မိုက်ခရိုပလတ်စတစ်ကို လျှော့ချနိုင်သည့် နည်းလမ်းများ

22/01/2024 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မိုက်ခရိုပလတ်စတစ်များ ပတ်ဝန်းကျင်နှင့် လူသားပေါ်မည်သို့မည်ပုံဒုက္ခပေးသည်ကို အရှေ့ကဆောင်းပါးများတွင် အပိုင်း ၂ ပိုင်းခွဲ၍ ဖော်ပြထားခဲ့ပြီ ဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက

မိုက်ခရိုပလတ်စတစ်၏ လူနဲ့ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ

ပင်လယ်ထဲက မိုက်ခရိုပလတ်စတစ်များ

ယခုအပိုင်းတွင်မူ မည်ကဲ့သို့ လျှော့ချနိုင်သည့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါသည်။ အထိရောက်ဆုံးနှင့် အရိုးရှင်းဆုံးသော ဖြေရှင်းနည်းမှာ ပလတ်စတစ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်းပင် ဖြစ်ပါသည်။ ပြန်သုံးနိုင်သော အိတ်များ၊ ရေပုလင်းများနှင့် ကွန်တိန်နာများကို ပြန်အသုံးပြုခြင်း၊ ကောက်ရိုးနှင့် မီးဖိုချောင်သုံး ပလတ်စတစ်များကို ရှောင်ကြဥ်ကာ ထုပ်ပိုးမှုနည်းသော ထုတ်ကုန်များကို ရွေးချယ်ခြင်းဖြင့် လုပ်ဆောင်နိုင်သည်။ ပလတ်စတစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းသည် ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိခြင်းကို ကာကွယ်တားဆီးနိုင်သည်။

ပလတ်စတစ်ထုတ်ကုန်များကို ပြန်လည်အသုံးပြုခြင်း၊ သတ်မှတ်ထားသော အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ခြင်းနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဥ်ခြင်းဖြင့် ကာကွယ်တားဆီးနိုင်ပါသည်။

ရေရှည်တည်တံ့သော ပစ္စည်းများနှင့် ပြုလုပ်ထားသည့် ကုန်ပစ္စည်းများ(Suatainable materials)ကို ရွေးချယ်ပြီး ပလတ်စတစ်ထုတ်ပိုးမှု အနည်းဆုံးဖြင့် သမုဒ္ဒရာထဲသို့ ရောက်ရှိနိုင်သော ပလတ်စတစ်အမှိုက်ပမာဏကို လျှော့ချနိုင်မည်ဖြစ်သည်။(ဥပမာ-Nike နှင့် Adidas လိုမျိုး ပင်လယ်တွင်းရှိ ပလတ်စတစ်အမှိုက်များကို အသုံးပြုပြီး ထုတ်လုပ်ထားသည့် ဖိနပ်များ။)

