ကျွန်းပန်းလေးတွေအကြောင်း

23/09/2021 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီလဟာ ကျွန်းပင်တွေပွင့်သောလဖြစ်တယ်။ စက်တင်ဘာလထဲမှာ ကျွန်းသီးလေးတွေစမြင်ရပြီ။ ကျွန်းဆိုတာ ရာသီအလိုက် အရွက်ကြွေသောအပင် deciduous tree ဖြစ်တယ်။ နွေရာသီဆိုရင် အရွက်လုံးဝကင်းမဲ့သည်အထိကြွေကျသည်။ မီးအန္တရာယ်ရှိသည်။ မိုးရာသီကာလမှာ အရွက်ဖားဖားနှင့်စိမ်းစိုနေသည်။ ကျွန်းဆိုတာ အာရှတိုက်နဲ့ အာဖရိကအရှေ့ပိုင်းမှာ ပေါက်ရောက်သည့် အပင်၊ သစ်သားအားလုံးထဲမှာတော့ တန်ဖိုးမြင့်မားလှသော အဖိုးတန်သော အသားဖြစ်သည်။ မဟော်ဂနီကလွဲပြီးရင် တန်ဖိုးအမြင့်မားဆုံးဖြစ်သည်။

မြန်မာ့ကျွန်းသစ်သည် ကမ္ဘာကျော်သည်။ ကျုံခြင်း ကြွခြင်း မရှိသောကြောင့် ပထမတန်စားသစ်အဖြစ်ကျော်ကြားသည်။ ကျွန်းသားကို ခြမစား ၊ အက်စစ်လည်း မစားပါ၊ တာရှည်ခံသည် ၊ ခိုင်ခံသည်၊ ရာသီဥတုဒါဏ်ခံနိုင်သည်၊ 

ကျွန်းသစ်ကို အိမ်ဆောက်ခြင်း၊ ပရိဘောဂထည်များပြုလုပ်ခြင်း၊ လက်တွေ့ခန်းသုံးပစ္စည်းများ ပြုလုပ်ခြင်း၊ သင်္ဘောာများ၊ လှေများ တည်ဆောက်ခြင်း၊ မီးရထားတွဲများတည်ဆောက်ခြင်း၊ ပန်းပုလက်ရာများထုဆစ်ခြင်း၊ ကြမ်းခင်းခြင်း၊ တံတားများတည်ဆောက်ခြင်းပြုလုပ်ရာတွင် ကျွန်းကိုမီသည့် သစ်သားကို ယနေ့အထိမတွေ့ရသေးပါ။ ကျွန်းနှင့် နံမည်ကျော်ကြားသောတံတားထဲတွင် မန္တလေးက  ဦးပိန်တံတားပါသည်။ ယနေ့တိုင်ရှိနေဆဲ။ ဟုမ္မလင်းမှာလည်း သစ်သားဖြင့်ဆောက်သည့် ကံသာဦး တံတား၊ ဟုမ္မလင်းဦးပိန်တံတားတွေက လူသိများသည်။ ကျွန်းနှင့်ဆောက်ထားသည့် ရှေးခေတ် ဘုန်းကြီးကျောင်းတွေက လူတွေရဲ့စိတ်ကို ဆွဲဆောင်သည်။ နိုင်ငံခြားသားများလာလျှင်  အလွန်သဘောကျသည်။ ထိုကျောင်းတွေကို ဖြိုဖျက်ပြီး ခေတ်မီ အုတ် ကွန်ကရစ်များ အစားထိုးခြင်းက ရိုးရာ ယဥ်ကျေးမှု အမွေအနှစ်များ ဆုံးရှုံးစေသည်။ ကျွန်တော် ရောက်လေရာကျောင်းတွေကိုဖြင့် မဖျက်ဖို့ ဆရာတော်ကြီးများကို  လျှောက်ထားခဲ့မိသည်။ 

ဝီကီပီးဒီယားထဲမှာ ကျွန်းကို teak လို့လည်း ခေါ်သလို Burma teak လို့လည်း ခေါ်ကြောင်း မှတ်သားမိသည်။ ကျွန်းပင်စည်က အခြားအပင်တွေနဲ့ မတူ၊ ဖြောင့်တန်းစွာ ရှိနေသည်။ ပင်ပွား ၂ ပင်ရှိရင် ငယ်သော ပင်ပွားကို သတ်ရသည်။ ကျွန်းပင်က တောမီးဒဏ်ကို  ခံနိုင်ရည်ရှိသည်။ တောမီးကြောင့် အပင်ကြီးတွေက သေမသွား၊ ပိုလို့တောင် သန်မာလာတယ်လို့ဒေသခံတွေက ယုံကြည်နေကြတယ်။

