ရန်ကုန်မြို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဝါးတန်းလမ်းကုန်စည်ဒိုင်ရဲ့ ယခုတစ်ပတ်ရဲ့ ဆန်လက်ကားဈေးနှုန်းများအရ ဆန်ချော ဆန်ကြမ်းဈေးနှုန်းများမှာ တက်လာကြောင်းသိရပါတယ်။
ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ၃၈၅၀၀ ကျပ်၊ လတ်စတစ်အိတ်မှာ ၃၇၀၀၀ ကျပ်ဖြင့် တစ်အိတ်ကို ကျပ် ၁၀၀၀ ဝန်းကျင်တက်လာပြီး၊ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း ထိပ်စ တစ်အိတ်မှာ ၄၁၀၀၀ ကျပ်၊ လတ်စတစ်အိတ်မှာ ၃၈၀၀၀ ကျပ် ဖြင့် တစ်အိတ်ကို ကျပ် ၂၀၀၀ ဝန်းကျင် တက်လာပြီး ဒေးဒရဲပေါ်ဆန်း ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ၃၈၅၀၀ ကျပ်၊ လတ်စတစ်အိတ် မှာ ၃၆၅၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ကျပ် ၅၀၀ ဝန်းကျင်တက်လာကာ ဆန်ချောဈေးနှုန်းများမှာ တက်လာကြောင်းသိရပါတယ်။
ဧည့်မထ မိုးဆန် ထိပ်စတစ်အိတ်ကို ၂၃၅၀၀ ကျပ်၊ လတ်စတစ်အိတ်ကို ၂၃၀၀၀ ကျပ်ဖြင့်တစ်အိတ်ကို ကျပ် ၁၅၀၀ ဝန်းကျင်တက်လာပြီး ၊ ငစိန်ထိပ်စ တစ်အိတ်ကို ၁၉၀၀၀ ကျပ်၊ လတ်စတစ်အိတ်ကို ၁၈၅၀၀ ကျပ် ရှိပြီးတစ်ပတ်အတွင်း ဆန်ချောဈေးနှုန်းမှာ တက်လာကြောင်းသိရပါတယ်။
မိုးသုခရှယ်တစ်အိတ် ၂၆၀၀၀ ကျပ်၊ လတ်စတစ်အိတ် ၂၅၀၀၀ ကျပ်၊ ပေါ်ဆန်းရှယ်ထိပ်စတစ်အိတ် ၄၀၀၀၀ ကျပ်၊ လတ်စတစ်အိတ်ကို ၃၇၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေပြီး ဝါးတန်းလမ်းကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန်ရှိနေကာ အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more