၁၈ရက်အတွင်း ဆွေးမြေ့သော မြေဆွေးပြုလုပ်နည်း

07/02/2018 16:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အိမ်ခြံဝန်း အတွင်းရှိအမှိုက်များ၊ မီးဖိုချောင် စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး ရက်တိုအတွင်း ဆွေးမြေ့ စေသောနည်းဖြစ်သည်။

မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့်
(အလျား ၅ပေ၊အနံ ၃ပေအမြင့်၃ပေကျော်ခန့်ရှိ မြေဆွေးပုံအတွက်)

၁။ မြေဆွေးပုံအောက်ခြေအဖြစ် သစ်ကိုင်းခြောက်များကို ဖြန့်ခင်းပါ။(သစ်ကိုင်းခြောက်များ ဖြန့်ခင်းခြင်းမှာ မြေဆွေးပုံအောက်ခြေနှင့် အတွင်းပိုင်းတွင် လေဝင်လေထွက် ရှိစေရန် ဖြစ်သည်)

၂။ သစ်ကိုင်းခြောက်များအပေါ်မှ သစ်ရွက်ခြောက်များ၊ သစ်ကိုင်းအသေးများ ဖြန့်ခင်းပြီး သိပ်သည်းအောင် ခြေထောက်ဖြင့်နင်းခြေပါ။ သစ်ရွက်ခြောက်များကို ၆လက်မထု အထိ ရောက်အောင်ခင်းနိုင်သည်။

၃။ သစ်ရွက်ခြောက်များပေါ်မှ နွားချေး၊ ကြက်ချေးတစ်ခုခုကို ခြင်းတောင်း(၃)တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၄။ ပြီးလျှင် အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၈ပုံးခန့် လောင်းပါ။

၅။ သစ်ရွက်စိမ်းများ၊ မီးဖိုးချောင်စွန့်ပစ် ဟင်းသီးဟင်းရွက်အပိုင်းအစများကို ၆လက်မထု အထိ ရောက်အောင်ခင်းပါ။

၆။ နွားချေး၊ ကြက်ချေးတစ်ခုခုကို တာခြင်းတောင်း(၂)တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၇။ အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၁၀ပုံးခန့် လောင်းပါ။

၈။ သစ်ရွက်ခြောက်များနှင့် သစ်ရွက်စိမ်းများကို တလှည့်စီပုံသွားရန်ဖြစ်သည်။

၉။ ဆွေးမြေ့မှုမြန်ဆန်စေရန်အတွက် အလယ်အလွှာတစ်လွှာတွင် (မြေဆွေးပုံ၏ အလယ်တည့်တည့်တွင်) အသားဓာတ် (နိုက်ထရိုဂျင် ဓာတ်) ပါဝင်နှုန်းမြင့်မားသည့် သားငါးအပိုင်းအစများ၊ ငါးအကြေးခွံများ၊ တိရစ္ဆာန်အသေကောင် များ ထည့်ပေးရမည်။ သို့မဟုတ် ကျင်ငယ်ရည် လောင်းထည့်ပေးနိုင်ပါသည်။

၁၀။ အပေါ်ဆုံးအလွှာတွင် မြေသား တာခြင်းတောင်း(၃-၅)တောင်းခန့် နှံ့အောင်ဖြူးပေးရမည်။

၁၁။  မြေဆွေးပုံကို ပလပ်စတစ်စ(သို့မဟုတ်) မိုးကာစဖြင့် လုံအောင်အုပ်ပါ။

၁၂။ မြေဆွေးပုံပြီး (၄)ရက်ခန့် ကြာလျှင် ထည့်ထားသည့် သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်များ ဆွေးမြေ့လာပြီဖြစ်သည်။ ထိုအချိန်တွင် မြေဆွေးပုံအား အတွင်းအပြင်လှန်ပေးခြင်း၊ ကြက်ချေးများထပ်ထည့်ပေးခြင်း ပြုလုပ်ရမည်။

၁၃။  မြေဆွေးလက်တစ်ဆုပ်စာခန့် လက်ထဲတွင်ထည့်ပြီး လက်သီးဆုပ်ကြည့်ပါက ရေတစ်စက် ခန့်သာ ထွက်လာလျှင် လုံလောက်သော အစိုဓာတ်ရှိသည်ဟု ယူဆနိင်ပါသည်။

၁၄။ မြေဆွေးပုံအား တစ်ရက်ခြားလျှင် တစ်ကြိမ်အတွင်းအပြင်နှံစပ်အောင် လှန်ပေးခြင်း၊ အစိုဓာတ် လိုအပ်ပါက ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။

၁၅။  ကောက်ရိုးများကိုဓားနှင့်စင်းပြီး မူလထည့်ထားသည့် သစ်ရွက်များနှင့်ရောပေးခြင်းဖြင့် မြေဆွေးပမာဏပိုများနိုင်သည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်