နွားသားမွေးခြင်းကို လွယ်ကူအောင် ဆောင်ရွက်ပြုစုခြင်း

29/12/2020 12:45 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    သားမွေးခြင်းသည် နွားမတစ်ကောင်အတွက် အရေးကြီးသောအချိန်ဖြစ်ပါသည်။ နွားများသည် ကြံ့ခိုင်သောသတ္တဝါများဖြစ်သည့်အတွက် နွားကလေးများမွေးစတွင် အခက်အခဲမရှိပါ။ သို့သော် တစ်ခါတရံတွင် သားမွေးချိန်၌ အကူညီလိုအပ်သည်။ ဒါကြောင့် နွားမသားမွေးနေချိန်မှာ မည်သို့ကြည့်ရှုစောင့်ရှောက်ရမည်၊ လိုအပ်ပါက မည်သို့အကူညီပေးရမည်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

    နွားကလေးမမွေးမီ နွားမ၏အပြုမူအမူရာများပြောင်းလဲသည်ကို တွေ့ရမည်။ မမွေးမီ ရက်အနည်းငယ်အလိုတွင် နို့အုံများပြည့်လာမည်။ မွေးမည့်နေ့တွင် နွားမသည် ဂနာမငြိမ် ဖြစ်လာမည်။ နို့တိုင်များမှ နို့တစက်စက်ကျနေမည်။ မွေးခါနီးတွင် အမတန်ဆာမှ အချွဲများကျလာမည်။ ဒီလိုအချိန်မှာ မိမိနွားမသည် သားမွေးရန်အဆင်ပြေနိုင်သလား စောင့်ကြည့်ရမည်။ သို့သော်နွားမကို အနှောက်ယှက်မဖြစ်ရပါ။ 

    နွားမသားမွေးနေစဉ်တွင် ညှစ်နေသည်ကို တွေ့ရမည်။ နွားမကို နေရာသန့်သန့်ပေးထားပြီး  ပုံမှန်အတိုင်းရှိအောင် ဖန်တီးပေးထားရမည်။ နွားမက ညှစ်နေသော်လည်း ၂ နာရီ ကြာသည့်တိုင်အောင် နွားကလေးမထွက်လာသေးပါက သူမ မွေးဖွားခြင်းအခက်ခဲ ကြုံတွေ့နေရပြီဖြစ်ပြီး အကူညီပေးရန်လိုအပ်နေပါသည်။ နွားကလေးသည် ရေမွှာအိတ်အတွင်းရှိနေသည်။ အကယ်၍ ရေမွှာပေါက်လျှင် အရည်များထွက်ကျလာသည်ကို တွေ့ရမည်။ အရည်များထွက်ကျလာပြီးနောက် နွားကလေးမထွက်လာပါက နွားမကို အကူညီပေးရန်လိုအပ်လာပါပြီ။

    နွားမတမ်းများ ပထမသားမွေးရာတွင် အချိန်အနည်းငယ်ကြာနိုင်ပြီး အချိန်မီ အကူညီပေးရန်လိုအပ်ပါသည်။ သို့မဟုတ်ပါက နွားကလေး အသက်ဆုံးရှုံးနိုင်သည်။ နွားမသားမွေးခြင်းကိုကူညီရန် ၎င်း၏အမတန်ဆာအတွင်းသို့ လက်ဝင်၍ ဆွဲထုတ်ရမည်။ သေချာဂရုပြုဆောင်ရွက်ရမည်။ လက်အိတ်ရှည်ဝတ်ဆင်ထားရန် လိုအပ်သည်။ အကယ်၍ လက်အိတ်မရှိပါက လက်ကို ဆပ်ပြာဖြင့် သန့်စင်အောင်ဆေးကြောရမည်။ နွားမ၏နောက်ပိုင်းကိုလည်း သန့်ရှင်းပေးရန် လိုအပ်သည်။ နွားမ၏ မွေးလမ်းကြောင်းထဲသို့ သွင်းသောလက်ကို ချောမွေ့စေရန် ဆီသုတ်ပေးရမည်။ တိရစ္ဆာန်ဆရာဝန်သုံး အဆီတစ်မျိုးရှိသော်လည်း အလွယ်တကူမရနိုင်ပါက ဟင်းခတ်သုံးအဆီကိုလည်းအသုံးပြုနိုင်သည်။ နွားမများ မွေးဖွားရခက်ခဲခြင်းမှာ နွားကလေးသည် အနေအထား လမ်းကြောင်းမမှန်သောကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့်နွားကလေး၏ ရှေ့လက်တစ်စုံဖြင့် စထွက်လာမည်။ အကယ်၍ နောက်ခြေမှစထွက်လာခြင်း/ ဦးခေါင်းနောက်ပြန် လိမ်နေခြင်းများဖြစ်နေပါက  နွားကလေးနောက်ပိုင်းထွက်လာစေရန် ဆောင်ရွက်ရမည်။ အောက်ပါပုံများတွင် နွားကလေးထွက်လာနိုင်သော ပုံစံများကိုဖော်ပြထားပါသည်။

