စိုက်ပျိုးထုတ်လုပ်နေကြသော သီးနှံမျိုးစေ့များအကြောင်း

21/10/2021 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    သီးနှံမျိုးစေ့တွင် စပ်မျိုး(Hybrid)၊ သဘာဝအတိုင်းဖြစ်ပေါ်လာသောမျိုး(Open Pollinated) နှင့် ၁၉၄၀ ခုနှစ်မတိုင်မီကရှိခဲ့သော မိရိုးဖလာမျိုး (Heirloom) တို့ဟူ၍ မျိုးစေ့များ ရွေးချယ်စိုက်ပျိုးမှုပုံစံရှိကြပါသည်။

    မျိုးစေ့တစ်ခုချင်းစီအလိုက် ဂုဏ်သတ္တိများ၊ အရည်အသွေးများနှင့် အားနည်းချက်များမှာ...

စပ်မျိုး

    စပ်မျိုးကို အပင်သက်တမ်းတိုစေဖို့၊ ရောဂါဒဏ်ခံနိုင်စေဖို့နှင့် အစေ့အရွယ်ညီညာစေဖို့ စသောရည်ရွယ်ချက်ဖြင့် မျိုးကူးစပ်ပြီး ထုတ်လုပ်ကြသည်။ စပ်မျိုးမှ ပထမသားဆက် (F1=Filial) သည် စပ်မျိုး၏ဂုဏ်သတ္တိ (Hybrid Vigour) ကို ပြသသည်။ ထိုအပင်များမှ မျိုးစေ့ကိုယူပြီး နောက်နှစ်တွင် စိုက်ပျိုးက ပထမနှစ်ကဲ့သို့ ဂုဏ်သတ္တိအစွမ်းပြလေ့မရှိချေ။ ထို့ကြောင့် စပ်မျိုးပထမသားဆက်ကိုသာ စိုက်ပျိုးရသည်။

သဘာဝအတိုင်းဖြစ်ပေါ်လာသောမျိုး

    သဘာဝအတိုင်းဖြစ်ပေါ်လာသောမျိုးကို စိုက်ပျိုးသူများက ကံအားလျော်စွာ တွေ့ရှိခြင်းဖြစ်သည်။ ထိုမျိုးများသည် နေရာဒေသအမျိုးမျိုးတွင် ဖြစ်ထွန်းမှု၊ အထွက်ကောင်းမွန်မှု၊ အပင်ညီညာမှု၊ ရောဂါဒဏ်ခံနိုင်မှုစသည်တို့တွင် စပ်မျိုးပထမသားဆက်ကို မီလေ့မရှိကြချေ။ သို့ရာတွင် ထိုမျိုးမှရသောမျိုးစေ့ကို ပြန်လည်စိုက်ပျိုးပါက ယခင်ကမျိုးအတိုင်း ပြန်လည်ရရှိသည်။ ဥပမာ- ပဲမျိုးစုံဖြစ်သည်။

မိရိုးဖလာမျိုး

     မိရိုးဖလာမျိုးသည် ၁၉၄၀ ခုနှစ်မတိုင်မီက သဘာဝအတိုင်းရရှိခဲ့သောမျိုးဖြစ်သည်။ ထို့ကြောင့် စပ်မျိုးပထမသားဆက်ကဲ့သို့ သန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်မှု၊ ညီညာမှုမရှိနိုင်ချေ။ သို့ရာတွင် ထိုမျိုးစေ့များကို တစ်နှစ်ပြီးတစ်နှစ် စုဆောင်း၍ဆက်လက်စိုက်ပျိုးကြသည်။ အဓိကအကြောင်းမှာ အသီးပုံစံညီညာခြင်း၊ အရွယ်တူညီခြင်း၊ အရောင်တူညီခြင်း၊ အနံ့တူညီခြင်းတို့ကြောင့် ဖြစ်သည်။ ဥပမာ- ခရမ်းချဉ်သီး၊ သခွားမျိုး၊ ငရုတ်၊ ဆလပ် စသည်တို့ဖြစ်သည်။

နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်