ထုတ်လုပ်မှုလုပ်ငန်းတိုင်း ဒါတွေကြုံရတယ်

20/11/2019 13:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထုတ်လုပ်မှုလုပ်ငန်းတိုင်း ဒါတွေကြုံရတယ်။

စိုက်ပျိုးရေးလုပ်ငန်းဆိုတာ သီးနှံတွေကိုထုတ်လုပ်နေတဲ့လုပ်ငန်းပါပဲ။ စိုက်ပျိုးခံပြီး ထုတ်လုပ်ပေးနေတဲ့မြေကြီးဟာ ထုတ်လုပ်တဲ့စက်ရုံကြီးပါပဲ။ အဲ့တော့ ထုတ်လုပ်နေတဲ့ ကိုယ်တွေလုပ်ငန်းကြီးက ဘာတွေကိုဖြတ်သန်းရမလဲဆိုတာကို ကြည့်လိုက်ရအောင်။

အဲ့ဒါကတော့ Law of diminishing return ပါပဲ။

ဘာကိုဆိုလိုတာလဲဆိုတော့ ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ သွင်းအားစုတွေထဲက တစ်ခုကို တိုးပြီးတော့ ထည့်လိုက်၊ တစ်ခြား သွင်းအားစုတွေကိုကျတော့ ဒီတိုင်းပဲထားပြီးတော့ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်ကို သွားကြည့်ကြတဲ့အခါမှာ ဒီဥပဒေသကိုတွေ့ရမှာဖြစ်ပါတယ်။ စစချင်းတော့ အထွက်တွေတိုးလာလိမ့်မယ်။ နောက်တော့လည်း တိုးလာလည်းလျော့သွားတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒါကို Law of Diminishing Return လို့ခေါ်ပါတယ်။ အောက်မှာ အဲ့ပုံကို ဂရပ်လေးဆွဲထားတာကိုမြင်တွေ့ရမှာပါ။

TPPရယ် APP နဲ့ MPP ဆိုပြီးရေးထားတဲ့ လိုင်းလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။

အဲ့ TPP ဆိုတာဘာလဲ လို့ဆိုလိုက်ရင်တော့ စုစုပေါင်း လက်ရှိထုတ်ကုန်ပါ။ ထုတ်လိုက်လို့ ရလာတဲ့ ထုတ်ကုန် အထွက်ကိုဆိုလိုတာဖြစ်ပါတယ်။

APP ဆိုတာကတော့ ပျှမ်းမျှထုတ်ကုန်ဖြစ်ပါတယ်။ အစက်လိုင်းလေးတွေနဲ့ ကိုယ်စားပြုပါတယ်။

MPP ကတော့ အစွန်းထွက်ထုတ်ကုန်ဖြစ်ပါတယ်။ သူ့ကလည်း အောက်ဆုံးအကြောင်းက အစက်လိုင်းလေးနဲ့ ဆွဲထားတာဖြစ်ပါတယ်။

ပုံလေးကိုသေချာကြည့်လိုက်ရင်တော့ အစက်လိုင်းလေးတွနဲ့ ဆွဲထားပြီးတော့ ရောမသင်္ကေတနဲ့ နံပါတ်စဉ်လေးတွေကို တပ်ထားတာ မြင်ရမှာပါ။ တွေ့တဲ့အတိုင်း ()မျိုးရှိပါတယ်။

