပ်နေကြတာ တော်တော်ကို ကြာနေပါပြီ။ ကဲထားပါတော့ မြေကြီးက အလွန်ကို အရေးကြီးတဲ့ သွင်းအားစု အရင်းအနှီးတစ်ခု ဖြစ်နေကြောင်းကို ပြောပြတာပါ။

မီးသွေးခဲ လား စိန်တုံးလား ရွှေမှုန်တွေလား

ကိုယ်စိုက်နေတဲ့ မြေကြီးကို ပြောတာပါ။ သူကလည်း အရေးကြီးတယ်လေ။ သူ့ပေါ်မှာ စိုက်ဖို့ ပျိုးဖို့ ဝယ်ပါတယ်ဆို သဲတောကြီးကိုတော့ ဘယ်သူကမှ မဝယ်ပါဘူး။ အဲ့လိုလေ။ ကောင်းတယ် ထင်လို့ ဝယ်လိုက်တာပဲ။ နောက်မှ ရွှေရည်စိမ်ကြီးဆို ငိုပေတော့လေ။ မြေဈေးက ရွှေဈေးထက် အရေးကြီးတယ်လေနော့။ ဟုတ်ပါပြီ
အမြင်အားဖြင့်တော့ မြေကြီးလို့ဆိုလိုက်ရင် မြေအပြင်ကို ရေ နဲ့ လေက ပါနေတာဖြစ် ပါတယ်။ အပင်တွေက အဲ့ (၃) ခုလုံး လိုအပ်ပါတယ်။ အစကတည်းကလည်း မြေကြီးတစ်ကော် သာ ကလော်လိုက်စမ်းပါ။ အဲ့အထဲမှာ (၄၅) ရာခိုင်နန်ုးကသာ မြေကြီး နဲ့ အပင်ကနေ ရနိုင်တဲ့ အာဟာရတွေဖြစ်ပါတယ်။ (၂၅) ရာခိုင်နုန်းက လေ တွေဖြစ်ပါတယ်။ နောက် (၂၅) ရာခိုင်နုန်းက ရေ ဖြစ်ပါတယ်။ အဲ့တော့ (၉၅) ရာခိုင်နုန်းဖြစ်သွားပြီ။ ကျန်တဲ့ (၅) ရာခိုင်နုန်းကတော့ အဆွေးပစ္စည်း တွေဖြစ်ပါတယ်တဲ့။

ဦးလေးကြီးဖော်ပြထားတဲ့ အချိုးက ရှိသင့်ရှိထိုက်တဲ့ မြေကြီးရဲ့ စံနူန်းဖြစ်ပါတယ်။ စိုက်လို့ ပျိုးလို့ ကောင်းတဲ့ အကောင်းဆုံးမြေပေါ့လေ။ မြေကြီးတွေက တစ်ကွင်းထဲတောင်မှ မတူတာကို တစ်နေရာနဲ့ တစ်နေရာ ဘယ်တူနိုင်မှာလဲ။ ဆိုတော့ကား မြေကြီးကိုလည်း အဲ့လို တိုင်းကြည့် ကြပါဦးနော်။ အပင်တွေအတွက် လေကလည်း လိုတယ်။ ရေလည်း လိုတယ်။ အာဟာရ တွေကလည်း လိုသေးတယ် ဆိုတော့ကား အပင်အတွက် လိုအပ်တဲ့ အာဟာရတွေအကုန်ရှိနေမှ အပင်ရဲ့ အထွက်နူန်း ထွက်ရှိမှုက ပိုကောင်းမှာဖြစ်ပါတယ်။

ကိုယ်တိုင် မြေကြီး နုကြမ်း ခွဲပြီး မြေမျိုးစားခွဲမယ်။

နောက်တစ်ခုကတော့ မြေကြီး အနုအကြမ်း ခွဲခြားတာကို ကိုယ်တိုင်လုပ်နိုင်အောင်လို့ တိုင်းတာနည်းလေး ပြောပြလိုက်ပါတယ်နော်။ အမြင်အားဖြင့်တော့ သဲ၊ နုန်း နဲ့ ရွံ့ဆိုပြီးတော့ (၃) မျိုးခွဲထားတာ ဖြစ်ပါတယ်။ အဲ့အထဲကမှ သဲ ပါဝင်နုန်း၊ ရွံ့ ပါဝင်နုန်း နဲ့ နုန်း ပါဝင်မှုတွေကို အခြေခံပြီးတော့မှ သူက ဘယ်လောက်ပါလို့ သဲနုန်းမြေပါ ဘာညာ ခွဲတာဖြစ်ပါတယ်နော့။

