စီးပွားဖြစ် ဝါးစိုက်ခင်းများအနေဖြင့် ထူထောင်စိုက်ပျိုးကြမည်ဆိုပါက မျှစ်ချိုဝါးမျိုးသည် အဓိကစိုက်ပျိုးသင့်သည့် ဈေးကွက်ဝင် ဝါးအမျိုးအစားဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။
ဝါးပင်က မြေအောက်ပင်စည်ကြီးထွားမှုပေါ် မူတည်ပြီး အစုလိုက်အပြုံလိုက် ပေါက်တဲ့ဝါး၊ တစ်ပင်ချင်းပေါက်တဲ့ဝါးနဲ့ ဒီနှစ်မျိုးရောနှောပေါက်ရောက်တဲ့အခါ စကဝါး ဆိုပြီး (၃) မျိုး ကွဲပြားပါတယ်။ အစုလိုက်ပေါက်တဲ့ဝါးမျိုးက ပူတဲ့ရာသီကို နှစ်သက်ကြတယ်။ စကဝါးတွေက သမပိုင်းရာသီကို နှစ်သက်တယ်။ ဒါ့ကြောင့် ဝါးစိုက်ပျိုးမယ်ဆိုရင် ကိုယ့်နေရပ်ဒေသ ရေ၊ မြေ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ဝါးမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ အဲ့ဒီထဲမှာမှ မျှစ်ချိုဝါးကတော့ ဈေးကွက်အလားအလာရှိနေတဲ့ ဝါးအမျိုးအစားတစ်ခုပါပဲ။ သူက နွေ၊ မိုး၊ ဆောင်း ၁၂ ရာသီပတ်လုံး မျှစ်ထွက်တဲ့ ဝါးအမျိုးအစားပေါ့။
ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။
မျှစ်ချိုဝါးသည် အပူပိုင်းနှင့် အအေးပိုင်းရာသီဥတုအမျိုးမျိုးနှင့် ကုန်းမြင့်ဒေသ၊ မြေနိမ့်ဒေသ (၂) မျိုးလုံးတို့၌ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ဝါးအမျိုးအစားဖြစ်ကြောင်း သိရသည်။
မျှစ်ချိုဝါးကို ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စိုက်ပျိုးမှု အောင်မြင်နေတယ်။ ပိုပြီး အားရတာက ရေနံချောင်း၊ မကွေးတို့လို အပူပိုင်းဒေသတွေမှာပါ စိုက်ပျိုးသူများလာတယ်။ ဒီလောက်ပူတဲ့ဒေသတွေမှာတောင် စိုက်လို့ရပြီဆိုရင် အပူပိုင်းဒေသတွေ စိမ်းလန်းစိုပြေလာပြီး၊ စီးပွားရေးအရ အဆင်ပြေလာတော့မှာဖြစ်တယ်။ သူတို့ဒေသက လုပ်ငန်းတွေအတွက် တခြားဒေသတွေကဝါးတွေကို မှာယူသုံးစွဲနေရတာကနေ အခုတော့ ကိုယ်တိုင် စိုက်ပျိုးလာကြတာပါ။ ဝါးအသားထူတဲ့အတွက် ဝါးဘိုးဝါးလိုရော မျှင်ဝါးလိုပါ အသုံးပြုလို့ရတယ်။ အပင်ရုံကြီးအထိ မွေးထားမယ်ဆိုရင် မျှစ်ကလည်းချိုတော့ စားသုံးလို့၊ ရောင်းချလို့ အဆင်ပြေမယ်။ မျှစ်ချိုဝါးက တစ်နှစ်ပတ်လုံး မျှစ်ထွက်တဲ့အတွက် တခြားမျှစ်တွေ ပေါ်နေတဲ့အချိန်မှာ သူ့ကို ဝါးအဖြစ်နဲ့ မွေးထားပြီး၊ တခြားမျှစ်တွေ တုန်းသွားချိန်နဲ့ မပေါ်သေးခင် အချိန်တွေမှာမှ သူ့ကို မျှစ်ချိုးရောင်းလို့ရှိရင် ဈေးကွက်နှစ်မျိုး ရပါလိမ့်မယ်။
ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။
မျှစ်ချိုဝါးကို နှီးဖြာသည့်လုပ်ငန်း၊ ထရံယက်သည့်လုပ်ငန်း၊ ဖျာယက်သည့်လုပ်ငန်းများတွင် အသုံးပြုနိုင်သည့်အပြင် ဝါးအသားထူသည့်အတွက် ပရိဘောဂလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုကြကြောင်း သိရသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more