အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ (၁)

12/09/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ

၁။ ကုန်ကြမ်းပြင်ဆင်ရွေးချယ်ခြင်း၊ ထုတ်လုပ်ခြင်း

o   ညစ်ညမ်းသော မြေနေရာ၊ စွန့်ပစ်ပစည်း စွန့်ထုတ်သည့်စက်ရုံ/အလုပ်ရုံများနှင့် ‌ဝေးရာတွင်စိုက်ပျိုးခြင်း/ မွေးမြူခြင်း

o   သန့်ရှင်းစွာ ထုတ်လုပ်ခြင်း

o   သန့်ရှင်းစွာ သယ်ယူပို့ဆောင်ခြင်း

o   စိတ်ချရသော ကုန်ကြမ်းပေးသွင်းသူများကို ရှာဖွေခြင်း

၂။ အဆောက်အဦး တည်နေရာ ရွေးချယ်ခြင်း

အစားအသောက် ထုတ်လုပ်ခြင်း လုပ်ငန်းစဉ် အတွက် လုပ်ငန်းတည်နေရာသည်

o   ညစ်ညမ်းသော မြေနေရာ၊ စွန့်ပစ် ပစည်း စွန့်ထုတ်သည့် စက်ရုံ/ အလုပ်ရုံများနှင့် ဝေးရာတွင် တည်ရှိရမည်။

o   ကြွက်၊ ခြင်၊ ယင်၊ ပိုးကောင် နှင့် အနံ့အသက်ဆိုးများမှ ‌ကင်းရာ နေရာတွင် တည်ရှိရမည်။

o   သန့်ရှင်းရေး ပြုလုပ်ရန် နှင့် ပြုပြင်ထိန်းသိမ်းရန် လွယ်ကူသည့် ဒီဇိုင်း ဖြစ်ရမည်။

o   လုပ်ငန်းစဉ်များ၊ ဆင့်ပွားညစ်ညမ်းမှုများ ကို အလွယ်တကူ ထိန်းချုပ်နိုင်သည့် ဒီဇိုင်း ဖြစ်ရမည်။

o   အခင်းအကျင်းဖွဲ့စည်းမှု သည် ထုတ်လုပ်မှု အဆင့်ဆင့်ကို အစဉ်လိုက် ဆောင်ရွက်သွားနိုင်သည့် ပုံစံ ဖြစ်ရမည်။ မတူညီသော ထုတ်လုပ်မှု အဆင့်များကို သီးခြားစီ ပြုလုပ်ရမည်။

o   လေ၀င်လေထွက် ကောင်းရမည်။ လိုအပ်သော အပူချိန်ကို ထိန်းထားနိုင်ရမည်။

o   လိုအပ်သော တစ်ကိုယ်ရေး သန့်ရှင်းရေး အသုံးအဆောင်များ လုံလောက်စွာ ရှိရမည်။

 

၃။ စက်ရုံပတ်၀န်းကျင်ဆိုင်ရာ သန့်ရှင်းရေး

သန့်ရှင်းရေး ပြုလုပ်ရာတွင်

o   စက်ရုံတွင်း ပိုးမွှားများ မပေါက်ဖွားနိုင်အောင် သန့်ရှင်းရေးကို စနစ်တကျ ပြုလုပ်ရပါမည်။

o   အမှိုက်များကို စနစ်တကျခွဲ၍ စွန့်ပစ်ရမည်။

o   ထုတ်လုပ်မှု နေရာများတွင် ကျန်ရှိနေသည့် အမှုန်များကို ရှင်းလင်းခြင်း၊ ရေဆေးခြင်း၊ ဆပ်ပြာဖြင့်ဆေးခြင်း၊ စသည်တို့ကို စနစ်တကျ လုပ်ဆောင်ရပါမည်။ လိုအပ်ပါက ရေနွေး၊ ကလိုရင်း သို့မဟုတ် အရက်ပျံ သုံး၍ ပိုးသတ် ရမည်။

o   ကြမ်းပြင်များကို အမှုန်အမွှား၊ အမှိုက်သရိုက်များမှ ကင်းစင်အောင် အမြဲ သန့်ရှင်းအောင် ထားရမည်။ လိုအပ်ပါက ကလိုရင်း သို့မဟုတ် အိုင်အိုဒင်း ကို သတ်မှတ်ထားသော ပမာဏ သုံး၍ ပိုးသတ်နိုင်ပါသည်။

o   စက်များကို ထုတ်လုပ်သူ၏ လမ်းညွှန်ချက် သို့မဟုတ် သတ်မှတ်ထားသော သန့်ရှင်းရေး အစီအစဉ်များအတိုင်း လုပ်ဆောင်ရမည်။

၄။ ပိုးမွှားအန္တရာယ် ထိန်းချုပ် ကာကွယ်ခြင်း

o   လုံခြုံမှုရှိသော၊ ပိုးမွှားမ၀င်နိုင်သည့် အဆောက်အဦး ဖြစ်အောင် ပြင်ဆင်ရမည်။

o   စက်ရုံအတွင်း ပိုးမွှာများ မျိုးပွားနိုင်သော နေရာများကို ထိန်းချုပ်ရမည်။

o   ရေနှုတ်မြောင်းများ၊ ရေပိုက်များ၊ တံခါးအောက်ခြေများကို စနစ်တကျ ထိန်းချုပ်ကာရံထားရမည်။

o   အပြင်ဘက် အပေါက်၀ တွင် ကြွက်ထောင်ချောက်များ၊ ကြွက်ကပ်ကော်ထောင်ချောက်များ အသုံးပြုနိုင်ပါသည်။

o   အင်းဆက် ပိုးမွှားထောင်ချောက်/ အလင်းရောင်ထောင်ချောက်များ ထားရှိရမည်။

o   (သို့မဟုတ်) ပိုးမွှားအန္တရာယ် ထိန်းချုပ်ကာကွယ်ခြင်းအတွက် လုပ်ဆောင်ပေးသော ပြင်ပအဖွဲ့အစည်းများကိုလည်း အပ်နှံနိုင်ပါသည်။

၅။ ၀န်ထမ်းဆိုင်ရာ သတ်မှတ်ချက်များ

o   ကျန်းမာရေးကောင်းမွန်သောသူ ဖြစ်ရပါမည်။

o   တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိရမည်။

o   လုပ်ငန်းခွင်မ၀င်မှီ သတ်မှတ်ထားသော တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်များကို သေချာစွာ၀တ်ဆင် ရမည်။ (အေပရွန်၊ ခေါင်းစွပ်၊ နှာခေါင်းစည်း၊ ဖိနပ်)

o   လက်သည်းဆိုးဆေးများ၊ မျက်တောင်တုများ၊ လက်၀တ်ရတနာများ ၀တ်ခြင်းကို စစ်ဆေးတားမြစ်ရမည်။

o   လက်ကို သေချာစွာ ဆေးရမည်။

o   အစားအစာညစ်ညမ်းမှုကို ဖြစ်စေသည့် အောက်ပါအချက်များကို သေချာစောင့်ကြည့် တားမြစ်ရမည်။

·       ကွမ်းတံတွေး ထွေးခြင်း

·       စကားပြောခြင်း

·       ဖုံးအုပ်မထားသော အစားအစာများအနီးတွင် နှာချေခြင်း၊ ချောင်းဆိုးခြင်း

·       ထုတ်လုပ်မှုနေရာတွင် အစာစားခြင်း

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်