ဒီဂျစ်တယ်စာတတ်မြောက်ခြင်းမိတ်ဆက်

04/08/2023 18:30 PM တွင် Okkar Okkar မှ ရေးသား

ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်စာတတ်မြောက်ခြင်း(Digital Literacy)ခရီးစဉ်မှ ကြိုဆိုပါတယ်။

ယနေ့ခေတ်အချိန်အခါမှာ အရှိန်အဟုန်ဖြင့်တိုးတတ်နေသော ကမ္ဘာကြီးတွင် နည်းပညာသည် လူသားအားလုံး၏ဘဝတွင် အရေးပါသောအစိတ်အပိုင်းတခု ဖြစ်လာပါသည်။

စမတ်ဖုန်း(Smart Phone)များမှစ၍ လူမှုမီဒီယာ(Social Media) အထိ ဒီဂျစ်တယ်နည်းပညာသုံးကိရိယာများသည် ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ဝန်းရံထားပြီး ကျွန်တော်တို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများ၊ ဆက်သွယ်မှုများနှင့် ပညာရပ်ပိုင်းဆိုင်ရာသင်ယူမှုများအထိ လုပ်ဆောင်ရလွယ်ကူအောင် ဖန်တီးပေးနေပါသည်။ 

Digital Literacy ဆိုတာဘာလဲ

ဒီဂျစ်တယ်စာတတ်မြောက်မှုသည် ယနေ့ခေတ်ဒီဂျစ်တယ်ကမ္ဘာ၏အသုံးချနိုင်မှုစွမ်းရည်များကို ဖွင့်လှစ်နိုင်သော အဓိကသော့ဖြစ်သည်။ ကွန်ပြူတာအသုံးပြုပုံမှစ၍ နည်းပညာသည် ကျွန်တော်တို့၏လက်ရှိဘဝများကို မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိကြောင်းနှင့် ၎င်းတို့ကိုနည်းမှန်လမ်းမှန်အသုံးပြုနိုင်အောင် နားလည်မှုများရရှိမည့်ပညာရပ်ဖြစ်ပါသည်။

  • ဒီဂျစ်တယ်ကမ္ဘာတွင် လုံခြုံစွာနေထိုင်ပါ

အင်တာနက်သည် လူတစ်ဦးကို အဆုံးအဆမဲ့သော အကျိုးကျေးဇူးများစွာရရှိနိုင်သော်လည်း ၎င်းတွင် အန္တရာယ်များစွာလည်းရှိပါသည်။ အွန်လိုင်းဘေးကင်းလုံခြုံမှု၊ လုံခြုံသောလျိုဝှက်နံပါတ်များနှင့်အတူ အွန်လိုင်းလိမ်လည်မှုများကို မည်ကဲ့သို့ ခွဲခြားရမည်၊ ရှောင်ရှားရမည်များကို လေ့လာကြရပါမည်။ အထက်ပါတို့ကို လေ့လာခြင်းဖြင့် ကျွန်တော်တို့အားလုံး အတူတကွ လုံခြုံဘေးကင်းသော ဒီဂျစ်တယ်ကမ္ဘာကို ဝိုင်းဝန်းတည်ထောင်နိုင်ပါသည်။

  • ဒီဂျစ်တယ်ကျွမ်းကျင်မှုများဖြင့် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ပါ။

ကျွန်တော်တို့အားလုံးသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဒီဂျစ်တယ်ကမ္ဘာကြီးတွင် အသစ်အသစ်များကို အမြဲရှာဖွေနေကြရမည်။ အခြေခံကွန်ပြူတာအသုံးပြုနည်းမှစ၍ အချက်အလက်များကိုခွဲခြားစိတ်ဖြာခြင်းနှင့် မှတ်ဉာဏ်တုများအထိ စိတ်ဝင်စားဖွယ်ကောင်းသော ပညာရပ်များ၊ အသိပညာ၊အတတ်ပညာများသည် ဒီဂျစ်တယ်ကမ္ဘာတွင် လူတိုင်းအတွက်ရှိနေပါသည်။

ကျွန်တော်တို့တစ်ကိုယ်ရည်နှင့် အသက်မွေးဝမ်းကြောင်းအတွက်လိုအပ်သော ပညာရပ်များနှင့်အသိပညာများကို ဒီဂျစ်တယ်ကမ္ဘာတွင်သင်ကြားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်လိုက်ကြပါ။