ထားပါတော့ စစချင်း လိုအပ်မှာကတော့ ဖန်ပုလင်း အကြည်တစ်လုံးပါ။ ကိုကိုတို့ BE ပုလင်း ဆိုရ ပါတယ်နော့။ အောက်နားက နည်းနည်းညီတဲ့ ပုလင်းမျိုး၊ ယို ပုလင်းလိုမျိုး၊ အောက်က အဝိုင်းညီတဲ့ ပုလင်း ဆိုရပါတယ်။ ရေသန့်ဘူးလည်း ဖြစ်နိုင်တာပါပဲ။ အတွန့်အတက်တွေ သိပ် မပါတဲ့ဘူး ဆိုလည်း ဖြစ်တာပဲလေ။ ရှာထားပြီး သန့်သန့်လေးဖြစ်အောင် ဆေးထားလိုက်ပါ။ ပေတံ တစ်ချောင်းနဲ့ ဂဏန်းပေါင်းစက် တစ်လုံးတော့လိုပါတယ်။ ရာခိုင်နုန်းတွက်ရမှာမို့ပါပဲ။
ပထမတော့ မြေတစ်ကော်လောက်ကို ယူပြီးတော့ ရေနဲ့ ရောပြီး ခါ ပြီးတော့မှ အဲ့ ပုလင်း သို့ ဘူး ထဲကို ထည့်ပါ။ (၂၄) နာရီဆိုတော့ တစ်ရက်လောက်ကို ငြိမ်ငြိမ်လေးထားပေးပါ။ နောက်တော့ ပါနေကျ ကဲ နောက်တစ်နေ့ကျတော့ ပုလင်းက အနယ်ထိုင်သွားတာကို ပေတံလေးနဲ့တိုင်းကြည့်ရမှာဖြစ်ပါတယ်။ အောက်ဆုံးမှာကကျတော့ အနယ်ကျနေတာက သဲ ဖြစ်ပါတယ်။ နောက် အပေါ်က နုန်း၊ သူ့အပေါ်ကမှ ရွံ့ နဲ့ နောက်ထပ်ကမှ အော်ဂဲနစ်ပစ္စည်းတွေနဲ့ အပေါ်ဆုံးမှာ ထီးထီးကြီးကတော့ ရေပါတဲ့ ခင်ဗျာ။ အဲ့ အလွှာလိုက်တွေကို ပေတံလေးနဲ့တိုင်းကြည့်လိုက်ပါ။ တစ်လွှာချင်းစီကို တိုင်းပြီးတော့မှ မှတ်ထားပေးပါ။ အားလုံးကို တစ်ခါတိုင်း မှတ်။ နောက်တော့မှ သဲ က ဘယ်နှလက်မ ဆိုတာတွေကို အကုန်လုံးမှတ်ထားပေးပါ။ လက်မနဲ့တိုင်းတိုင်း ဘာနဲ့ပဲ တိုင်း တိုင်းပါ။ လက်မ နဲ့တိုင်းရင် လက်မနဲ့ပဲ တိုင်းပါ။ လက်ညိုးနဲ့တိုင်းရင် လက်ညိုးနဲ့ပဲ တိုင်းပါ အဲ့ စင်တီမီတာနဲ့တိုင်းပါ။ တွက်ရတာလွယ်အောင်လို့ ပါ။ နောက်ပိုင်းအတွက်အချက်တွေပါလို့ပါ။

စုစုပေါင်း မြေပမာဏကိုပဲ တွက်တာ ဖြစ်တဲ့အတွက်ကြောင့် သင့်တော်တဲ့ ရေအချိုးအစားနဲ့ မြေကို ဖျော်လို့ရပါတယ်။ကဲတိုင်းပြီးပါပြီတဲ့ ပြောထားတဲ့အတိုင်း ဘာနဲ့တိုင်းတိုင်းပါကွယ်။ ထွက်လာမှာက ဂဏန်း တွေဖြစ်ပါတယ်။

