အရွက်ကို အသိုက်ဆောက်ရာတွင် အသုံးပြုတတ်သော ရွက်ဖြတ်ပျား

09/11/2021 13:30 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    Leafcutter bee ဆိုတာ အရွက်နုတဲ့အပင်တွေပေါ်ကျတဲ့ ပျားတစ်မျိုးပါ။ အပင်တွေရဲ့အရွက်တွေကို အစွန်းကနေ လခြမ်းပုံအဝိုင်းတွေဖြစ်အောင် ကိုက်ဖြတ်တဲ့ ပျားဖြစ်ပါတယ်။ နှင်းဆီ၊ အောင်မဲညို၊ စက္ကူ၊ ဇီး၊ ပဲမျိုးနွယ်အပင်တွေရဲ့ အရွက်တွေကိုနှစ်သက်ပြီး ထိုအရွက်အစိတ်ပိုင်းတွေကို စားတာမဟုတ်ဘဲ ဥဥဖို့ အခန်းငယ် (cell) ဆောက်ဖို့ သယ်ဆောင်သွားတာဖြစ်ပါတယ်။

    ရွက်ဖြတ်ပျားများသည် အခြားပျားများကဲ့သို့ အစုလိုက်အုံဖွဲ့မနေဘဲ ပျားရည်လည်းမထုတ်နိုင်ပါ။ သို့သော် ဝတ်မှုံကူးရာတွင် အရေးပါသောသက်ရှိများဖြစ်ပါသည်။ အထီးသည် မိတ်လိုက်ပြီးနောက်သေဆုံးပါသည်။ အမသည် ဥဥသည့်အသိုက်ကို မြေထဲတွင်လည်းကောင်း၊ ကျောက်ဆောင်များအောက်တွင်လည်းကောင်း၊ အခေါင်းပွရှိသော ပင်စည်ကြီးများတွင်လည်းကောင်း၊ သစ်သားများပေါ်ရှိ ပိုးပေါက်များထဲတွင်လည်းကောင်း၊ သစ်ဆွေးပေါက်များတွင်လည်းကောင်း၊  အုတ်နံရံများတွင်လည်းကောင်း ဆောက်လုပ်ကြကာ ဥအရေအတွက်အများဆုံး ၂၀ ဥပါသည်။ ဆဲလ်တစ်ခုတွင် ဥတစ်လုံးသာပါပြီး ဥမဥမီ ဝတ်မှုံများနှင့် အစာများအရင်ထည့်ပြီးမှ ဥကို အပေါ်တွင်ဥကာ ဆဲလ်ကို ရွှံ့ဖြင့်လည်းကောင်း၊ အရွက်အစများဖြင့်လည်းကောင်း ဖုံးထားကြပါသည်။ အမသည် ဥဥပြီးနောက် သေဆုံးပါသည်။ ဆဲလ်ထဲမှဥသည် ပေါက်လာပြီးနောက် မိခင်ချန်ခဲ့သောအစာကို စားသုံးကာ သားလောင်းဘဝမှ ရုပ်ဖုံးအဆင့်သို့ ထိုဆဲလ်ထဲတွင်ပင် ပြောင်းလဲပါသည်။ ထို့နောက် ရုပ်ဖုံးထဲမှထွက်ကာ ဆဲလ်ကိုဖောက်၍ အရွယ်ရောက်ပျားအဖြစ် ပြင်ပသို့ထွက်ပါသည်။

    ရွက်ဖြတ်ပျားသည် အခြားပျားကဲ့သို့ အဆိပ်မပြင်းပါ။ အပင်များတွင် ကျရောက်ပါက အကောင်အရေတွက်နည်းလျှင် အပင်ကို ထိခိုက်ခြင်းမရှိပါ။ သို့သော် အရွက်ကို ဖျက်ဆီးမှုဆိုးဝါးလာပါက သဘာဝနည်းအနေဖြင့် ကြက်သွန်ဖြူကိုထောင်း၍ ရေနှင့်ပြုတ်ကာ ထိုအရည်တွင် ငရုတ်ကောင်းမှုန့်ရောပြီး အရွက်များကိုဖျန်းပေးခြင်း၊ ရှာလကာရည်ကို ရေအနည်း ငယ်ရောကာ အရွက်ကိုဖျန်းခြင်း (သို့) ရှာလကာရည်ကို အဖုံးဖွင့်ထားသော ဘူးတစ်ခုတွင်ထည့်ကာ အပင်အနား ထိုဘူးကို ချိတ်ဆွဲထားခြင်း၊ ပရုတ်လုံးများချိတ်ဆွဲခြင်း၊ ဆိုးဝါးလွန်းပါက ပိတ်စိမ်းပါးအုပ်ပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ၎င်းတို့သည် သဘာဝဝတ်မှုံကူးရာတွင် အရေးပါသော pollinator များဖြစ်သည့်အတွက် ဓာတုဆေးများကိုသုံး၍ မနှိမ်နင်းသင့်ပါ။

    ပျားအမျိုးစားများစွာထဲမှ အရွက်ကို အသိုက်ဆောက်ရာတွင် အသုံးပြုတတ်သော ရွက်ဖြတ်ပျားအကြောင်းသိရှိစေရန် ရည်ရွယ်၍ ရေးသားလိုက်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်