အဆင့် () က MPPဆိုတဲ့ အစွန်းထွက်ထုတ်ကုန်က APPဆိုတဲ့ ပျှမ်းမျှထုတ်ကုန်ထက် ကြီးနေတဲ့အချိန်ကနေ စဖြစ်ပါတယ်။ ပြီးတော့ အဲ့အဆင့်မှာ ပျှမ်းမျှထုတ်ကုန်တန်ဖိုးက မြှင့်တက်နေပါတယ်။ ဆိုလိုတဲ့ သဘောကတော့ ဒီအချိန်မှာ ကိုယ်ထည့်လိုက်တဲ့ သွင်းအားစုကနေ ကောင်းသောပြောင်းလဲခြင်းတွေကို လုပ်ဆောင်ပေးနေတယ်ပေါ့။ အဲ့လိုအဆင့်က ပျှမ်းမျှထုတ်ကုန် အမြင့်ဆုံးရောက်တဲ့အချိန်မှာ အဆုံးသတ်သွားပါတယ်။ ဆိုတော့ ကိုယ်ပြောင်းလဲလိုက်တဲ့ သွင်းအားစုကြောင့် နည်းနည်းလေးတိုးတက်လာတဲ့ လက္ခဏာကိုပြတဲ့ အဆင့်ဖြစ်ပါတယ်။

အဆင့် () သူကတော့ MPP ဆိုတဲ့ အစွန်းထွက်ထုတ်ကုန်တန်ဖိုးဟာ ပျှမ်းမျှထုတ်ကုန်တန်ဖိုးအောက်ငယ်ပြီးတော့ သုညထက်တော့ ကြီးနေတဲ့အချိန်မှာ ဒီအဆင့် စဖြစ်ပါတယ်။ ပစ္စည်းထွက်နေမှု အထွက်ရတဲ့အပေါ်မှာကြည့်ရင် ဒီအခြေအနေဟာ အကောင်းဆုံးအခြေအနေမှာ ရှိပါတယ်။ အထွက်အများဆုံးရတဲ့အချိန်ပေါ့။ အများဆုံးထွက်တဲ့နေရာလို့ ပြောလိုက်ရင် ဒီအဆင့် ()နောက်ဆုံးပိုင်းမှာဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက အဆင့်()လိုနေရာမျိုးအတွက်ပဲ သွင်းအားစုတွေကိုများများထည့်ပေးရမယ်ဆိုတဲ့သဘောပါ။ အထွက်က အများဆုံးဖြစ်နေတာကိုး။

အဆင့် () ဒီအဆင့်ကတော့ အစွန်းထွက်ထုတ်ကုန်က အနုတ်လက္ခဏာပြနေတဲ့အဆင့်ပါ။ ထပ်ထည့်လို့ ထပ်ထွက်လာမဲ့အထဲက အစွန်းထွက်ထုတ်ကုန်က ဆုံးမှာသေချာနေပါတယ်။ ဒီလိုအဆင့်က ဘယ်လိုအချိန်မှာဖြစ်လဲဆိုရင် မြေတစ်ဧကတည်းမှာ မျိုးစေ့ (၁၀)တင်းလောက်ချလိုက်တာမျိုးနဲ့ တူပါတယ်။ သွင်းအားစုကို အရမ်းများများထည့်လိုက်တော့ အထွက်က ရသင့်သလောက်မရပဲ ရမဲ့ငေွကလည်း ဆုံးသွားတဲ့ အဆင့်ပါ။

အဲ့တော့ အဆင့် ()ဆင့်ကိုပြန်ရောပါမယ်၊

မောင်ဖြူက စပါးစိုက်ပါတယ်။ သွင်းအားစုတစ်ခုကို သူပြောင်းလဲပြီးတော့ ထုတ်လုပ်မှုကိုလုပ်ချင်တယ်။ အဲ့တော့ သူက ပုလဲကိုပြောင်းလိုက်ပါတယ်။ ပုလဲကို စထည့်ကြည့်ပါတယ်။ အထွက်က တိုးမဲ့ ပုံစံပြပါတယ်။ တစ်ပြည်ပို့ထည့်ရင် သူက နည်းနည်းပိုတက်လာပါတယ်။ ဒါက အဆင့် ()ကိုဖြတ်သန်းနေတာပါ။ သူတစ်အိတ်ထည့်ကြည့်ပါတယ်။ သူစမ်းခဲ့တာတွေထဲမှာ တစ်အိတ်ထည့်တာက အထွက်အများဆုံးဖြစ်တယ်လို့ သူမှတ်ထားလိုက်ပါတယ်၊ နောက်ထပ် သူ တစ်ပြည့် ထပ်ကျွေးကြည့်ပါတယ်၊ အထွက်က တိုးမလာပါဘူး။ နောက်ထပ် သူတစ်ပြည်ထပ်ထည့်ကြည့်ပါတယ်။ မြေသြဇာများလို့ အပင်က ဟုန်သွားပါတယ်။ အဲ့ဒါက အဆင့် ()ကို ရောက်သွားတာပါ။ အထွက်အများဆုံးထွက်တဲ့ တစ်အိတ်နေရာကတော့ အဆင့် ()ရဲ့ နောက်ဆုံးနေရာပဲဖြစ်ပါတယ်။