စုစုပေါင်းက - ၅
သဲအလႊာ - ၁
နုန်းအလွှာ - ၂
ရွံ့ အလွှာ - ၁.၇၅
အော်ဂဲနစ် - ၀.၂၅

တွက်ကြည့်ကြတာပေါ့ကွယ်။ ရာခိုင်နုန်းတွက်တော့ အလွှာကို စုစုပေါင်းနဲ့စား ၁၀၀ နဲ့ မြှောက်။ သဲအတွက်တွက်တော့ ၁ ကို စုစုပေါင်း ၅ နဲ့စား အဖြေက ၀.၂ အဲ့ဒါကို ၁၀၀ နဲ့ပြန် မြှောက်ဆိုတော့ ၂၀ ရာခိုင်နုန်းရပါပြီ။

နူန်းအလွှာ အတွက်ဆိုရင် ၂ ÷ ၅ =၀.၄ x ၁၀၀ = ၄၀ ရာခိုင်နုန်း၊ ရွံ့အလွှာအတွက် ဆိုရင် ၁.၇၅ ÷ ၅ =၀.၃၅ x ၁၀၀ = ၃၅ ရာခိုင်နုန်း၊ အော်ဂဲနစ် အတွက်ဆိုရင် ၀.၂၅ ÷ ၅ = ၀.၀၅ x ၁၀၀ = ၅ ရာခိုင်နုန်း

ရာခိုင်နုန်းတွေပြန်ပေါင်းကြည့် ၁၀၀ ပြည့်ရင်မှန်နေပြီ။ နောက် တစ်ခု စစ်နည်းကကျ တော့ တိုင်းတာ က စုစုပေါင်း ၅ လက်မကနေ သဲ က ၁၊ နုန်းက ၂၊ ရွံ့က ၁.၇၅၊ အော်ဂဲနစ်က .၂၅ ဆိုတာကို ပြန်ပေါင်းကြည့်လိုက်လို့ (၅) ဖြစ်သွားရင် မှန်သွားတာပေါ့။ မှားစရာ မရှိတော့တာဖြစ်ပါတယ်။ တွက်ပြီးတာလေးတွေကို ပြန်ရေးချပြီးတော့မှ အောက်က ပုံလေးနဲ့ ပြန်ချိန်ကြည့် လိုက်ပါ။

ကဲ တွေ့ကြတဲ့ အတိုင်းပဲ အနီလိုင်းလေးတွေဆွဲကြည့် လိုက်တော့မှ အဖြေက ထွက်လာရောလေ။ Clay Loam ဆိုတော့ကာ ဘာပြောလဲဆိုတော့ ရွံ့ ဆန်သော မြေစေးလို့ ခေါ်ပါတယ်။ ကျန်တဲ့ clay၊ silt၊ sand တို့ကတော့ ရွံ့စေး၊ နုန်း နဲ့ သဲ တို့ဖြစ်ပါတယ်။ အဲ့လောက်ဆိုရင်တော့ မြေကြီးကို အမျိုးအစားအကြမ်း အဖြစ်လောက်တော့ ခွဲတတ်သွားမှာပါဗျာ။
တစ်ချို့ သီးနှံစိုက်ပျိုးနည်းစာအုပ်တွေမှာ သီးနှံတစ်ခုအကြောင်းကို ရေးကြတဲ့အခါ ဘာမြေမျိုးကို ကြိုက်ပါတယ် ဆိုတာကိုပါ ထည့်ရေးထားလေ့ရှိပါတယ်။ အဲ့အခါကျတော့လည်း မြေအမျိုးအစားကို သိတယ်ဆိုရင် ပိုကောင်းတာဖြစ်ပါတယ်။