ထို့ပြင် မိုက်ခရိုပလတ်စတစ်များ လျှော့ချရန်အတွက် ဖြေရှင်းရန်နည်းလမ်းတစ်ခုမှာ “လူထုအခြေပြု မိုက်ခရိုပလတ်စတစ် လျှော့ချခြင်း”နည်းလမ်းဖြစ်ပါသည်။ အထိရောက်ဆုံးသော ရပ်ရွာအခြေပြု ချဥ်းကပ်နည်းများထဲမှ တစ်ခုမှာ ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးအပေါ် မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှု၏ သက်ရောက်မှုများအကြောင်း ပညာပေးမှုနှင့် အသိပညာများ တိုးမြှင့်ပေးရန် ဖြစ်သည်။ ၄င်းတွင် ပလတ်စတစ်သုံးစွဲမှု လျှော့ချခြင်း၊ ပလတ်စတစ်အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးမူဝါဒများကို ပံ့ပိုးပေးခြင်းကဲ့သို့သော ရေရှည် အလေ့အကျင့်များကို မြှင့်တင်ရန်အတွက် အများပြည်သူဆိုင်ရာ၊သတင်းအချက်အလက်ဆိုင်ရာ လှုပ်ရှားမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ရပ်ရွာပွဲများကို စည်းရုံးခြင်းတို့ဖြင့် လူထု၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်နိုင်သည်။ ရပ်ရွာသန့်ရှင်းရေးလှုပ်ရှားမှုများသည် မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရာတွင် လည်း ထိရောက်မှုရှိနိုင်သည်။ ဤလှုပ်ရှားမှုများတွင် ကမ်းခြေများ၊ မြစ်ကမ်းပါးများနှင့် ပလတ်စတစ် အမှိုက်များစုပုံနေသည့်အခြားနေရာများမှ ပလတ်စတစ်အမှိုက်များ စုဆောင်းသည့် စေတနာ့ဝန်ထမ်းများ ပါဝင်နိုင်သည်။ ဤကြိုးပမ်းမှုများတွင် ရပ်ရွာလူထုများပါဝင်ခြင်းဖြင့် ၄င်းတို့သည် ပြဿနာကို ပိုမိုသိရှိနားလည်လာပြီး အနာဂတ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်အတွက် အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ပြင် Suatainable Waste Management (ရေရှည်တည်တံ့မည့် အမှိုက်များ စီမံခန့်ခွဲမှု) အလေ့အကျင့်ကောင်းများကို တွန်းအားပေးထောက်ပံ့ရမည်။ အမှိုက်စီမံခန့်ခွဲမှု အလေ့အကျင့်များ တိုးတက်ကောင်းမွန်လာခြင်းသည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို လျှော့ချရာတွင်လည်း အထောက်အကူဖြစ်စေပါသည်။ ရပ်ရွာအခြေပြုချဥ်းကပ်နည်းများတွင် ဒေသတွင်းစွ့န်ပစ်အမှိုက်များ စုဆောင်းခြင်းနှင့် ပြန်လည်အသုံးပြုခြင်း အစီအစဥ်များကို ပံ့ပိုးပေးခြင်းနှင့် ဇီဝကို ပျက်စီးနိုင်သောထုတ်ကုန်များ အသုံးပြုမှုကို မြှင့်တင်ခြင်းတို့ ဖြစ်သည်။

ရေရှည်တည်တံ့သော ငါးဖမ်းခြင်းအလေ့အကျင့်(Suatainable Fishing Practices)များသည် အထူးသဖြင့် ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ငါးဖမ်းကိရိယာများကို အသုံးပြုခြင်းကြောင့် မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုကို ဖြစ်စေနိုင်သည်။ ရပ်ရွာအခြေပြုချဥ်းကပ်နည်းများတွင် ဇီဝပျက်စီးနိုင်သော ငါးဖမ်းကိရိယာများကို အသုံးမပြုခြင်း(သို့မဟုတ်)ဓာတုပစ္စည်းများ အသုံးပြုမှု လျှော့ချခြင်းတို့ကို ဆောင်ရွက်စေပြီး ရေရှည်တည်တံ့သော ငါးဖမ်းခြင်း အလေ့အကျင့်များကို မြှင့်တင်ရန် လိုအပ်သည်။

ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်သော်လည်း မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုကိုလည်း အထောက်အကူပြုနိုင်သည်။ လူထုအခြေပြုချဥ်းကပ်နည်းများတွင် တစ်ကြိမ်သုံးပလတ်စတစ်အသုံးပြုမှုကိုလျှော့ချခြင်းနှင့် တာဝန်ယူမှုရှိသော အမှိုက်စီမံခန့်ခွဲမှု အလေ့အကျင့်များကို မြှင့်တင်ခြင်းကဲ့သို့သော ရေရှည်တည်တံ့သော ခရီးသွားလုပ်ထုံးလုပ်နည်းများကို  ပိုမိုလုပ်ဆောင်သင့်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ပညာရေး၊ သန့်ရှင်းရေးလှုပ်ရှားမှုများနှင့် ရေရှည်တည်တံ့သော အလေ့အကျင့်ကောင်းများကို ပံ့ပိုးပေးခြင်းများပါဝင်သည့် ရပ်ရွာအခြေပြုချဥ်းကပ်နည်းများသည် မြန်မာနိုင်ငံရှိ မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ပြည်သူနှင့်အတူ တာဝန်ရှိသူများ၊ အရပ်ဘက် NGO အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် လူမှုအသိုင်းအဝိုင်းသည် ‘ပင်လယ်ထဲက အသံတိတ်လူသတ်သမား’ဟု ခေါ်သည့် မိုက်ခရိုပလတ်စတစ်များကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါ သည်။

Ref;American Oceans.org,Condorferries UK,United Nations,Convention on International Trade in Endangered Species of Wild Fauna and Flora,River Dolphins.org, World Wildlife Fund(WWF).

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

                         

 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်