ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး ၂

08/12/2017 22:29 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

ပိုးတို့၏ သဘာဝ

ပိုးတို့သဘာဝ ရောဂါတို့ သဘာဝ အကြောင်းမပြောခင်မှာ ဆေးဖျန်းတာနဲ့ ပတ်သက်ပြီး ရှင်းစရာရှိပါတယ်။ ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်မှုပုံစုံမှာ အဓိက အားဖြင့် စိုက်စနစ်နဲ့ ပိုးရောဂါကို ထိန်းလေ့ရှိပါတယ်။ ဒုတိယ အဆင့်က insect trap (အင်းဆက်ထောင်ချောက်) တွေပါဝင်တဲ့ ကိရိယာတွေ နဲ့ထိန်းသိမ်းလေ့ရှိပါတယ်။ အထူးသဖြင့် ပိုးမွှားကာကွယ်ရေးမှာ အသုံးပြုပါတယ်။

Biological control (ဇီဝနည်းဖြင့် ကာကွယ်ခြင်း) အဆင့်ကတော့ တတိယအဆင့်ပါ။ ဇီဝပိုးသတ်ဆေးတွေ မှိုသတ်ဆေးတွေ နဲ့ တမာလို ဆေးမျိုးတွေ ဖျန်းပြီးထိန်းသိမ်းပါတယ်။ နောက်ဆုံးအဆင့်မှာသာ ဓာတု ဆေးတွေ ကိုင်တွယ်ဖြေရှင်းပါတယ်။ ဓာတုဆေးဖျန်းရာမှာလည်း ဆေးတမျိုးထဲ အမြဲအသုံးမပြုသင့်ပါဘူး။ တမျိုးထဲကို အစဉ်အသုံးပြုပါက ဆေးယဉ်ပါးသော ပိုး ရောဂါများဖြစ်စေသလို ပေါင်းသတ်ဆေးတောင်မှ ပေါင်းပင် မသေဘဲဖြစ်တတ်ပါတယ်။

ပိုးအုပ်စုကို အခြေခံအားဖြင့် ကိုက်ဖြတ်စားသောက်သောပိုး ကြိတ်ဝါးစားသောက်သောပိုး ခြစ်စားသော ပိုး စုပ်စားပိုးဆိုပြီး ခွဲခြားလေ့ရှိပါတယ်။ သူတို့သဘာဝပေါက်ဖွားပုံစံမှာလည်း ဥမှတဆင့် Lava လောက်အဆင့် ရုပ်ဖုံး ထိုမှတဆင့် ပိုးကောင်ငယ် အကောင်ကြီးဆိုပြီးရှိသလို နောက်တမျိုးမှာ ဥမှတဆင့် အကောင်ငယ် အကောင်ကြီးအဖြစ် တောက်လျောက် ရောက်တာမျိုးလဲ ရှိတတ်ပါတယ်။ ပိုးကောင်အများစု သဘာဝကတော့ အပင်အပေါ်ပိုင်း အရွက် မျက်နှာပြင် အထက်အောက် ပင်စည်အတွင်းအပြင် အမြစ်တို့ကို ကိုက်ဖြတ် ခြစ်စား စုပ်စားသော သဘာဝရှိပါတယ်။ ပုံမှန်အားဖြင့် မွှားပင့်ကူကဲ့သို့ အကောင်များဟာ အရွက် အောက်မျက်နှာပြင်တွင် အနေများပြီး အနီရောင် အမှုန်များအဖြစ်မြင်တွေ့ရလေ့ရှိသည်။အကောင်ပေါက်နှုန်း အရမ်းမြင့်မားကာ သစ်ရည်ကို စုပ်ယူစားသောက်မှုကြောင့် အပင်များရှိ အရွက်များမှတဆင့် တပင်လုံး အဝါရောင်ဖြစ်နေတတ်ပါတယ်။ ပုံမှန်အားဖြင့် အေးသောအချိန်များနှင့် ပူသောအချိန်များတွင် တွေ့ရလေ့ရှိပါတယ်။ ပိုးသတ်ဆေး အနေဖြင့် othocide ကဲ့သို့ ဥပါသေသော ပင်လုံးပြန့်အာနိသင်ဆေးများ အသုံးပြုသင့်ပါတယ်။ ကာကွယ်မှုအနေဖြင့် လိုင်းဆာလဖာ ဘော်ဒို ဆေးရွက်ကြီး ဆပ်ပြာရောထားသော သဘာဝဆေးများ ငရုတ်သီး ကြက်သွန်တို့ဖြင့် ဖော်ထားသော ဆေးနှင့် ဆာလဖာ အခြေခံထားသော ဆေးများ ဖြင့် ကာကွယ်နိုင်ပါတယ်။