ကျွန်းကို ရှေးနှစ်ပေါင်းများစွာကတည်းက တန်ဖိုးထားခဲ့ကြသည်။ ခရစ် ၁၇၅၂ ခုနှစ်အလောင်းမင်းတရားကြီး စိုးစံစဥ်ကာလမှာ ကျွန်းပင်ကို မခုတ်လှဲရ ဘုရင့်ဘဏ္ဍာတော်အဖြစ် ကြေညာပညတ်ခဲ့သည်။ လွတ်လပ်ရေးမရမီက ဗြိတိသျှအစိုးရ၏ ထင်ရှားသောသစ်ကုမ္မဏီက ဘုံဘေဘားမား သစ်ကုမ္မဏီဖြစ်ပြီး မြန်မာပြည်မှ ကျွန်းသစ်များကို ထုတ်ယူခဲ့သည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ကျွန်းသစ်ကို  ပြည်သူပိုင်ပြုလုပ်ခဲ့သည်။ 

အပင်သရုပ် 

ကျွန်းမျိုးရင်းကို ယခင်က မျိုးရင်း Verbenaceae ထဲမှာထားသော်လည်း  မျိုးခွဲစံနစ်အသစ်ကြောင့် Family Lamiaceae ထဲရောက်ရှိသွားတာကို သတိပြုမိ​ကြမှာပါ။ ပင်စည်နုနုတွေက လေးဒေါင့် ပုံစံ (quadrangular) ရှိကြတယ်။ စိမ်းညိုသောအရောင် (brownish green) သန်းပြီး၊ ကြယ်ပုံစံ အမွှေးများနှင့် အနက်ရောင် ဂလင်း (densely stellate -tomentose with black gland-dotted) များစွာဖြင့် ဖုံးထားလေ့ရှိသည်။ အရွက်ကြီးတွေက ရွက်ထီးဖြစ်ပြီး အဆစ်တဆစ်မှာ ၂ ရွက် ဆိုင်ထွက်သည်။ ရွက်စွယ်လည်း မရှိပါ။ အရွက်တစ်ခုလုံးကို ကြမ်းသော ကြယ်ပုံအမွှေးများတွေကဖုံးထားပါတယ်။  

ကျွန်းရွက်တွေက (elliptic to ovate) အီလစ်ပုံကနေ ဘဲဥပုံ အထိရှိတယ်။ အလွန်ကြီးပါတယ် (30-80 cm) လောက်အထိ ဗျက်ကျယ်ပါတယ်။ ကျွန်းပန်းခိုင်ကြီးကို  အဝေးကပင်မြင်နိုင်သည်။ ထိပ်ထွက် ပန်းခိုင်ပေါင်း (terminal , large and lax panicles)  ဖြစ်ပြီး အလွန်ကိုများပြားလှသော ပန်းပွင့် အငယ်တွေပါတယ်။ 

Verbenaceae အနွယ်၀င် အပင်တိုင်းမှာ ရှိတဲ့ ပန်းအတော်များများဟာ ၂ ချမ်းသာညီသော ပန်း Zygomorphic flowers တွေသာဖြစ်သည်။ ပွင့်ချပ်အဝိုက် မညီသော ပန်းတွေအကြားမှာ ကျွန်းပန်းလေးတွေက တစ်မူထူးခြားနေပါတယ်။ ဒီပန်းမှာရှိသော အဝိုက်လေးတွေရဲ့အရွယ်က အတော်လေးကို ညီနေကြတယ်။ သိပ်ပြီး မကွာကြဖူး အချို့ကဆိုရင် subequal လို့တောင် ခေါ်သည်အထိပါ။ ကျွန်းပန်းလေးတွေကို အချို့သော မျိုးခွဲစာအုပ်တွေမှာ လေးချမ်းညီသောပန်း (actinomorphic flowers) လို့တောင် ဖေါ်ပြထားသည်။ unique character လည်းဖြစ်သည်။  

နောက်တခုထူးခြားချက်က ကျွန်းတွေက (hexamerous) ခေါ်သည့် ၆ အင်္ဂါဆပန်းတွေ ဖြစ်တယ်။ ပွင့်ဖတ်အုံ Calyx  ပွင့်ချပ်အုံ Corolla စသော အစိတ်အပိုင်းတွေမှာ အစိတ်အပိုင်း ၆ ခုစီ ပါကြသည်။  အများစုက ၅ ခုစီသာပါကြသည်။ ထိုနည်းတူ မညီညာသော ၀တ်ဆံဖိုကလည်း ၆ ခုပါပြီး ပန်း၏အပြင်ဖက်ကို ထိုးထွက်နေပါတယ်။ ကာမယ် ၂ ခုပါပြီး အစေ့အိမ်က အမြင့် အင်္ဂါ ဖြစ်သည်။ အခန်းလေးခန်ပါသော်လည်း ယင်းမှာ အကန့်တုကြောင့်ဖြစ်ရသည်။ တစ်ခန်းမှာအစေ့လောင်းတစ်စေ့စီသာပါသည်။ ကျွန်းသီးဟာ အတွင်းခွံမာသီး အနွယ် Drupes ဖြစ်ပါတယ်။ အညိုရောင်အမွှေးများနဲ့ဖုံးထားပြီး အပြင်ခွံက မာလှတယ်။ 

ရာသီအလိုက် ပွင့်နေသော ကျွန်းပန်းလေးတွေ အကြောင်းကို taxonomic ရှုဒေါင့်ကနေ သိရသလောက် တင်ပြပေးလိုက်ပါသည်။ 

ကိုသက်နိုင်ဦး

ဟုမ္မလင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်