ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )

05/05/2020 17:00 PM တွင် ayethandasoe ayethandasoe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဒူးရင်းပျိုးပင်နှင့် အပင်ကြီးများ၏အရွက်များတွင် ကျရောက်သော ရောဂါဖြစ်စေသောသက်ရှိ Phomopsis duriansis ကြောင့်ဖြစ်သည့် မှိုရောဂါဖြစ်သည်။ အရွက်နုများနှင့် ပျိုးပင်များတွင် ကျရောက်မှုပို၍များသည်။ အရွက်များ ဝါခြောက်သွားပြီး ကိုင်းများ နေလောင်သကဲ့သို့ ခြောက်သွေ့သွားသည်။ နောက်ဆက်တွဲ Lasiplodia theobromae သက်ရှိကြောင့်ဖြစ်သော မှိုရောဂါကို ဖြစ်စေသည်။

ရောဂါလက္ခဏာ

    ဒူးရင်းအရွက်နုများတွင် သေးငယ်သော အဝါရောင်အစက်ပြောက်များကို  စတင်တွေ့ရှိရပါမည်။ အစက်ပြောက်များ အညိုရောင်သို့ပြောင်းကာ အဝါရောင်အဝန်းအဝိုင်း (yellow halo)အဖြစ် တွေ့ရသည်။ အရွက်အောက်မျက်နှာပြင်တွင် ရောဂါလက္ခဏာကို မမြင်ရပါ။ 

    ရောဂါကျရောက်မှုများပါက အရွက်နုများကြွေကျစေသည်။ 

ကာကွယ်နှိမ်နင်းနည်း

    ပျိုးပင်နှင့် အပင်ငယ်များတွင် ကျရောက်မှုများ၍ အရွက်နုများကြွေကျကာ ကိုင်းများ နေလောင်သကဲ့သို့ ခြောက်ခြင်းကို ကာကွယ်ရန် ပင်လုံးပြန့်အာနိသင်ရှိသော မှိုသတ်ဆေး ဥပမာ ai - ဘီနိုမိုင်း (benomyl) , ထရိုင်အိုဖန်းနိပ် မီသိုင်း (triophanate methyl) ပါသော မှိုသတ်ဆေးကို အညွန်းပါအတိုင်းဖြန်းပါ။

22.4.2020

အေးသန္တာစိုး၊ B.Agr.Sc-1998

Ref; http://jaowoffice.weebly.com/blog/durian-diseases

http://animhosnan.blogspot.com/2013/12/durian-foliar-diseases.html

https://www.researchgate.net/publication/336769349_Pattern_Recognition_of_Durian_Foliar_Diseases_Using_Fractal_Dimension_and_Chaos_Game

https://www.researchgate.net/publication/296474332_Leaf_Spot_Characteristics_of_Phomopsis_Durionis_on_Durian_Durio_Zibethinus_Murray_and_Latent_Infection_of_the_Pathogen

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်