ပျ၊ ယင်ဖြူ ကဲ့သို့ ပိုးများဟာ စိုက်ခင်းအတော်အများတွင် ဆိုးရွားစွာဖျက်စီးသလို နောက်ဆက်တွဲပြသနာအဖြစ် virus ရောဂါများဖြစ်ကာ ကုစရာဆေး မရှိတတ်တဲ့အထိ ဖြစ်စေပါတယ်။ ပျ၊ လှေး၊ ယင်ဖြူ အုပ်စုဟာ စုပ်စားပိုး အုပ်စုဖြစ်ပြီး ဥကနေ အကောင်ငယ် nymph အဆင့် အကောင်ကြီးအဆင့် ဖြစ်တည်ကာ အကောင်ငယ် အကောင်ကြီး အဆင့် ၂ဆင့်စလုံးမှ ဖျက်စီးတတ်သည်။ ယင်ဖြူ၊ ပျကို အပင်၊ အရွက် နှင့် အပင်ထိပ်ပိုင်းတွင် အစုလိုက်အပြုံလိုက်တွေ့ရပြီး ပျများမှ ပျချေးများကြောင့် sooty mould ခေါ် ကြပ်ခိုးမှိုများ ဖြစ်တတ်ပြီး ဆပ်ပြာ ဟင်းစားဇွန်း ၄ဇွန်း အိမ်သုံးဆီ ဟင်းစားဇွန်း ၄ဇွန်း ရေ ၄ဂါလံ ဖျန်းပြီး ဆေးကျောနိုင်ပါတယ်။ ကြပ်ခိုးမှိုကြောင့် ဟင်းသီးဟင်းရွက် ထုပ်ပိုးမှု အရည်အသွေး ကျဆင်းတတ်ပါတယ်။

လှေးများကို ပန်းပွင့်ချိန် ပန်းပွင့်များမှာ ဝင်ရောက်ဖျက်စီးလေ့ ရှိပြီး စက္ကူ အဖြုပေါ်တွေ ခါချမှ သာ အမှုန်အမွှား အဆင့်လောက်သာ မြင်ရပါတယ်။သေချာကြည့်မယ်ဆိုပါက အနုကြည့်မှန်ဘီလူးနဲ့ကြည့်နိုင်ပါတယ်။ဆေးဖျန်းရခက်ခဲသော ပိုး အုပ်စုဖြစ်ပါတယ်။ Insect trap (အင်းဆက်ထောင်ချောက်) အဖြစ် အဝါရောင် ကဒ်ပြားပေါ်မှာ ကြွက်ကပ်ကော် ကို သုတ်ပြီးထောင်ချောက်ဆင် ဖမ်းနိုင်ပါတယ်။ တဧကတောင်မြောက် ၁၀ခုနဲ့အထက် ထောင်ပေးရန် လိုပါတယ်။ ခူမွှေးရှည် ပင်စည်ထိုးပိုး ဖိုးလမင်းကျိုင်း ထွာကောင်စိမ်း ငမြောင်တောင် ပိုးနဂါး ပိုးရှော စတဲ့ လောက်ကောင်များဟာ ပြည့်စုံတဲ့ ဘဝစက်ဝန်းဖြစ်တဲ့ ဥ ကနေ လောက်ကောင် lava ထိုမှတဆင့် ပိုးရုပ်ဖုံး pupae ထိုမှ အကောင်ငယ် အကောင်ကြီး အဆင့်ဆင့်ဖြစ်ပေါ်ပြီးဟအရွက်များကို ကိုက်ဖြတ်ခြင်း ကြိတ်ဝါးခြင်း စသဖြင့် စားသောက်ဖျက်စီးလေ့ ရှိကြပါတယ်။ယေဘူယျအားဖြင့် မြေကြီးအတွင်း အရွက်များအကြား အမှိုက်ကဲ့သို့ အပင်အကြွင်းအကျန်များကြားမှာ ဥနှင့် လောက်ကောင် lavae ပိုးရုပ်ဖုံး ဘဝတို့တွင် နေထိုင်သော သဘာဝရှိကြပါတယ်။

