စီးပွားဖြစ် ဝါးစိုက်ခင်းများအနေဖြင့် ထူထောင်စိုက်ပျိုးကြမည်ဆိုပါက မျှစ်ချိုဝါးမျိုးသည် အဓိကစိုက်ပျိုးသင့်သည့် ဈေးကွက်ဝင် ဝါးအမျိုးအစားဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။
ဝါးပင်က မြေအောက်ပင်စည်ကြီးထွားမှုပေါ် မူတည်ပြီး အစုလိုက်အပြုံလိုက် ပေါက်တဲ့ဝါး၊ တစ်ပင်ချင်းပေါက်တဲ့ဝါးနဲ့ ဒီနှစ်မျိုးရောနှောပေါက်ရောက်တဲ့အခါ စကဝါး ဆိုပြီး (၃) မျိုး ကွဲပြားပါတယ်။ အစုလိုက်ပေါက်တဲ့ဝါးမျိုးက ပူတဲ့ရာသီကို နှစ်သက်ကြတယ်။ စကဝါးတွေက သမပိုင်းရာသီကို နှစ်သက်တယ်။ ဒါ့ကြောင့် ဝါးစိုက်ပျိုးမယ်ဆိုရင် ကိုယ့်နေရပ်ဒေသ ရေ၊ မြေ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ဝါးမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ အဲ့ဒီထဲမှာမှ မျှစ်ချိုဝါးကတော့ ဈေးကွက်အလားအလာရှိနေတဲ့ ဝါးအမျိုးအစားတစ်ခုပါပဲ။ သူက နွေ၊ မိုး၊ ဆောင်း ၁၂ ရာသီပတ်လုံး မျှစ်ထွက်တဲ့ ဝါးအမျိုးအစားပေါ့။
ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။
မျှစ်ချိုဝါးသည် အပူပိုင်းနှင့် အအေးပိုင်းရာသီဥတုအမျိုးမျိုးနှင့် ကုန်းမြင့်ဒေသ၊ မြေနိမ့်ဒေသ (၂) မျိုးလုံးတို့၌ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ဝါးအမျိုးအစားဖြစ်ကြောင်း သိရသည်။
မျှစ်ချိုဝါးကို ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စိုက်ပျိုးမှု အောင်မြင်နေတယ်။ ပိုပြီး အားရတာက ရေနံချောင်း၊ မကွေးတို့လို အပူပိုင်းဒေသတွေမှာပါ စိုက်ပျိုးသူများလာတယ်။ ဒီလောက်ပူတဲ့ဒေသတွေမှာတောင် စိုက်လို့ရပြီဆိုရင် အပူပိုင်းဒေသတွေ စိမ်းလန်းစိုပြေလာပြီး၊ စီးပွားရေးအရ အဆင်ပြေလာတော့မှာဖြစ်တယ်။ သူတို့ဒေသက လုပ်ငန်းတွေအတွက် တခြားဒေသတွေကဝါးတွေကို မှာယူသုံးစွဲနေရတာကနေ အခုတော့ ကိုယ်တိုင် စိုက်ပျိုးလာကြတာပါ။ ဝါးအသားထူတဲ့အတွက် ဝါးဘိုးဝါးလိုရော မျှင်ဝါးလိုပါ အသုံးပြုလို့ရတယ်။ အပင်ရုံကြီးအထိ မွေးထားမယ်ဆိုရင် မျှစ်ကလည်းချိုတော့ စားသုံးလို့၊ ရောင်းချလို့ အဆင်ပြေမယ်။ မျှစ်ချိုဝါးက တစ်နှစ်ပတ်လုံး မျှစ်ထွက်တဲ့အတွက် တခြားမျှစ်တွေ ပေါ်နေတဲ့အချိန်မှာ သူ့ကို ဝါးအဖြစ်နဲ့ မွေးထားပြီး၊ တခြားမျှစ်တွေ တုန်းသွားချိန်နဲ့ မပေါ်သေးခင် အချိန်တွေမှာမှ သူ့ကို မျှစ်ချိုးရောင်းလို့ရှိရင် ဈေးကွက်နှစ်မျိုး ရပါလိမ့်မယ်။
ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။
မျှစ်ချိုဝါးကို နှီးဖြာသည့်လုပ်ငန်း၊ ထရံယက်သည့်လုပ်ငန်း၊ ဖျာယက်သည့်လုပ်ငန်းများတွင် အသုံးပြုနိုင်သည့်အပြင် ဝါးအသားထူသည့်အတွက် ပရိဘောဂလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုကြကြောင်း သိရသည်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်