ပျိုးပင် အဝေးတင်မယ်ဆိုရင်

16/08/2018 10:27 AM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပျိုးပင်တွေ တစ်နေရာက တစ်နေရာသယ်ယူမယ်ဆိုရင် အသယ်ခံအောင်၊ ပျက်စီးမသွားအောင်လို့ သတိထားရမဲ့ အချက်တွေကို သိရှိစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပျိုးပင်ကိုရေဝဝလောင်းပါ။

၂။ တစ်နာရီကျော်ထားပြီးရင်ပျိုးအိတ်တစ်ခုလုံးကို အိတ်နဲ့ အမြစ်များမလှုပ်​​အောင်​ ​သေချာထုပ်ပိုး ချည်​​နှောင်ပါ။

၃။ အများဆုံး မလုပ်ချင်ကြပါဘူး။ ပန်းပွင့်များပါခဲ့ရင်အားလုံးခြွေထားပေးပါ။ အပင်bodyweight လျော့တယ်​​ခေါ်မယ် ထင်ပါ​​တယ်

၄။ မိမိ ထားမယ့် အိမ်​​ရောက်ပြီဆိုရင်အရိပ်​​အောက်မှာ တစ်ရက်​​လောက်ထားပါ။ အပင်ပြုစုမှု ပြုလုပ်ပါ။ ချည်ပိုးလာသောအရာများကို အမြစ်မလှုပ်​​အောင်စနစ်တကျ ဖြည်ထုပ်ပါ။

၅။ အပင်ကိုတစ်ရက်​​စောင့် ကြည့်ပြီး လန်းဆန်းနေရင်အိမ်အမိုးအောက်အလင်းရောင်နဂိုထက်ပိုရသောနေရာ ထားပေးပါ။

၆။နောက်ရက်အပင်ဆက်လန်းဆန်းနေမှ မိမိ ထားချင်သည့်နေရာမှာ ထားပေးပါ။ အပင်၁၀ဝမှာ ၉၀%​ လောက်ရှင်သန်​​နေပါလိမ့်မယ်

အကယ်လို့

အခုလို လုပ်ငန်းစဉ်မှာ အပင်များညှိုးနေသေးတယ်ဆိုလျှင်တော့ အရွက်ရင့်များ တစ်ဝတ်အထိလျော့ချပေးဖို့ လိုပါလိမ့်မယ်

Khant Zaw Htet


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်