pH လွယ်လွယ်တိုင်းမယ်

ကဲ နောက်တစ်ခုကကျတော့ ပီအိပ်ချ်။ မြေချဉ်တာ ငန်တာကို လည်း အဲ့ကောင်နဲ့တိုင်း တယ်။ ရေကိုလည်း အချဉ်အငန်က အဲ့ကောင်နဲ့ပဲ တိုင်းတာတယ်။ pH ပီကို အသေးနဲ့ရေးပြီး တော့ အိပ်ချ်ကို အကြီးနဲ့ ရေးပါတယ်။ အရှည်ကျတော့ potential of hydrogen လို့ခေါ်ပါတယ်။ သူ့ကိုတိုင်းတဲ့ စက်ကိရိယာသေးသေးလေးတွေလည်း ပေါ်နေပါပြီ။ ဈေးလည်း သောင်း ဂဏန်းလောက်ပဲ ရှိပါတော့။

အဲ့ကောင်လေးက 0 ကနေ 14 အထိ အဆင့်တွေရှိတယ်။ 7 ကတော့ ဦးလေးကြီးတို့ သောက်နေတဲ့ ရေကို ပြောတာဖြစ်ပါတယ်။ အရသာ ကင်းမဲ့တယ်ပေါ့လေ။ 7 အောက် ငယ်သွား လေလေ ချဉ်သွားလေဖြစ်ပြီး 7 ထက်ကီးသြွားတယ် 9 10 11 12 လို့ ရင်တော့ ငန်သွားတာ ဖြစ် ပါတယ်။ အပင်တွေ အများစုက pH 5.5-6.5 လောက်ကို နှစ်သက်တာဖြစ်ပါတယ်။ နည်းနည်း ချဉ် တာကို ကြိုက်ကြတာပါပဲ။ ဦးလေးကြီးတို့ ရှေ့မှာ သရက်သီး ကို ငံပြာရည် ငရုတ်သီး နဲ့ တွေ့ရင် သရေကျ သလိုပဲဖြစ်တာနေမှာပါ။

ထားပါတော့ ဦးလေးကြီး အခုတိုင်းမဲ့နည်းလမ်းက စူပါမားကတ်တွေမှာ ရောင်းနေတဲ့ ဂေါ်ဖီထုပ်အနီရောင် လိုပါတယ်။ Red Cabbage လိုအပ်ပါတယ်။ နည်းလမ်းက အဆန်းလေးမို့ စမ်းကြည့်လိုက်ပါဦး။

အနီရောင် ဆိုပေမဲ့ ခရမ်းရောင်ဖက် သမ်းပါလိမ့်မယ်။ ဦးလေးကြီး ကြားဖူးတာက အရောင်ဆိုးထားတဲ့ အတု ရှိတယ်တဲ့။ သတိထားပြီးတော့ ဝယ်ပေါ့ကွယ်။ ရလာရင်တော့ နည်းနည်း နုပ်နုပ် စင်းပြီတော့ ရေဆေးထားပါ။ ရေသန့်ဘူးတစ်ဘူး ၂ ဘူးလောက် ကို ပြေးဝယ် လိုက်ပါဦး။ ပြီးတော့ ရေနွေးအိုးထဲ ထည့်တည်ထားလိုက်ပါ။ ပိုးသေအောင် ထပ်သတ်တာပါ။
နုပ်နုပ်စင်းထားတဲ့ ဟာတွေကို အဲ့ဆူအောင်ကြိုပြီးတဲ့ရေထဲမှာ (၁၀) မိနစ်လောက် စိမ်ပြီးမှ (ပွက်ပွက်ဆူနေတုန်း ထည့်လိုက်ပါနော်) အဖတ်လေးတွေကို ဆယ်ထုတ်လိုက်ပါ။ အရည်လေး တွေ ကျန်မှာပါ ခရမ်းရောင်လေးတွေဖြစ်ပါလိမ့်မယ်။ အဲ့ဒါက pH 7 အတိနားမှာရှိပါတယ်။

အဲ့အရည်လေးတွေကို ခွက်သန့်သန့်လေးထဲမှာ ကိုယ်စစ်ချင်တဲ့ မြေပမာဏကို ထည့်ပြီးတော့ ခွဲလိုက်ပါ။ တစ်ကွက်ပဲ စစ်မယ်ဆို တစ်ခွက်ပေါ့၊ မြေ (၂) ကွက်စစ်ချင်ရင် (၂) ခွက်ပေါ့၊ အနည်းဆုံးကို ပြောတာပါနော်၊ အကြမ်း တစ်ကွက်ကို တစ်ခွက်စီပေါ့။