  • ဒီဂျစ်တယ်ဖြင့် ချိတ်ဆက်ခြင်းဖြင့် ဆက်သွယ်ပါ။

လူမှုမီဒီယာသည် ကမ္ဘာကြီး၏ချိတ်ဆက်မှုများကို ခေတ်တခေတ်ပြောင်းလဲစေခဲ့ပါသည်။

ဒီဂျစ်တယ်ကိုအသုံးပြု၍ ဆက်သွယ်မှုနည်းလမ်းအသစ်များကိုရှာဖွေပြီး မိမိတို့၏တစ်ကိုယ်ရည်နှင့် လုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချခြင်းဖြင့် ဒီဂျစ်တယ်ကမ္ဘာတွင် ဝင်ရောက်နေထိုင်လိုက်ကြပါ။ ဒီဂျစ်တယ်ကမ္ဘာတွင် တစ်ဦးနှင့်တစ်ဦး လေးစားမှုနှင့် တာဝန်ယူမှုရှိစွာဆက်သွယ်ခြင်းဖြင့် ဒီဂျစ်တယ်ကွန်ယက်တခုဖန်တီးကြရအောင်ပါ။

  • ဝဘ်ဆိုက်(Website) များနှင့်သတင်းအချက်အလက်စွမ်းအားများ

အင်တာနက်သည် ကျယ်ပြောလှသော သတင်းအချက်အလက်ပင်လယ်ကြီးတခုဖြစ်သည်။ လွန်စွာများပြားသော Website များမှတစ်ဆင့် မိမိအတွက်လိုအပ်သောအချက်အလက်ရှာဖွေခြင်း၊ အသုံးချခြင်းသည် ဒီဂျစ်တယ်ကမ္ဘာ၏ လှပသောဖန်ဆင်းချက်ဖြစ်သည်။ သို့သော် သတင်းအချက်များနှင့် အကြောင်းအရာများကို ရုပ်ဆိုးအကျည်းတန်စေသော သတင်းတု၊ သတင်းမှားများကိုလည်း နားလည်ရန်၊ သိရှိရန်နှင့်ခွဲခြားတတ်ရန် လိုအပ်ပါသည်။ ယနေ့ခေတ်တွင် အသိပညာသည် လွန်စွာအားကောင်းသော စွမ်းအားတခုဖြစ်သည်။ ထိုစွမ်အားကို ဒီဂျစ်တယ်ကမ္ဘာတွင် နေထိုင်ခြင်းဖြင့် ရယူလိုက်ပါ။

  • တာဝန်သိ ဒီဂျစ်တယ်နိုင်ငံသားတစ်ဦး

ဒီဂျစ်တယ်ကမ္ဘာတွင် ကမ္ဘာပေါ်ရှိဒေသအသီးသီး နိုင်ငံအသီးသီးရှိလူတိုင်းသည် တန်းတူညီမျှအချက်အလက်များရယူနိုင်ပြီး သင်ယူနိုင်ကြသည်။ ဒီဂျစ်တယ်ကမ္ဘာသည် ကမ္ဘာပေါ်ရှိ လူတိုင်းကို နိုင်ငံတခုတည်းအဖြစ် စုစည်းထားသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် ဒီဂျစ်တယ်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာသူတိုင်းသည် ကောင်းမွန်သောဒီဂျစ်တယ်အမူအကျင့်များ (ဥပမာ − တာဝန်ယူမှုတာဝန်ခံမှုမဖြင့် အသုံးပြုခြင်း၊ သူတစ်ပါး၏အချက်အလက်များကိုလေးစားခြင်း) စသည်များကို လေလာ့ပြီး တာဝန်သိ ဒီဂျစ်တယ်နိုင်ငံသားတစ်ဦးအဖြစ်နေထိုင်ကြရပါမည်။

စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဒီဂျစ်တယ်စာတတ်မြောက်မှုသင်ခန်းစာများကို စတင်သင်ယူဖို့အဆင်သင့်ဖြစ်ပြီးဆိုလျှင် နောက်အပတ်တွေကစပြီး ကျွန်တော်တို့ အစိမ်းရောင်လမ်းနှင့်အတူ ဒီဂျစ်တယ်ကမ္ဘာကြီးကို အတူတူလေ့လာသွားကြရအောင်ပါ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်