အိမ်ထဲကအလှစိုက်ပင် ရေဘယ်လိုလောင်းမလဲ ဘယ်လောက်ထိ လောင်းမလဲ

21/08/2019 09:00 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကဲ.....အပင်တွေ စိုက်ထားတယ်။ ရေကို ဘယ်လိုလောင်းရမလဲ ဗွမ်းကနဲပေါ့။ အဲ့လို မဟုတ်ပါဘူးနော်။ ရှည်ရှည်ဝေးဝေးတွေမပြောတော့ပါဘူး ဆက်ပြီးတော့သာ ကြည့်လိုက်ကြရအောင် ။

   ရုံးမှာ အဲယားကွန်းနဲ့မို့လို့ ပြတင်းပေါက်တွေ မဖွင့်ရဘူးဆိုတော့ လေတွေသန့်အောင်လို့ဆိုပြီး ရုံးစားပွဲပေါ်မှာ အပင်လေးတွေ တင်ထားတတ်တဲ့ အစ်ကိုတွေ အစ်မလေးတွေအတွက်.....

   ရေကိုအများကြီးလောင်းမိတဲ့အခါ….. အလှစိုက် အိမ်တွင်းအပင်လေးတွေ သေစေနိုင်ပါတယ်နော်။ ရေတွေအများကြီးလောင်းလိုက်တော့ အမြစ်လေးတွေက ရေထဲစိမ်နေရပြီးတော့ အောက်စီဂျင်ပြတ်သွားနိုင်ပါတယ်။  အမြစ်ကနေ စပြီးတော့ပုပ်လာမယ်။ ပြီးတော့ အပင်လေးလည်း သေသွားမယ်။ 

   တကယ်တမ်း ရေဘယ်လောက်လောင်းရမလဲ မေးလာခဲ့ရင် ဖြေဖို့တော့ မလွယ်လှပါဘူး။ ဘာလို့လဲဆိုတော့ တစ်ပင်နဲ့တစ်ပင် မတူကြတာရယ်။ အိုးအရွယ်အစားမတူကြတာရယ်နဲ့ ထည့်ထားတာ မြေကြီးလား တစ်ခြားပစ္စည်းလားဆိုတာရယ်က တော်တော်စကားပြောသွားတာကြောင့်ပါပဲ။ 

   ကိုယ့်အပင်လေးက အရွက်ကြီးကြီး ဒါမှမဟုတ် အရွက်ပါးပါးလေးတွေ ပါတယ်ဆိုရင်တော့ ရေက ပိုပြိးတော့ လိုအပ်ပါလိမ့်မယ်။ အရွက်ထူထူနဲ ရှားစောင်းလက်ပတ်လို အပင်မျိုးလေးတွေ ဆိုရင်တော့ ရေကို ထိန်းထားနိုင်အားက ပိုကောင်းတာကြောင့် လိုတော့လိုမယ်။ အများကြီးတော့ မလိုပါဘူး။

   ပန်းလေးတွေပွင့်နေပြီ အပင်လေးက အရမ်းကြီးမြန်နေတဲ့အချိန်တွေက ရေအများဆုံးလိုအပ်တဲ့ကာလတွေဖြစ်ပါတယ်။  ရေလိုတာကို ဘယ်လိုသိနိုင်မလဲဆိုတော့ အပင်လေးရဲ့ အိုးထဲက မြေကြီးထဲ လက်နှိုက်ကြည့်လိုက်ပါ တစ်လက်မလောက်အကွာမှာ ခြောက်နေတုန်းဆိုရင်တော့ ရေလောင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ 

   နောက်တစ်နည်းကတော့ အိုးကိုခေါက်ကြည့်ပါ။ ကျစ်တဲ့အသံထွက်နေရင် အောက်ဖက်မှာ အစိုဓာတ်လေးရှိနေတာဖြစ်ပြီးတော့ စိတ်ချရပါတယ်။  လှိုင်သံထွက်နေတယ်ဆိုရင်တော့ ရေလောင်းပေးဖို့ အချိန်ရောက်နေတာပါ။

ရေလောင်းဖို့အချိန်ကို သိပြီဆိုတော့ ရေဘယ်လောက်လောင်းမလဲ?

   အောက်မှာခံထားတဲ့ ပန်းကန်လေးမှာ ရေတွေ စိမ့်ထွက်လာပြီဆိုတာက အိုးအောက်ဖက်က အမြစ်လေးတွေ ရေရသွားပြီဆိုတာကိုသေချာစေပါတယ်။ ဒါပေမဲ့ အဲ့ရေတွေကိုမထားရပါဘူး။ ပြန်သွန်ပစ်ပေးရပါမယ်နော်။ အကောင်းဆုံးကတော့ ရေက ၁၇ ကနေ ၂၂ ဒီဂရီ ဆဲလ်စီးယပ် ရှိနေရင်ကောင်းပါတယ်။ ရေပူရေအေးစက်က ရေခဲရေနဲ့ မလောင်းပါနဲနော်။ 

   ရေမလောင်းခင် ပြောထားတဲ့နည်းလမ်းလေးတွေနဲ့ မြေကြီးကိုစစ်ကြည့်တာ အကောင်းဆုံးပါပဲ။ အပင်ညိုးနေတယ်ဆိုတိုင်း ရေလိုနေတယ်လို့ သတ်မှတ်လို့မရတာကြောင့်ပါ။  ကဲ အဲ့ဒါဆို မြေကိုစမ်းမယ် ရေကိုလောင်းမယ်ပေါ့။ ရုံးစားပွဲပေါ်က အပင်လေး ပိုပြိးလှနိုင် ကျန်းမာနိုင်ပါစေ……။

ထွန်းဝင်းကျော်

Ref: https://www.gardeningknowhow.com/houseplants/hpgen/how-to-water-a-plant.htm

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်