ငမြောင်တောင် ဆိုလျှင် မြေကြီး ပက်ကြားအက်များအတွင်းတွင် အမကောင်များမှ ဥများဥလေ့ရှိပြီး လသာသောညများတွင် ညနေ ၆နာရီမှ ၉နာရီဝန်းကျင်တွင် အပင်များ ပင်စည်အခြေနှင့် အရွက်များကို ကိုက်ဖြတ်စားသောက်လေ့ရှိပါတယ်။ ပုလဲနှင့် ဓာတုပေါင်းသတ်ဆေး အသုံးများသော မြေများတွင် နှစ်ရှည်လများ အသုံးမှုကြောင့် မြေများ မာကျော ပြီး ပတ်ကြား အက်စေပါတယ်။ လယ်ကွင်းများ အပင်အကြွင်းအကျန်မီးရှို့ခြင်းကြောင့်လည်း အပေါ်ယံ မြေကျောများ မာကျောကာ soil structure (မြေကြီးဖွဲ့စည်းမှု) ပျက်စီးပြီး ပတ်ကြားကွဲစေပါတယ်။ သီးထိုးယင်ဆိုလျှင် ခရမ်း ခရမ်းချဉ် သရက်ကဲ့သို့ အပင်များတွင် အဖြစ်များပါတယ်။ သီးလုံးဖောက်ပိုးကို အသီးများပေါ် ဆေးဖျန်းပြီး နှိမ်နင်းမှု ပြုလုပ်ခြင်းက အလွန်လွဲမှားတဲ့ အယူအဆပါ။ အမှန်က ပန်းပွင့်ချိန် အမကောင်များက ပန်းပွင့်ထဲမှာ ဥဥပြီး ovaryကနေ အသီးဖြစ်တည်ချိန်မှာ ဥတွေဟာ အသီးအတွင်း ရောက်ရှိပြီး လောက်ကောင် Larva အဆင့်ဖြစ်ကာ အသီးအတွင်း ဖျက်စီးပြီး အသီးအပြင်သို့ ဖောက်ထွက်လာခြင်းဖြစ်တာကြောင့် ပန်းပွင့်ချိန် ဆေးဖျန်းခြင်းကို ဂရုပြု ဆောင်ရွက်သင့်ပါတယ်။

