ကမ္ဘာ့အပေါ်ယံမြေလွှာသည် လက်မ၂၀အောက်မြေအထူရှိလျှင် မြေဆီလွှာပါးတယ်လို့ သတ်မှတ်ကြပြီး လက်မ ၂၀ မှ ၃၆ လက်မဆို သင့်တင့်၊ ၃၆ လက်မနှင့်အထက်ဆို အပေါ်ယံမြေဆီလွှာထူတယ်လို့ သတ်မှတ်ကြပါတယ်။
မြေဆီလွှာအထူအပါး ဘာကြောင့်မတူညီရတာလဲ?
ရုပ်သွင်ပြင်နှင့်မီးခံကျောက်၊ ရာသီဥတု နဲ့မြေအနိမ့်အမြင့်ပေါ်မူတည်ပြီး ကွဲပြားသွားတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မြေအမျိုးအစားစုစုပေါင်း(၂၄) မျိုးရှိပါတယ်။ မြေကြီးကို အဓိကပစ္စည်း (၄) မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။
(၁) သက်မဲ့ရုပ်ကြွင်း (၄၅ ရာခိုင်နှုန်း)
(၂) သက်ရှိရုပ်ကြွင်း (၅ ရာခိုင်နှုန်း)
(၃) ရေ (၂၅ ရာခိုင်နှုန်း)
(၄) လေ (၂၅ ရာခိုင်နှုန်း) တို့ဖြစ်ပါတယ်။
မြေဆီလွှာတည်ဆောက်မှု (Structure) ဟာ သဲ၊ နုန်း၊ မြေစေး (sand၊ silt၊ clay ) ပါဝင်မှုအပေါ်မူတည်နေပါတယ်။

သီးနှံပင်တွေစိုက်ဖို့ အဟန့်အတားဖြစ်စေသောမြေများ
၁။ အလွန်အေးမြသောမြေ (၄၁ ဒီဂရီဖာရင်ဟိုက်အောက်)
၂။ ခြောက်သွေ့လွန်းသောမြေ
၃။ မတ်စောက်သောမြေ (Slope % 30 ထက်များသော)
၄။ ရေဝတ်တဲ့မြေ (၆ လနှင့်အထက်)
၅။ မြေစေးများလွန်းတဲ့မြေ (မြေစေးပါဝင်မှု ၃၀ ရာခိုင်နှုန်းနှင့် အထက်)
၆။ သဲဆန်သောမြေ ( သဲပါဝင်မှု ၆၅ ရာခိုင်နှုန်းနှင့်အထက်)
၇။ မြေဆီမြေသြဇာဆုတ်ယုတ်သောမြေ
၈။ ဆားဓာတ်များသောမြေ/ ဆပ်ပြာပေါက်မြေ
၉။ အလွန်ချဉ်သောမြေ
၁၀။ Organic Matter များတဲ့မြေတို့ဖြစ်ပါတယ်။
Aung Myint Myat
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more