နှမ်းနက် သုံးတင်း(၁)အိတ်ကို ကျပ် (၄၀၀၀၀)ဝန်းကျင်ခန့် စျေးနှုန်းကျဆင်းနေ

24/12/2019 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နှမ်းနက် သုံးတင်း(၁)အိတ်ကို ကျပ်(၄၀၀၀၀)ဝန်းကျင်ခန့် ကျဆင်းနေကြောင်း ဝက်လက်မြို့နယ်ရှိ တောင်သူထံမှ သိရပါတယ်။

ဝယ်လိုအားနည်းလာတာကြောင့် နှမ်းနက်စျေးနှုန်းများမှာ ကျပ်(၄၀၀၀၀)ခန့် ကျဆင်းလာတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝက်လက်မြို့နယ်မှ တောင်သူ ဒေါ်နှင်းမမကပြောပါတယ်။

နှမ်းနက်က ပေါ်ချိန်အစမှာတော့ စျေးကောင်းရပေမယ့် အခုလက်ရှိမှာ ဝယ်လိုအားကလည်းသိပ်မရှိတော့ စျေးနှုန်းကကျဆင်းနေတယ်။ နှမ်းနက်ပေါ်ချိန်အစက သုံးတင်း(၁) အိတ်ကို နှစ်သိန်းကျော်ရပေမယ့် အခုကတော့ စျေးနှုန်းကနှစ်သိန်းနားလောက်မှာပဲ ရှိနေတယ်

မြန်မာ့နှမ်းနက်ကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေရပြီး ပြည်တွင်းစျေးကွက်မှာနည်းနေကြောင်း ၄င်းကဆက်လက်ပြောပါတယ်။

နှမ်းနက်(၃)တင်းတစ်အိတ်ကို ၂၄၀,၀၀၀ ကျပ်ရှိရာမှ ယခုလက်ရှိမှာ၂၀၀,၀၀၀ ကျပ်သာရရှိနေကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်