ပြီးတော့ မြေကြီးကို ဇွန်းနဲ့ (၂) ဇွန်း အပြည့်ကော်လာပြီးမှ အဲ့ခွက်ထဲကို ထည့်လိုက်ရမှာ ဖြစ်ပါတယ်။ ထည့်မဲ့ မြေကြီးနဲ့ ချိန်ပြီးတော့ အရည်ကို ထည့်လိုက်ပေါ့။ နာရီဝက်လောက် ကြာတဲ့ အခါကျတော့ အရောင်ကို တစ်ချက်လောက် ပြန်ကြည့်လိုက်ပါဦး။

 ခရမ်းရောင်ပဲ ဆိုရင်တော့ pH က 7နီးပါးတစ်ဝိုက်မှာပဲ ရှိပါတယ်။

 ပန်းရောင်ဆိုရင်တော့ ချဉ်တဲ့ဖက်ကို ရောက်သွား ပါတယ်။ pH က 1 – 6 ပေါ့ဗျာ။ ပိုချဉ်လေလေ ပန်းရောင်ဖက်သမ်းလေလေ ဖြစ်ပါတယ်။

 အပြာရောင် ဒါမှမဟုတ် အစိမ်းရောင်ဖက်ကို ပြောင်းသွားတယ်ဆိုရင် မြေက ငန်နေတာဖြစ်နိုင်ပါတယ်။ ပိုစိမ်းလေလေ ပို ပြာလေလေ မြေက ငန်လေပဲ ဖြစ်ပါ တယ်။

ဦးလေးကြီး ပြောပြခဲ့တာက ဂေါ်ဖီထုပ်နဲ့ စမ်းတဲ့ နည်းလေးပါပဲ။ အကြမ်းတော့ ရတာပေါ့လေ။ ဘာပဲဖြစ် ဖြစ်

ဗာနီကာနဲ့ မုတ်ဖုတ်မလား

ချဉ်ကုန်မှာပေါ့ဟယ်။ နော့ အဲ့လို မဟုတ်ပါဘူး အရှည်ကို ပြောပြရရင်တော့ အရှည် ပါပဲကွယ်။ အဲလေ ဗာနီကာ နဲ့ မုန့်ဖုတ်တဲ့ ဆော်ဒါကို ပြောတာပါနော်၊ သူတို့နဲ့လည်း ချဉ်ငန်ကိန်းကို တိုင်းလို့ရတယ် ဆိုပါလား သိချင်ရင်တော့ ဆက်ကြည့်ကြရအောင်ဗျာ။

1) မြေကြီးတစ်ခွက်ကို စစ်ချင်တဲ့ နေရာကနေ ယူလိုက်ပါ။

2) နောက်တော့ ဗာနီကာ အရည်ကို လောင်းကြည့်လိုက်ပါ။ လောင်းလောင်းချင်းပဲ အမြုပ်ထတယ်။ တစီစီအသံလေးတွေ ထွက်လာတယ်ဆိုရင် သေချာပါတယ်။ ငန် နေတာဖြစ်ပါတယ်။

3) တကယ်လို့များ အမြုပ်မထခဲ့ဘူးဆိုရင် အကုန်လုံး ရွဲသွားအောင် ဆက်လောင်းပါ စိုပြီး ဆိုရင် မုန့်ဖုတ်တဲ့ ဆော်ဒါကို အဲ့ခွက်ထဲထည့်ပါ။ အမြုပ်ထလာရင်တော့ မြေချဉ်နေတာ သေချာပါတယ်။

4) အဲ့လို ၂ ခုလုံး လုပ်ပြီးတဲ့ အထိမှ အမြုပ်မထရင်တော့ မချဉ် မငန် တဲ့ pH 7 အနေ အထားမှာဖြစ်ပါတယ်။

ကဲ ဘာလိုသေးလဲ လိုတာရှိရင် ပြောပါ ဆရာ...........

လေးစားလျက်
ထွန်းဝင်းကျော်


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်