ခရမ်းချဥ် အဝါရောင်ရွက်တွန့်လိပ်ဗိုင်းရပ်စ်ရောဂါ

18/06/2020 15:00 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ဦးကြီးတို့ရေ မင်္ဂလာပါဗျ။

ခရမ်းချဥ်စိုက်ပျိုးသော တောင်သူများ ကြုံတွေ့နေရသော ပြဿနာများထဲတွင် အဝါရောင်ရွက်တွန့်လိပ်ရောဂါသည်လည်း ဆိုးရွားသောရောဂါ တစ်ခုအပါအဝင် ဖြစ်ပါသည်။ ဤရောဂါ ကျရောက်ပါက ခရမ်းချဥ်အထွက်နှုန်းကို ၉၀-၁၀၀ ရာခိုင်နှုန်းထိ လျော့ကျစေ နိုင်ပါသည်။ ထိုရောဂါသည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် ဖြစ်ပွားမှု ပိုများပါသည်။

အဝါရောင်ရွက်တွန့်လိပ်ရောဂါသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါဖြစ်ပါသည်။ ထိုဗိုင်းရပ်စ်သည် အပင်တစ်ပင်မှတစ်ပင် ၎င်းကိုယ်တိုင်မကူးစပ်နိုင်ပါ။ ထိုရောဂါဖြစ်စေသော ဗိုင်းရပ်စ်များကို ယင်ဖြူများက အပင်တစ်ပင်မှတစ်ပင် သယ်ဆောင်ပေးသောကြောင့် ရောဂါများ ပျံ့နှံ့သွားပါသည်။

ရောဂါလက္ခဏာများ

အဝါရောင် ရွက်တွန့်လိပ်ရောဂါ လက္ခဏာများသည် သိသာထင်ရှားပါသည်။ ခရမ်းချဥ်စိုက်တောင်သူတိုင်းမြင်ဖူးမယ်လို့ ထင်ပါတယ်။ ရောဂါဖြစ်ပွားနေသော အပင်များ မှာ အပင်အရပ်များပုသွားခြင်း၊ အရွက်များ၊အညွှန့်လောင်းများ သေးငယ်သွားခြင်း၊ အရွက်များအပေါ်ကိုထောင်မတ်နေခြင်း၊ အရွက်အနားသတ်များ အဝါရောင်ပြောင်းသွားပြီး အပေါ်ကိုလိပ်၍ အတွင်းဖက်သို့ ကွေးနေခြင်း၊ ပုံသဏ္ဍာန်မမှန်သော အရွက်များ ထွက်လာခြင်း၊ အရွက်များ စိမ်းဝါရောင်ပြောင်းသွားခြင်း၊ ခရမ်းချဥ်ပင်၏ ဆစ်ကြားများ တိုသွားခြင်း၊ ခရမ်းချဥ်အပွင့်များ ကြွေကျ၍ အသီးများမတင်နိုင်ခြင်း၊ တင်သောအသီး များသည်လည်း ဈေးကွက်မဝင်နိုင်သော အသီးများဖြစ်နေခြင်း စသည့်တို့ဖြစ်ပါသည်။

ကာကွယ်ရန် နည်းလမ်းများ

ခရမ်းချဥ် အဝါရောင် ရွက်တွန့်လိပ် ဗိုင်းရပ်စ်ရောဂါသည် ကြိုတင်ကာကွယ်နိုင်မှသာ ရပါမည်။ ရောဂါဖြစ်မှကာကွယ်လျှင် ကာကွယ်နိုင်ရန်အလွန်ခက်ခဲသော ရောဂါတစ်ခုဖြစ်ပါသည်။ ကာကွယ်ရန် နည်းလမ်းများမှာ-

  • အဓိကအနေဖြင့် ထိုရောဂါကို ခံနိုင်ရည်ရှိသောမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း

  • ဗိုင်းရပ်စ်နှင့် ယင်ဖြူကျရောက်မှုမရှိသော အပင်များကို ပြောင်းရွှေ့စိုက်ပျိုးခြင်း

  • ဗိုင်းရပ်စ်ကို သယ်ဆောင်ပေးသော ယင်ဖြူများသည် အပူချိန်မြင့်သောအချိန်တွင် ပေါက်ဖွားမှုများသောကြောင့် စိုက်သောအချိန်ကို အေးသောအချိန်(ဆောင်းတွင်း)နှင့် ကိုက်ညီအောင် စိုက်ပျိုးရပါမည်။

  • ဤရောဂါဖြစ်ပွားသော နေရာများနှင့် ဝေးကွာသောနေရာများတွင် ခရမ်းချဥ်စိုက်ပျိုး ရပါမည်။

  • ထိုရောဂါကို အဓိကသယ်ဆောင်ပေးသော ယင်ဖြူများကို ဦးစွာနှိမ်နင်းရပါမည်။

  • ယင်ဖြူကျရောက်မှုနည်းစေရန် သီးလှည့်စိုက်ပျိုးခြင်းများ၊ သီးညှပ်စိုက်ပျိုးခြင်းများနှင့် စိုက်ပျိုးရပါမည်။

  • ရောဂါကျရောက်နေသောအပင်များ တွေ့ရှိပါက ချက်ချင်းနှုတ်၍ မီးရှို့ပစ်ရပါမည်။

  • ခရမ်းချဥ်စိုက်ပျိုးထားသော ယာခင်းအတွင်းအပြင်ရှိ ပေါင်းများကို ရှင်းလင်းပေး ရပါမည်။

  • ယခင်နှစ်မှ ကျန်နေသော သီးနှံအကြွင်းအကျန်များနှင့် ယင်ဖြူများ ခိုအောင်းနေနိုင်သော နေရာများကို ရှင်းလင်းပေးရပါမည်။

    ချမ်းသာဦး

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်