မြန်မာတိုင်းနဲ့ရင်းနှီးတဲ့ တတိုင်းမွှေး

07/09/2020 15:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    တတိုင်းမွှေးဆိုတဲ့ပန်းလေးရဲ့အမည်ကိုတော့ မြန်မာလူမျိုးများကြားဖူးကြမှာပါ။ တတိုင်းမွှေးဟူသောအမည်နှင့်လိုက်ဖက်စွာ အမည်ကိုတမ်းတရုံနှင့်ပင် မွှေးသည်ဆိုရလောက်အောင် ၎င်း၏ရနံမှာ ဆွတ်ပျံ့ဖွယ်ဖြစ်ပါသည်။ တတိုင်းမွှေးကို အင်္ဂလိပ်အမည် magnolia ဟုခေါ်ကာ သိပ္ပံအမည်မှာ Magnolia grandiflora ဖြစ်ပါသည်။ မျိုးစုမှာ magnoliaceae တွင်ပါဝင်ပါသည်။ ပန်းပွင့်၏ အရောင်၊ အပွင့်အရွယ်အစားနှင့် ပေါက်ရောက်ရာဒေသပေါ်မူတည်ပြီး မျိုးစိတ်ပေါင်း ၂၁၀ ကျော်ရှိသည့်အနက် ယေဘုယျအားဖြင့် အပူပိုင်းဒေသရှိ အမြဲစိမ်းမျိုးနှင့် အအေးပိုင်းဒေသရှိရွက်ကြွေမျိုးဟူ၍ နှစ်မျိုးခွဲနိုင်ပါသည်။

    တတိုင်းမွှေးပင်များသည် မြန်မာ၊ အမေရိက၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကိုးရီးယား စသော နိုင်ငံများတွင်ပျံ့နှံ့လျက်ရှိပြီး အပူပိုင်းနှင့် သမပိုင်းတွင်ပေါက်ရောက်သော အရေအတွက်သည် အအေးပိုင်းဒေသထက် ပိုများပါသည်။ တရုတ်နိုင်ငံတွင် တတိုင်းမွှေးကို အမြတ်တနိုးတန်ဖိုးထားကြသည်ကိုလည်း တွေ့ရပါသည်။

အပင်ပုံစံနှင့် စိုက်ပျိုးရမည့် မြေအနေအထား

    တတိုင်းမွှေးအပင်မှာ မျိုးစိတ်ပေါ်မူတည်၍ အချို့အပင်များမှာ ၁၅ ပေ မှ အချို့အပင်မှာ ပေ ၈၀ အထိရှိတတ်၏။ အရွက်မှာ အစိမ်းရင့်ရောင် ဘဲဥပုံအရွက်များဖြစ်ပြီး ဖယောင်းလွှာဖြင့် ဖုံးအုပ်ထားသောကြောင့် ပြောင်ချောနေ၏။ အပွင့်များမှာ အပင်မျိုးစိတ်ပေါ် မူတည်၍ အရွယ်ကွာခြားကာ အဖြူရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ ကြက်သွေးရောင် ဟူ၍ အမျိုးမျိုးရှိပါသည်။ ပန်းများ၏ရနံ့မှာ အလွန်မွှေးသောကြောင့် ရေမွှေးပြုလုပ်ရာတွင်လည်းကောင်း၊ ရေချိုးဆပ်ပြာမှစ၍ အလှကုန်များပြုလုပ်ရာတွင်လည်းကောင်း များစွာအသုံးပြုကြရာ အပူပိုင်းဒေသရှိ တတိုင်းမွှေးများသည် အအေးပိုင်းထက် ရနံ့ပိုသင်းခြင်းကြောင့် လူကြိုက်များကြပါသည်။ စစိုက်ချိန်မှစ၍( ၇ )နှစ်ခန့်ကြာမှသာ ပထမဆုံးအကြိမ်ပွင့်၏။

    တတိုင်းမွှေးသည် အနည်းငယ် အက်ဆစ်ဆန်ပြီး ရေစီးရေလာကောင်းကာ ပွယောင်းသောမြေတွင် ဖြစ်ထွန်းပါသည်။ ဖျက်ပိုးနှင့် ရောဂါဒဏ်ကိုခံနိုင်သော အပင်များဖြစ်၏။ အအေးပိုင်းရှိအပင်များမှာ ပွင့်ခါနီးတွင် အရွက်များကြွေပြီး တစ်ပင်လုံး ပန်းများ ဝေအောင်ပွင့်၏။ များသောအားဖြင့် အအေးပိုင်းအပင်များသည် တစ်ပတ်အတွင်းသာ အစွမ်းကုန်ပွင့်ပါသည်။ အပူပိုင်းဒေသရှိ အပင်များမှာမူ နွေရာသီမှ စတင်ဖူးပွင့်ကြပြီး ကာလကြာစွာ ပွင့်ကြပါသည်။

    တတိုင်းမွှေးအပွင့်ကို အလှကုန်များတွင် များစွာသုံးကြပြီး အရွက်ကို အာရှတိုက်တွင် ရိုးရာဆေးဝါးဖော်စပ်ရာ၌ သုံးပါသည်။ ပင်စည်ကိုမူ ပရိဘောဂများပြုလုပ်ပါသည်။ တတိုင်းမွှေးပင်များသည် ကမ္ဘာပေါ်တွင် အနည်းဆုံး နှစ်သန်းပေါင်း ၉၅ သန်းခန့်ကြာအောင် ရှိခဲ့ပြီဖြစ်ပါသည်။

    ပျားများသည် တတိုင်းမွှေး၏ အဓိက ဝတ်မှုံကူးသူများဖြစ်ပါသည်။ ထူးခြားချက်မှာ တတိုင်းမွှေးပန်းများတွင် ဝတ်မှုံမထုတ်လုပ်ဘဲ ပရိုတင်းဓာတ်ပါသော ဝတ်ရည်များသာထုတ်ကာ ထိုအရာများဖြင့် ပျားများကို ဆွဲဆောင်မှုပြုလုပ်ပါသည်။ အပင်များသည် သက်တမ်းပေါင်း ၁၀၀ ကြာအောင် ရှင်သန်ကြပါသည်။ စကားဝါ ၊ စကားစိမ်းများသည်လည်း တတိုင်းမွှေးအနွယ်ဝင်များဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမည်ဆိုပါကလည်း အပူပိုင်းနှင့် သမပိုင်းဒေသရှိ တတိုင်းမွှေးမျိုးကိုသာ စိုက်နိုင်ပါသည်။

    ပန်းပွင့်ရန်အချိန်ယူရသော်လည်း ပွင့်လန်းလာသော ပန်းလေးများသည် အဆင်းလှပခြင်း၊ ရနံ့လွန်စွာသင်းပျံ့ခြင်း၊ မြန်မာနိုင်ငံတွင် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပန်းချစ်သူများအနေဖြင့် မိမိတို့အိမ်တွင် တစ်ပင်တစ်လေခန့် စိုက်သင့်ကြောင်း ရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်