ပိုးသတ်ဆေးကို စနစ်တကျဘယ်လိုကိုင်တွယ်အသုံးပြုမလဲ

21/06/2021 13:30 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

    ပိုးသတ်ဆေးကိုအသုံးပြုတဲ့အခါ အသုံးပြုသူအပြင် ပတ်ဝန်းကျင်အတွက်ပါ လုံခြုံစိတ်ချရအောင် အသုံးပြုဖို့လိုပါတယ်။​ ဆေးအလိုက်အသုံးပြုနည်းတွေကတော့ ကွာပါတယ်။ ဒါကြောင့် ဆေးအသုံးပြုတဲ့အခါမှာ ဆေးဗူးပေါ်မှာပါတဲ့ လမ်းညွှန်ချက်တွေကို စနစ်တကျလေ့လာဖတ်ရှုဖို့လိုအပါတယ်။ ဒါတွေအပြင် လုံခြုံစိတ်ချရဖို့အတွက် အောက်ကအချက်လေးကိုလည်း လေ့လာဖိုတင်ပြပေးလိုက်ပါတယ်။ 

  • ဆေးမဖျော်ခင် မဖျန်းခင်မှာ ကလေးများ၊ တိရိစ္ဆာန်များနှင့် ဆေးဖျန်းရာမှာ မလိုအပ်တဲ့ ပစ္စည်းတွေကို အနီးနားမှာမရှိအောင် သတိပြုပေးပါ။ 
  • ကိုယ့်အတွက် လုံခြုံတဲ့အဝတ်အစားတွေကို သေချာဝတ်ဆင်ထားပေးပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ လည်ရှည်ဖိနပ်၊ ဦးထုပ် စတာမျိုးတွေကို ဝတ်ဆင်ထားပေးပါ။
  • ဆေးတွေကို ဖျော်တဲ့အခါမှာ ကွင်းပြင် ဒါမှမဟုတ် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ဖျော်စပ်ပါ။ 
  • ပိုးသတ်ဆေးကို မပိုအောင်၊ သွန်ပစ်စရာမလိုအောင် လိုအပ်သလောက်ပဲ ဖျော်ပေးပါ။ 
  • ဆေးတွေဖိတ်ကျတဲ့အခါ ဖြေရှင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပေးပါ။ ဥပမာ လျံကျလာတဲ့အခါ သုတ်နိုင်အောင် အဝတ်စုတ်၊ မြေကြီးပေါ်ကျရင် ဖုံးနိုင်အောင် လွှစာမှုန့်လိုမျိုး ဘေးမှာရှိနေရင် ကောင်းပါတယ်။​
  • ဆေးပုလင်းပေါ်မှာပါတဲ့ ရှေးဦးပြုစုခြင်းကိုလည်း ကြိုဖတ်ထားပါ။ 
  • ဆေးလိပ်၊ မီးခြစ်၊ ရေဗူး စတဲ့ ကိုယ့်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဆေးနဲ့ မထိတွေ့အောင် ဖယ်ထားပေးပါ။
  • ဆေးဖြန်းပြီးပါက ကွမ်းယာ၊ ဆေးလိပ်၊ အစာမစားခင် လက်၊ ခန္ဓာကိုယ်ကို သန့်စင်ပြီးမှ စားသောက်ပါ။ 

ကိုးကား - National Pesticide Information Center 

ပိုးသတ်ဆေးသုံးတော့မယ်ဆိုရင် ဒါတွေကို သတိရပါ ဆောင်းပါးကိုလည်း လေ့လာစေချင်ပါတယ်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်