နာမည်ကျော် ပိုးတကောင်ကတော့ ပင်စည်ထိုးပိုးပါ။ စပါးမှာဆို နှံဖြူပေါ့။ အပင်အကြီးကနေ အပင်အငယ်အထိ ကျရောက်ပါတယ်။ အမကောင်က မြေကြီး အပင်အကြွင်းအကျန်နဲ့ မြေပတ်ကြားတွေကြားမှာ ဥများဥပြီး လောက်ကောင်အဆင့်တွင် စပါးဆိုပါက စပါးရွက်ဖုံး အဆစ်မှတဆင့် ဝင်ရောက်နေထိုင်ကာ တဖြည်းဖြည်း အပင်အစာရေကြောမှ တဆင့်ပေးပို့သော အစာရေစာ အဟာရများကို ဖြတ်တောက် စားသောက်ကာ အနှံထွက်ချိန်တွင် အစေ့အဆန် မအောင်မြင်မှုများ ဖြစ်ပေါ်စေပါတယ်။ ရာဘာ လိမ္မော်ကဲ့သို့ အပင်ကြီးမျိုးတွင် ဒဏ်ရာနေရာမှတဆင့် ဝင်ရောက်ကာ အပင်တွင်းကြီးထွားပြီး ပင်စည်ထိုးပိုးဝင်သော အကိုင်းများဟာ ညိုးခြောက် ပျက်စီးစေပါတယ်။ ဒါကြောင့် အခုလို အပင်မျိုးတွေမှာ အဆိပ်ငွေ့အာနိသင်ရှိတဲ့ ပိုးသတ်ဆေးများ ထိုးထည့်ပြီး ဆေးကတ္တရာ သို့မဟုတ် ပျားဖယောင်းများဖြင့်ပိတ်ပြီး ကာကွယ်နိုင်ပါတယ်။ ပင်စည်ထိုးပိုး ဝင်ထားသောအကိုင်းများကို ခုတ်ထွင် ဖျက်စီးရပါတယ်။ အဓိက အားဖြင့် မိမိစိုက်ခင်းအပြင် စိုက်ခင်းဘေး ပတ်ဝန်းကျင်ပါ သန့်ရှင်းရန် အရေးကြီးပါတယ်။ ဓာတုမြေသြဇာ ပေါင်းသတ်ဆေးသုံးမှု လျော့ချရန် အထူးလိုအပ်ပါတယ်။

Biological control (ဇီဝနည်းဖြင့် ကာကွယ်ခြင်း) အဖြစ် ဘော်ဒို ဆေးများ ငရုတ်သီးဆေးများ ဆပ်ပြာ ဆီရောထားသော အရေများ တမာ ပိုးသတ်ဆေးများ ဖြင့် ကြိုတင်ကာကွယ်သလို တမာဖတ်များ ကို မြေအတွင်းထည့်သွက်းပြီး ပိုးကောင်ဥများဖျက်စီးနိုင်ပါတယ်။ သီးနှံများအလှည့်ကျ စိုက်ပျိုးခြင်း မြေများ ၃နှစ်တကြိမ် အနားပေးခြင်း သစ်ရွက်စိမ်းမြေသြဇာထည့်ခြင်းတို့ကလဲ ပိုးကောင်တွေရဲ့ ဘဝစက်ဝန်းများကို ဖျက်စီးပြီးဖြစ်စေပါတယ်။

ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် မြုံနေသော အကောင်များဖြင့် ခြံတွင်းလွှတ်ပေးကာ မိတ်လိုက်ပြီး သန္ဓေမအောင်သော ဥများသာဖြစ်ပေါ်စေပြီး ဖျက်ပိုးရန်ကို ကာကွယ်ကြပါတယ်။ကျွန်တော်တို့နိုင်ငံမှာလည်း အချို့သော ကုမ္ပဏီများမှာ Bucillus subtallis ကဲ့သို့ Bacteria အခြေခံအရည်များထုတ်လုပ်ပြီး သီးလုံးဖောက်ပိုးကဲ့သို့ ပိုးများကို အစာစားချင်စိတ်ဖျက်စီးပြီး ဖျက်စီးကြပါတယ်။ ချက်ချင်းသေစေသော အာနိသင်မရှိသောကြောင့် တောင်သူအများစု ကြိုက်နှစ်သက်မှု အားနည်းတာကို တွေ့ရပါတယ်။

ဆက်ရန်ရှိပါသေးသည်။

Khant Zaw Htet
ACOM


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်