    ပုံမှန်အားဖြင့်  နွားကလေး၏ ရှေ့လက်တစ်စုံကို ဦးစွာတွေ့ရပြီးနောက် နှာခေါင်းကို တွေ့ရမည်။ ပြင်ပမှလေကို အသက်ရှူနိုင်စေရန်ဖြစ်သည်။

    နွားမသားမွေးခြင်းကိုကူညီရာတွင် ပထမဆုံး လက်ကို မွေးလမ်းကြောင်းအတွင်းသို့သွင်း၍ နွားကလေး၏ ဦးခေါင်းနှင့် ရှေ့လက်ကိုစမ်းရမည်။ အကယ်၍ ခေါင်းသည် နောက်သို့လန်နေပါက ပုံစံမှန်အောင် ပြုလုပ်ပေးရမည်။ ထိုသို့ပြုလုပ်ရန် နွားကလေးကို နောက်ဘက်သို့ အနည်းငယ်ပြန်တွန်း၍ နေရာကျယ်အောင်ဖန်တီးပြီး ပုံစံမှန်အောင်ပြန်တည့်ကာ အပြင်သို့ ပြန်ဆွဲထုတ်ရမည်။ အောက်ပါပုံတွင် နောက်ခြေထောက်မှ  စထွက်လာသောပုံစံကို ပြန်လည်ပြင်ပေးသော နမူနာပုံစံကိုတွေ့ရမည်။

    နွားကလေးပုံစံမှန်နေပါက အလွယ်တကူ ဆွဲထုတ်နိုင်သည်။ လက်ဖြင့်ဆွဲထုတ်နိုင်သည်။ သို့သော် ချော်နိုင်သောကြောင့် ကြိုး (သို့) သံကြိုးဖြင့်ဆွဲနိုင်သည်။ အသုံးပြုသောကြိုးသည်  သန့်ရှင်းနေရမည်။ ဆွဲသည့်အခါ ကြိုး၏တင်းအားသည် ခြေထောက်တစ်ချောင်းလုံးပေါ် သက်ရောက်စေရန် ကြိုးကို နွားကလေး၏ တံခေါက်ကွေးအထက်တွင် တစ်ချက်ချည်၍ နောက်ထပ် အောက်ဘက်တွင် တစ်ချက်ချည်ရမည်ဖြစ်သည်။ သို့မှသာ ခြေထောက်ကျိုးမသွားစေရန်ဖြစ်သည်။ ခြေထောက်တစ်ဘက်ကို ချည်၍ ဆွဲထုတ်ပါက အဆင်ပြေနိုင်သည်။ သို့သော် ကြိုးနှစ်ချောင်းရှိပါက ခြေထောက်နှစ်ချောင်းလုံးကိုဆွဲလျှင် ပို၍အဆင်ပြေသည်။ အောက်ပါပုံတွင် ကြည့်နိုင်ပါသည်။

    နွားကလေးကိုအပြင်ဆွဲထုတ်နိုင်ရန် လူတစ်ဦးထက်မကကူညီရန် လိုအပ်ပါသည်။ သို့သော် ဆွဲထုတ်ရာတွင် နွားကလေးနှင့် မိခင်တို့ကို မထိခိုက်စေရန်အတွက် အားပြင်းပြင်းဖြင့် မဆွဲရပါ။

