စံပယ်ပန်းကိုဖျက်တဲ့ စံပယ်ဖူးထိုးပိုး (Jasmine Bud Worm)

04/06/2019 19:00 PM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စံပယ်ဖူးထိုးပိုး (Hendecasis duplifascialis)

ဥမှပေါက်ခါစ သားလောင်းငယ်က ခန္ဓာကိုယ်မှာ အမွေးအနည်းငယ်ရှိပြီး နို့နှစ်ဝါရောင်ရှိသည်။ အရွယ်ရောက်ပြီးတဲ့ သားလောင်းအကြီးက ခန္ဓာကိုယ်မှာ အမွှေးအနည်းငယ်ရှိပြီး အစိမ်းဖျော့ရောင်ရှိသည်။ သားလောင်း၏ဦးခေါင်းက အမဲရောင်ရှိသည်။ အကောင်ကြီးသည် သေးငယ်တဲ့အဖြူရောင် ဖလံဖြစ်ပြီး  အနောက်အတောင်နှင့် ဝမ်းဗိုက်ပိုင်းတွင် အနက်ရောင်လိုင်းပါရှိသည်။

ကျရောက်ဖျက်စီးပုံ

ဖလံအမတွေက မပွင့်သေးသောအဖူးတွေ၊ ပွင့်ဖတ်တွေနဲ့ အဖူးရိုးတံတွေ အပေါ်မှာ ဥတွေအုချလေ့ရှိကြသည်။ သား လောင်းက စံပယ်ဖူးထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး  စားသောက်ပါသည်။ သူနေထိုင်စားသောက်နေတဲ့အဖူးမှ တစ်ညွှန့်ထဲတွင်ရှိသော အခြားအဖူးများကို  ကူးကာစားသောက် ဖျက်စီးသည်။ အဖူး၂-၃ဖူး အထိကို စားသောက်ဖျက်ဆီး သည်။ ပိုးပြင်းထန်စွာကျရောက်လျှင် ကပ်လျက်ရှိသော အဖူးများကြားတွင် ကွန်ရက်ပုံစံပြုလုပ်ပြီး ပွင့်ဖတ်တွေကို စားသောက်သည်။ စံပယ်ဖူးထိုးပိုး ကျရောက်သော ပန်းပွင့်သည် အနီဖျော့ရောင်သို့ ပြောင်းလဲသွားပြီးနောက် အပင်မှ ကြွေကျသွားသည်။ 

ကာကွယ်နှိမ်နင်းနည်း

    • တစ်ပတ်လျှင် တစ်ကြိမ်လောက် ပိုးကျနေသောပန်းပွင့်နှင့် ပိုးကောင်ကို ရှာဖွေပြီး  ဖျက်ဆီးသင့်ပါသည်။

    • စံပယ်ချုံကို သင့်တော်တဲ့ ကိုင်းချိုင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် ပိုးကျရောက်မှုကို နည်းစေနိုင်ပါတယ်။

    • ပိုးဖလံကို ဖမ်းပြီးသတ်ဖို့ရန် အလင်းရောင်ထောင်ချောက်တွေကို သုံးလို့ရပါတယ်။ 

    • ပိုးသတ်ဆေး အသုံးပြုဖို့လိုမယ်ဆိုရင် NSKE ၅% (သို့) မာလာသီရွန် (malathion)ကို ရေတစ်ဆယ်လီတာလျှင် ထမင်းစားဇွန်း ၂ ဇွန်းနှုန်းဖြင့် ရောစပ်ပြီးသုံးနိုင်ပါသည်။

    • ပရိုဖီနိုဖော့စ် (profenofos 50EC) ကို ရေငါးလီတာလျှင် ထမင်းစားဇွန်း ၁ ဇွန်း နှုန်းဖြင့်သော်လည်းကောင်း၊ သိုင်ရာကလိုပရစ် (thiacloprid 240SC)ကို ရေငါးလီတာလျှင် ထမင်းစားဇွန်း ၁ ဇွန်း နှုန်းဖြင့်သော်လည်းကောင်း ပိုးကောင်ရေကို ထိန်းချုပ်ဖို့ရန်နှင့် စီးပွားရေးအရ ဆုံးရှုံးမှုအနည်းဆုံးဖြစ်ဖို့ရန် အသုံးပြုနိုင်ပါသည်။

ပိုးသတ်ဆေး အသုံးပြုမယ်ဆိုလျှင် စနစ်တကျလုပ်ဆောင်ရမည့် အချက်များလဲ ရှိပါသည်။ ဆေးဖြန်းမယ်ဆိုလျှင် အကာအကွယ်ပေးသည့် အဝတ်အစားများကို ဝတ်ဆင်သင့်ပါတယ်။ အသုံးပြုရမည့်နှုန်းထား၊ ဖြန်းရမည့်အချိန်၊ ဆေးဖြန်းပြီးနောက် ခူးရမည့်အချိန်ကို ထုတ်ကုန်၏အညွှန်းမှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာသင့်ပါတယ်။

ဝတ်မှုံသင်း

 Ref:https://www.plantwise.org/knowledgebank/factsheetforfarmers/20147801429?fbclid=IwAR32mvpc8nYe6PiYuBr7CYLGnc4bz_eASI8GvQ5v-rOKj4L-NzAumsFIO9s

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်