ဟင်းခတ်အမွှေးအကြိုင် စပါးလင်

15/05/2020 17:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီတစ်ခေါက်မှာတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ စပါးလင် အကြောင်းကို ပြောပြချင်ပါတယ်။

စပါးလင်သည် အပူချိန် ၂၀ ဒီဂရီဖာရင်ဟိုက်မှ ၄၀ ဒီဂရီဖာရင်ဟိုက်အတွင်း နှစ်ရှည်သီးနှံပင်ဖြစ်ပြီး၊ အခြားအပူချိန်များတွင် နှစ်ချင်းစားသီးနှံပင်ဖြစ်သည်။ စပါးလင်ပင်သည် ပန်းပွင့်ခဲသည်။ အရွက်နှင့် ရိုးတံကို သံပရိုအနံ့ ရရှိစေဖို့ အသုံးပြုကြသည်။ အထူးသဖြင့် ထိုင်းဟင်းလျာတွင် မပါမဖြစ်လိုအပ်သော ဆီ ကို စပါးလင်မှ ထုတ်လုပ်ပြီး ရေမွှေး၊ အလှကုန်နှင့် ဖျော်ရည်လုပ်ငန်းများတွင် စီးပွားဖြစ်သုံးစွဲကြသည်။

အချိန်မရွေး စပါးလင်အရွက်အရင်းမှ ဖြတ်ယူ သုံးစွဲနိုင်သကဲ့သို့ အမြစ်ပါတူး၍ တစ်ပင်လုံးကိုလည်း သုံးစွဲနိုင်သည်။ ဆေးဖက်ဝင်ရေနွေးကြမ်းအဖြစ် အရွက်ကို စိမ်၍သောက်နိုင်သည်။ ကရဝေးရွက်ကဲ့သို့ အရည်သောက်ဟင်းတွင် ဖြစ်စေ၊ အသားအရိုးပြုတ်ရည်(Stock)၊ ဆော့စ်အရည်၊ ဟင်းနှစ်လုပ်ရန် အရည်များတွင်ဖြစ်စေ ထည့်၍သုံးစွဲကြသည်။ အရွက်အရင်းရှိ အဖြူရောင်အသားနုကိုစင်းပြီး အာရှတိုက်ဟင်းလျာများတွင်ဖြစ်စေ၊ ဖုတ်ရသောအစားအစာများတွင်ဖြစ်စေ သုံးစွဲကြသည်။ ထိုသို့စင်းထားသော စပါးလင်ကို အေးခဲထားလျှင် တစ်နှစ်အထိ အထားခံသည်။ အရွက်များကို အမှောင်ခန်းထဲတွင် စောက်ထိုးချိတ်ဆွဲ၍ အခြောက်ခံထားနိုင်သည်။

မြန်မာ့ဆေးကျမ်းများအရ စပါးလင်အရွက်သည် ပူ၊ စပ်၊ ခါးအရသာရှိ၏။ အနည်းငယ်ချို၏။ လေသလိပ်ကို ကြေစေတတ်၏။ သွေးကို တက်ကြွစေတတ်၏။ ခံတွင်း၌ရှိသော မကောင်းသောအနံ့တို့ကို ပယ်ဖျောက်စေတတ်၏။ အစာကြေခြင်းကိုလည်း ပြုစေတတ်၏။ သည်းခြေကိုကား ပျက်စေတတ်၏။

အိန္ဒိယဆေးကျမ်းအလိုအရ စပါးလင်သည် ကလေး ရင်လူးဆေးအဖြစ်လည်းကောင်း၊ ချင်း၊ သကြား၊ သစ်ကြမ်းပိုးခေါက်တို့နှင့် စပါးလင်ကို ရောစပ်၍ ဖျားနေသူအတွက် ချွေးထုတ်ဆေးအဖြစ်လည်းကောင်း၊ ငရုတ်ကောင်းနှင့် စပါးလင်ကို ရော၍ အမျိုးသမီးများ ရာသီမမှန်ခြင်းအတွက် ဆေးအဖြစ်လည်းကောင်း၊ နာတာရှည်ငှက်ဖျားအတွက် ဆေးအမြစ်လည်းကောင်း သုံးစွဲကြသည်။

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ယခုဆောင်းပါးသည် ဦးကြီးတို့အတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမှု ရှိ/မရှိ ကို "အသုံးဝင်ပါတယ်" “အသုံးမဝင်ပါ" ကို ရွေးချယ်နှိပ်ခဲ့ပေးဖို့ တောင်းဆိုပါရစေရှင်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်