ဝမ်းစာစပါးမဖူလုံတဲ့ ပူတာအိုမြို့နယ်ကို ၃ နှစ်အတွင်း ဝမ်းစာဖူလုံအောင်ဆောင်ရွက်မည်

14/11/2021 13:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

မြစ်ကြီးနား၊ နိုဝင်ဘာ - ၁၂

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်အနက် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၅ မြို့နယ်နဲ့ မြို့တစ်မြို့မှာ ဝမ်းစာစပါးမဖူလုံသေးတဲ့အတွက် လာမယ့် ၃ နှစ် အတွင်း ဖူလုံအောင်ဆောင်ရွက်သွားမယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန် နန်က Green Way ကိုပြောပါတယ်။

ပူတာအိုခရိုင်ဆိုရင် သူတို့ ဆန်စပါးမဖူလုံဘူး။ ဒီ ၃ နှစ်မှာ ပူတာအိုဒေသ ဆန်စပါးဖူလုံဖို့ ဒီ ၃ နှစ်မှာ ကျွန်တော်တို့အားလုံး ကြိုးစားဆောင်ရွက်စို့ဆိုတဲ့ဆောင်ပုဒ်နဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတယ်နော်။ ပူတာအို ဝမ်းစာဖူလုံဖို့ လယ်မြေတွေလည်း တိုးချဲ့ပြီးတော့ဆောင်ရွက်နေတယ်

ကချင်ပြည်နယ်အတွင်းမှာ မိုးစပါးစိုက်ဧက ငါးသိန်းနီးပါးရှိပြီး နွေစပါးစိုက်ပျိုးဖို့အတွက် ကတော့ ရေရရှိမှုနည်းပါးတဲ့အတွက် အင်းဇောင်းတွေမှာပဲ မယင်းစပါးကို စိုက်ပျိုးကြပြီး နွေစိုက်ဧကက ငါးထောင်ကျော်ပဲရှိပါတယ်။ တောင်ကုန်းတောင်တန်းပေါများပြီး ဝမ်းစာမဖူလုံသေးတဲ့ ပူတာအိုခရိုင်မှာတော့ မိုးစပါးစိုက်ဧက သုံးထောင့်ခုနှစ်ရာကျော်သာရှိပြီး နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ သက်တမ်းရှည်တဲ့ ရာသီစပါးတွေနေရာမှာ အထွက်ကောင်းပြီး စားသုံးသူလည်း ကြိုက်နှစ်သက်တဲ့ ဆင်းဧကရီ - ၃၊ မှော်ဘီ - ၂ စတဲ့ သက်တမ်းတိုစပါးမျိုးတွေကို ပြောင်းလဲစိုက်ပျိုးနိုင်ဖို့ မျိုးသန့်ဖြန့်ဖြူးတဲ့လုပ်ငန်းတွေနဲ့ စိုက်နည်းပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်လျှက်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြစ်ကြီးနားခရိုင်မှုး ဦးအောင်မျိုးဝင်းက Green Way ကိုပြောပါတယ်။

လောလောဆယ် ကျွန်တော်တို့သွားနေတဲ့ဟာကတော့ ဧရိယာတိုးချဲ့တာထက် အထွက်နှုန်းတိုးအောင်သွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့က အထွက်ကောင်းမျိုးနဲ့ အထွက်နှုန်းတိုးတက်ရေးကို ရည်မှန်းချက်ထားတာပေါ့

အသက်ရက် ၁၃၅ ရက်သာရှိတဲ့ ဆင်းဧကရီ - ၃ စပါးမျိုးက ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်ပြီး မူရင်းဒေသက ထိုင်းနိုင်ငံကဖြစ်ပါတယ်။ မိဘမျိုး RD 23B မျိုးဖြစ်ပြီး ၁၉၈၅ခု နှစ်မှာ ထုတ်ဝေဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ စုစုပေါင်းစပါးစိုက်ဧက ငါးသိန်းကျော်အနက် စိုက်ဧက ၇၅ ရာခိုင်နှုန်းမှာ ဆင်း - ၃ လို့ တောင်သူတွေခေါ်ကြတဲ့ ဆင်းဧကရီ -  ၃ ကို ဒေသစပါးတွေနေရာမှာ အစားထိုးစိုက်ပျိုးလာကြတာဖြစ်ပါတယ်။

တောင်ကုန်းနဲ့ မြေပြန့်ရောထွေးနေပြီး လယ်သမားတစ်ဦးချင်း လယ်ပိုင်ဆိုင်မှုနည်းပါးတဲ့ မြစ်ကြီးနားမြို့နယ်မှာတော့ တစ်ဧက အထွက်နှုန်းတိုးရေးက အဲ့ဒီဒေသကတောင်သူတွေအတွက် အဓိကလိုအပ်ပြီး ဒေသရေမြေရာသီဥတုနဲ့ လိုက်လျောညီထွေရှိတဲ့ စပါးမျိုးကောင်းမျိုးသန့်နဲ့ စိုက်ပျိုးနည်းပညာတွေရရှိတာက စိုက်ပျိုးစီးပွားအတွက် အထောက်အပံ့ကောင်းတွေရရှိစေတယ်လို့ မြစ်ကြီးနားမြို့ မန်ခိန်ကွင်းမှာ စပါး ၃ ဧကစိုက်ပျိုးသူ တောင်သူ ဦးလဂျော်နော်က Green Way ကိုပြောပါတယ်။

ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်ဆိုရင် စပါးအထွက်တိုးဖို့က အရမ်းကိုခက်ခဲတယ်။ ဘာကြောင့်လည်းဆိုတော့ စိုက်ပျိုးရေးနည်းပညာအရ အဲ့လိုမျိုးပံ့ပိုးပေးတဲ့အတွက် အထာက်အကူက အများကြီးဖြစ်လာတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကိုယ့်မျိုးနဲ့ သန့်အောင်လည်း ကိုယ်မလုပ်နိုင်ဘူး။ နှစ်တိုင်း မျိူးသန့်မျိုးကောင်းတွေထုတ်ပေးတဲ့အတွက်လည်း ကိုယ့်အတွက်လည်း အရမ်းအကျိုးရှိတာပေါ့နော်။ အဲ့လိုမျိုး ကိုယ်က အထွက်တိုးတယ်ဆိုတာက ပုံမှန် နှစ်တိုင်းစိုက်နေတာထက် အရမ်းကွာဟချက်ရှိသွားတာ။ ပုံမှန် ကိုယ့်မျိုးနဲ့ကိုယ်စိုက်မယ်ဆိုရင် တစ်ဧကကို ၇၀ နှုန်းပဲထွက်မယ်။ အခုစိုက်ပျိုးရေးတွေ သူတို့က မျိုးထုတ်ပေးမယ်ဆိုတော့ တစ်ခါတစ်လေ တစ်နှစ်နဲ့ တစ်နှစ်တော့မတူဘူးပေါ့။ တစ်ရာလည်းကျော်ချင်ကျော်သွားတယ်။ ၁၃၀၊ ၁၀၀၊ အဲ့လိုသူတို့မျိုးထုတ်ပေးလို့ အကျိုးခံစားခွင့်ရတာပါ

ပူတာအိုခရိုင်အတွင်းမှာ ပူတာအို၊ ဆွန်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူးနဲ့ နောင်မွန်းမြို့နယ်တို့ပါဝင်ပြီး မြန်မာပြည်မြောက်ဖျားစွန်းမြို့ဖြစ်တဲ့ ပန်နန်ဒင်းမြို့လည်းပါဝင်ပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်