    နွားကလေးက အလွန်ကြီးနေလျှင်သော်လည်းကောင်း၊ အနေထားလွဲပြီး ပုံစံလိမ်နေလျှင်သော်လည်းကောင်း ပုံမှန်မွေးဖွားနိုင်မည်မဟုတ်ပါ။ ၎င်းကဲ့သို့အခြေအနေတွင် ခွဲစိတ်၍ မွေးဖွားခြင်းပြုလုပ်ရမည်။ ကျွမ်းကျင်သော တိရစ္ဆာန်ဆရာဝန်ဖြင့် ဆောင်ရွက်သင့်သည်။ နွားကလေးကို အချိန်မီ ခွဲမွေးပေးပြီး မိခင်နွားမကြီးကို ကောင်းစွာပြုစုပါက ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည် ကောင်းမွန်လာပါမည်။ သို့သော် ထိုသို့ခွဲစိတ်ခြင်းမှာ အန္တရာယ်အနည်းငယ်ရှိသောကြောင့် တတ်နိုင်သမျှ သမရိုးကျနည်းဖြင့်မွေးဖွားနိုင်အောင် ကူညီဆောင်ရွက်ပေးရမည်။ မွေးဖွားချိန်အတန်ကြာသည့်တိုင် မမွေးနိုင်ပါက နွားကလေးမှာ အတွင်း၌သေဆုံးနိုင်သည်။ နွားမ၏သားအိမ်အတွင်းမှ ထိုနွားသေကလေးမပုပ်မီ တတ်နိုင်သမျှ အပြင်သို့ထုတ်ရမည်။ ဆရာဝန်ဖြင့် ဆွေးနွေးဆောင်ရွက်သင့်သည်။

    နွားကလေးသည် မိခင်ဝမ်းဗိုက်အတွင်းရှိစဉ် ချက်ကြိုးမှတဆင့် လေ၊ ရေနှင့် အာဟာရဓာတ်များရရှိနေသောကြောင့် ကောင်းစွာကြီးထွားရှင်သန်နေသည်။ မိခင်ဝမ်းမှ ထွက်လာချိန်တွင် ချက်ကြိုးဖြတ်ပြီးနောက် လေရရှိမှုမရှိတော့ပေ။ ဆက်လက်အသက်ရှင်နိုင်ရန်အတွက် ၎င်းကိုယ်တိုင် လျင်မြန်စွာအသက်ရှုနိုင်ဖို့ လွန်စွာအရေးကြီးပါသည်။ ပုံမှန်အားဖြင့် မွေးဖွားစအရွယ်နွားကလေးရဲ့ နှာခေါင်းတွင်းတွင် အချွဲများရှိနေသည်။ ထို့ကြောင့် နှာခေါင်းအတွင်းသို့ မြက်ကဲ့သို့သောအရာဖြင့်တို့၍ နှာချေအောင်ပြုလုပ်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းအတွင်းရှိ အချွဲများထွက်လာပြီး ကောင်းကောင်း အသက်ရှုနိုင်မည်ဖြစ်သည်။ သားမွေးခြင်းအခက်အခဲမရှိစေရန်နှင့် အခက်အခဲဖြစ်လာပါက နွားကလေးကို အနေထားမှန်အောင်ပြုလုပ်ပြီး ဆွဲထုတ်ခြင်းဖြင့် မွေးဖွားရ လွယ်ကူအောင် ဆောင်ရွက်ပေးနိုင်သည်။

    သားဖွားရခက်ခဲခြင်း အဓိကအကြောင်းရင်းများမှာ နွားမများ မွေးခါနီးကာလတွင် အစာများများကျွေးခြင်းကြောင့် နွားကလေးခန္ဓာကိုယ် ပုံမှန်ထက် ကြီးထွားလာ သောကြောင့် ဖြစ်သည်။ ခြံရှိနွားမများရဲ့ (၅%) ကျော် သားဖွားရခက်ခဲခြင်း ကြုံတွေ့လာပါ မိမိ၏နွားမများ မွေးခါနီးတွင် အလွန်ဝနေသောကြောင့်ဖြစ်သည်။ အခြားမျိုးပွားခြင်းဆိုင်ရာ ပြဿနာများကြောင့်လည်းဖြစ်နိုင်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်