မွေးမြူရေးလုပ်ငန်းနှင့် ရေ အရည်အသွေး

28/09/2023 15:00 PM တွင် Ning Naing Ling Ning Naing Ling မှ ရေးသား

စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းမှာ ရေဟာ မွေးမြူရေးတိရစ္ဆာန်တွေ၏ အစာစားနှုန်း၊ ကြီးထွားမှုနှုန်းနှင့် ထုတ်လုပ်နိုင်စွမ်းအပေါ် များစွာလွှမ်းမိုးထားပါတယ်။ ဒါ့ကြောင့် မွေးမြူရေးတိရစ္ဆာန်တွေဟာ  အရည်အသွေးကောင်းမွန်တဲ့ သောက်ရေရရှိရန် လွန်စွာအရေးကြီးလှပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ  မိမိမွေးမြူထားတဲ့ ကြက်ခြံ(သို့မဟုတ်) ဝက်ခြံမှာ သောက်ရေအရေးပါမှုကို  မေ့လျော့တတ်ကြပြီး တိရစ္ဆာန် အစာနှင့် ဆေးဝါးကိုသာ အဓိက အာရုံစိုက်လေ့ရှိကြပါတယ်။ ကြက်၊ ဝက် နှင့် နွားမွေးမြူရေးလုပ်ငန်းမှာ သောက်ရေဟာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေရဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းမှာ အဓိကပါဝင်ကူညီပေးပြီး ခန္ဓာကိုယ်အပူချိန်၊ အစာခြေဖျက်ခြင်းနှင့် စွန့်ထုတ်ခြင်းဖြစ်စဉ်တွေမှာ ကူညီပေးပါတယ်။ 

ရေအရင်းအမြစ်

မွေးမြူရေးလုပ်ငန်းမှာ သောက်ရေကို အဝီစိရေနက်တွင်းများမှ အဓိကမှီခိုနေရပါတယ်။ ၎င်း တွင်းရေတွေမှာ သတ္တုဓာတ်များ၊ အဆိပ်ဓာတုပစ္စည်းများနှင့် ဘက်တီးရီးယားပိုးမွှားများပါဝင်တတ်ပြီး ဝက်များ၏ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းရည်အပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် တိရစ္ဆာန်တွေ၏ သောက်ရေမှာ ကလိုရင်းရေသန့်ဆေးကို ထည့်ကာ သောက်သုံးရေ၏ အရည်အသွေးကို ထိန်းညှိနိုင်ပါတယ်။ ကလိုရင်းအဆင့် ( Chlorine level) ကို  ၂.၀ ppm အထိရောက်အောင်ထည့်ပေးနိုင်ပါတယ်။

ရေအရည်အသွေး စစ်ဆေးခြင်း

မွေးမြူရေးခြံတွေမှာ အရည်အသွေးကောင်းမွန်တဲ့ သောက်ရေ ရရှိနိုင်ဖို့ဆိုလျှင် ပုံမှန်စစ်ဆေးပေးခြင်းများ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ မွေးမြူသူတွေအနေဖြင့် ပုံမှန်အသုံးပြုသည့် အုတ်ကန်များ၊ ရေစည်နှင့် ပိုက်လိုင်းများကို အချိန်မှန်ဆေးကြောပေးခြင်းများ လုပ်ဆောင်ပေးနိုင်ပါတယ်။ ယခုနောက်ပိုင်း ရေနမှုနာကို ယူကာ စနစ်တကျ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် မွေးမြူရေးတိရစ္ဆာန်တွေအတွက် အရေးကြီးတဲ့ သောက်ရေ၏ အရည်အသွေးကို ထိန်းညှိပေးနိုင်ပါတယ်။ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ရေမှာ ပါဝင်တဲ့ ဘက်တီးရီးပမာဏကို စစ်ဆေးခြင်းဖြင့် ရေအရည်အသွေး (water quality) ကို စစ်ဆေးနိုင်ပါတယ်။ 

 ရေ လိုအပ်မှု 

ဒါ့အပြင် သောက်ရေ၏ လိုအပ်ချက်ဟာ ရာသီဥတုအပေါ်မူတည်ပြီး လိုအပ်ချက် အနည်းအများကွာခြားနိုင်ပါတယ်။ အထူးသဖြင့် နွေရာသီလိုကာလမှာ သောက်ရေလိုအပ်ချက်ဟာ ပုံမှန်ထက်ပိုများတတ်ပါတယ်။ ရေသောက်နှုန်းအနည်းအများဟာလည်း ပတ်ဝန်းကျင်အပူချိန်၊ စိုထိုင်းဆ၊ အစာတွင်ဆားပါဝင်မှု၊ ကျွေးတဲ့အစာအချိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ မိမိခြံအတွင်း ရေကို (၂၄) နာရီရရှိအောင်ပြုလုပ်ပေးခြင်းဖြင့် ရေလိုအပ်မှု မရှိအောင်လုပ်ဆောင်နိုင်ပါတယ်။

မွေးမြူရေးလုပ်ငန်းမှာ အားဆေးနှင့် ကာကွယ်ဆေးအချို့တို့ကိုလည်း သောက်ရေထဲထည့်ကာ တိုက်တာကြောင့် သောက်ရေအရည်အသွေးမကောင်းလျှင် ဆေး၏ အကျိုးအာနိသင်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် မွေးမြူလုပ်ငန်းအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ဖို့ဆိုလျှင် သောက်ရေ၏ အရည်အသွေးကို သေချာဂရုစိုက်သင့်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်