ဝါးကို မှိုမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ
ဝါးကို မှိုမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ လို့ မေးနေကြတဲ့ မိတ်ဆွေများအတွက် ဗဟုသုတရစေရန်အလိုငှာ လက်လမ်းမှီသလောက် နည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျ
၁) #Boric_Acid နှင့် Borax Powder ဖြင့် ဆေးစိမ်ခြင်း
×××××××××××××××××××××××××××××××××
အများအခေါ်အဝေါ် (လက်ချားအမူန့်) Boric powder နဲ့ Borax acid ကို ၁ ဆ နှင့် ၁ဆ ခွဲ ရောပြီး ၁ ပေါင်လျှင် ရေ၃ဂါလံ နှင့် ၅ ရက်ခန့်စိမ်ခြင်း ဖြင့် ဝါးများကို မိူမတက် ပိုးမထိုးအောင်ကာကွယ်နိုင်ပါတယ်။
ဝါးအတွင်းရှိ သကြားရည်သည် ရေထက်ပြစ်သည်။ ဝါးကို ကန်အတွင်း စိမ်ထားပါက သကြားရည်များထွက်ကာ အချဉ်ပေါက်လာသည်။ နောက်ထပ်တဖန်စိမ်သောအခါ အလျဉ်ရလာသောကြောင့် လေးရက်ခန့်ကြာလျှင် အချဉ် ပေါက်လာသည်။ ပိုးများကြိုက်သော သကြားဓါတ်များကုန်၍ ပိုးမစားကြောင်းသိရသည်။ ငွေကြေးသက်သာသော် လည်း ကြာကြာထားပါက အပုတ်နံ့ထွက်လာ၍ ရေအနည်းငယ်ချန်ကာ ရေလှဲလယ်သင့်သည်။
၂) #ပင်လယ်ရေတွင် စိမ်ပြီး နေလှမ်းအခြောက်ခံခြင်း
××××××××××××××××××××××××××××××
စီးဆင်းနေသော ရေတွင် သုံးပတ်မှ တစ်လ အထိ စိမ်ထားပါက သကြားရည်နေရာတွင် ရေအစား ဝင်ရောက်သွားသည်။ ထိုကြောင့် ရေစိမ်ဝါးသည် ပိုးမစားကြောင်း တွေ့ရသည်။ ဝါးကို ရေစိမ်ပါက အရောင်ပြောင်းလဲစေသည်။ ရူပ နှင့် အားအင်ဆိုင်ရာများဆုံးရှုံးစေသောကြောင့် ခံနိုင်ရည်ကျဆင်းစေသည်။
၃) #ကြပ်တိုက်ခြင်း
×××××××××××
ဝါးကို ကြပ်တိုက်ခြင်းဖြင့်လည်း ကြာရှည်ခံအောင် ပြုလုပ်နိုင်သည်။ မှိုင်းတိုက်ခြင်း ၊ မီးရှိူ့ရန် မီးသွေး ၊ ထင်း ၊ ဂတ်(စ်) တို့ကိုအသုံးပြုနိုင်သည်။ မီးလောင်စာကြောင့် ဝါးသည် သိပ်သည်းလာပြီးပိုးမွှားအန္တာရာယ်ကာကွယ်နိုင်သည်။
၄) #တန်ဆောင်မုန်းလ (သို့) ဒီရေကျချိန်တွင် ဝါးကို ရွေးချယ်ခုတ်ခြင်း
××××××××××××××××××××××××××××××××
ဝါးသည် သဘာ၀ နှင့် ဆက်စပ်မူအလွန်ရှိသည်။ ဒီရေ တက်လျှင် ဝါးပင်တွင် ရေများတက်ပြီး ဒီရေကျချိန်တွင် ဝါးပင်အတွင်းတွင် ရေများကျသွားတတ်သည်။ လ၏ဆွဲငင်အားဖြင့် မြေကြီးအတွင်းမှ အစာရည်က ဆွဲစုပ်ယူသည်။ လပြည့်ရက်တွင် ဝါးအဆစ်အတွင်း သကြားရည် ပြည့်နေတတ်သည်။ ထို့ကြောင့် လကွယ်ရက်(သို့) တန် ဆောင်မုန်းလတွင် ဝါးခုတ်ပါက ပိုးမွှားအန္တာရယ်သက်သာသည်။
၅) #နေရောင်မရှိချိန်တွင် ဝါးကို ရွေးချယ်ခုတ်ခြင်း
×××××××××××××××××××××××××××××××
သစ်ပင်တို့၏ သဘာ၀သည် အစာချက်ရန် နေရောင်လိုအပ်သည်။ ဝါးပင်သည်လည်း အစာမချက်သောနေရောင် မရှိသောအချိန်တွင် ခုတ်ယူပါက ပိုးစားသက်သာကြောင်းတွေ့ရသည်။
၆) #အပင်တွင် အပြတ် မခုတ်ပဲ အနည်းငယ်ချန်ကာ အရွက်ကျမှ သိမ်းခြင်း
××××××××××××××××××××××××××××××××
ကိုယ်ပိုင်စိုက်ခင်းဖြစ်ပါက သက်တမ်းမှန်သော ဝါးကိုရွေးချယ်ပါ။ အောက်ဆုံးအဆစ်မှ တစ်လက်မလောက်ချန်ထား၍ ပြတ်မသွားအောင် ခုတ်ပါ။ ခုတ်စာထွက်သွေားသောနေရာကို သပ်ခုထားပြီး တခြားအပင်ကို မှီထားပါ ။ ၂ ပတ် ၃ ပတ်ကြာသောအခါ သကြားရည်ထွက်သွားမည်။ ကျန်ရှိသော သကြားဓါတ်ကိုလည်း အရွက်များက အစာချက်၍ သကြားဓါတ်နည်းသွားမည်။ ဝါးအတွင်း ကျန်ရှိသောသကြားရည်သည်လည်း အချဉ်ပေါက်ပြီး အယ်(လ်)ကိုဟောသို့ပြောင်းကာ ပိုးမွှားများမကြိုက်တော့ပါ။ ယခုနည်းသည် အကောင်းဆုံး ဝါးခုတ်နည်း ဖြစ်ပါသည်။
အားလုံးအဆင်ပြေကြပါစေ
Source - ဆရာဝင်းကျော်ဦး။ လေးစားရမည့် ဝါးပင်တို့၏ သဘာ၀ စာအုပ်မှ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 0 ခု
sulfur ဖြန်းပီး နောက်တရက်နေရင် copper oxichloride ဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 3 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 1 ခု
စပါးနီမတုပ်ရောဂါဘာဆေးအသုံးပြုရမလည်းခင်ဗျာ
UTHATNINGOO • ဖြေကြားချက် 1 ခု
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....