အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆလပ်ရွက်ကို စားပေးမယ်ဆိုရင်

ဆလပ်ရွက်ကို စားပေးမယ်ဆိုရင်

Green Way
Green Way 10/11/2021

    ဆလပ်ရွက်ကို ပထမဆုံး အီဂျစ်နိုင်နိုင်ငံမှာ ဘီစီ ၂၆၈၀ ခန့်က စတင်စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြပါတယ်။

    အီဂျစ်ရဲ့ နံရံဆေးရေးပန်းချီတွေနဲ့ အုတ်ဂူတွေမှာ ဆလပ်ရွက်ပုံစံတွေ ရေဆွဲထားတာမျိုးတွေ တွေ့ရပါတယ်။

    ၁၉၀၀ ပြည့်နှစ်ပိုင်းတွေမှာတော့ အနောက်နိုင်ငံတွေက ဆလပ်ရွက်ကို စီးပွားဖြစ်စိုက်ပျိုးပြီး ပါကင်ထုပ်ကာ ရေလမ်းခရီးနဲ့ တင်ပို့ရောင်းချခဲ့ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတယ်

    ဇီဝကမ္မဖြစ်စဉ်ဆိုတာက စားသုံးလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ် ပြောင်းလဲသွားခြင်းနဲ့ တခြား အရေးကြီးတဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပေးပါတယ်။

    ဆလပ်ရွက်က ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတဲ့အပြင် မဂ္ဂနီဆီယမ်၊​ သံဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

    ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့ B-Complex ဓာတ်တွေလည်း အများကြီး ပါဝင်နေပါတယ်။

နှလုံးပြဿနာတွေကို လျော့ချပေးပါတယ်

    ဆလပ်ရွက်ထဲမှာ Beta Carotene ဓာတ်နဲ့ ဗီတာမင်စီတွေ ကြွယ်ဝစွာပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေ သွေးကြောထဲမှာ အနည်ကျမှုကို ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တွေကလည်း မကောင်းတဲ့ကိုလက်စထရောအဆင့်ကို လျော့ချပေးပါတယ်။

ဆီးချိုကို လျော့ချပေးပါတယ်

    ဆလပ်ရွက်က ဆီးချိုဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့ချပေးနိုင်တာကြောင့် ဆီးချိုဖြစ်နိုင်ချေကို ကာကွယ်ပေးပါတယ်။

ကင်ဆာကို ကာကွယ်ပေးပါတယ်

    ဆလပ်ရွက်က အထူးသဖြင့် သွေးကင်ဆာနဲ့ ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။

Source - My Food Myanmar

3
ko kyaw Shine Aung

ko kyaw Shine Aung

လွန်ခဲ့သော ၂ နှစ် က

ဒီလိုစိူက်

Minsoeaung

Minsoeaung

လွန်ခဲ့သော ၃ နှစ် က

ဘယ်လိိုုက်ရလဲခဗျာ

ChitOo

ChitOo

လွန်ခဲ့သော ၄ နှစ် က

ဆလပ်စိုက်ပျိုးနည်းလေးသိပါရစေခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲကျဲရာတွင် "တော်2တော်ကိုရှောင်' လို့ရှေးလူကြီးများကပြောခဲ့သည် ထိုစကားသည်မှန်ပါသလား ဒီနှစ်မှာ ဝါထပ်သောကြောင့် နတော်လသည်နောက်ကျနေသည် ထိုအရာမှာမည်သည်ကိုအမှန်ယူရမည်နည်းရှင်းပြပေးကြပါဦး

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

မတ်ပဲ TBL9 ကို ဘယ်လထိ‌နောက်ဆုံး စိုက်ပျိုးလို့ရလဲ ထွန်ပဲစနစ်ဖြင့်စိုက်မှာပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေနိုင်မလဲ

zin myo thu • ဖြေကြားချက် 1 ခု

ပင်စည်ထိုးယင်မကျအောင်ဘယ်လိုကာကွယ်ရမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 1 ခု

ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာလဲ အောင်မြင်မှုဆီသို့ နီးစပ်လာပါပြီခင်ဗျ Green Way app ထုတ်လုပ်သူတွေရော အမြဲစိတ်ရှည်အကြံဥာဏ်ပေးတဲ့ ကိုသော်ဇင် / ဒို့ဦးလေး ကျေးဇူးအထူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေခင်ဗျ

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။