အဆင့်() နဲ့ အဆင့်()ကတော့ ဒီတိုင်း သာမန်ဆို သိပ်ပြီးတော့ ကွဲပြားခြားနားနေလိမ့်မှာမဟုတ်ပဲနဲ့ သေသေချာချာတွက်ချက်ကြည့်တဲ့အခါမှာမှ ကွဲပြားပါလိမ့်မယ်။ သူတို့()ဆင့်မှာ ပျှမ်းမျှထုတ်ကုန်နဲ့အစွန်းထွက်ထုတ်ကုန်ကို နှိုင်းယှဉ်ထားတာကြောင့်ပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုစီတိုင်းမှာ အမြတ်အများဆုံးရတဲ့နေရာဆိုတာ သူ့နေရာနဲ့ သူ ထုတ်ကုန်စွမ်းအားနဲ့တွက်ချက်ကြည့်လိုက်လို့ရပါတယ်။ မောင်မဲ နဲ့ မောင်ဖြူကို သွင်းအားစုတွေထဲက ပုလဲမြေသြဇာကို ပြောင်းသုံးကြည့်ခိုင်းတယ်။ စပါး အထွက် (၁၀၀)အထိ ထွက်နိုင်တဲ့စပါးမျိုးကိုပေးထားတယ်။ မောင်မဲက ပုလဲ ()အိတ်တောင်သုံးတယ်။ တင်း (၁၀၀) ထွက်တယ်။ မောင်ဖြူက ပုလဲ ()အိတ်ပဲ သုံးတယ်။ ဒါပေမဲ့ စပါးကလည်း (၁၀၀)ပဲ ထွက်တယ်။ အဲ့လိုဆိုတော့ ဘယ်သူက ထုတ်ကုန်စွမ်းအားကောင်းသလဲ လို့မေးရင် မောင်ဖြူက ကောင်းတယ်ဆိုတာ သိသာတာပေါ့။ နောက်တစ်ယောက် မောင်နီ က တစ်အိတ်ခွဲနဲ့ပဲ တင်း(၁၀၀) ရနေတယ်ဆိုရင်ရော၊ မောင်ဖြူရော မောင်မဲရော သူတို့ စပါးခင်းထဲကို တစ်အိတ်ခွဲပဲထည့်တော့မှာပါ။

အဲ့လို ဖြစ်ရတဲ့အကြောင်းရင်းကတော့ တစ်အိတ်ခွဲက အဆင့် ()ထဲက အထွက်အများဆုံးရနိုင်တဲ့နေရာကို ရောက်နေလို့ပါ။ အဲ့တော့ ကိုယ့်စိုက်ပျိုးရေးလုပ်ငန်းကို ဝေဖန်သုံးသပ်ကြည့်ပါ။ အဆင့် () ရဲ့ အထွက်အများဆုံးရနိုင်တဲ့နေရာကို ရှာဖွေကြည့်ပြီးတော့ ထုတ်ကုန်စွမ်းအားကို အမြှင့်ဆုံး တိုးတက်အောင် လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ထွန်းဝင်းကျော်

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်